Property Expo
×

ခ်စ္သူရဲ႕ သစၥာရွိမႈကို တိက်က်သိခ်င္တဲ့ မိန္းကေလးတစ္ဦးဟာ အျပာကားသ႐ုပ္ေဆာင္ အမ်ိဳးသမီးတစ္ဦးကို ငွားရမ္းၿပီး စမ္းသပ္ခဲ့ေပမယ့္ ေနာင္တရစရာ ျဖစ္ရပ္ ျဖစ္လာခဲ့ပါတယ္။

အျပာမင္းသမီးကို သူမရဲ႕ ခ်စ္သူနဲ႔ လမ္းမွာ မထင္မွတ္ပဲေတြ႔ဆံုဟန္ ျဖစ္ေအာင္ဖန္တီးခဲ့တာျဖစ္ၿပီး မိန္းကေလးဘက္က စတင္ရင္းႏွီးဖို႔ ႀကိဳးစားေစခဲ့တာပါ။ အစပုိင္းမွာ သူမရဲ႕ခ်စ္သူက အျပာမင္းသမီးႏႈတ္ဆက္တာကို မသိခ်င္ေယာင္ေဆာင္ခဲ့ေပမယ့္ ဒုတိယတစ္ေခါက္မွာေတာ့ ျပန္ႏႈတ္ဆက္ၿပီး လုိအပ္တဲ့ အကူအညီကို ေပးခဲ့တာျဖစ္ပါတယ္။

အျပာမင္းသမီးက ရွင့္မွာ ရည္းစားရွိလားလို႔ ေမးတဲ့အခါ အဆိုပါအမ်ိဳးသားက ရွိေၾကာင္းျပန္လည္ေျဖၾကားခဲ့တာပါ။  သူတို႔ႏွစ္ဦးဟာ အဲဒီအခိုက္အတန္႔မွာ ရင္းႏွီးသြားခဲ့တဲ့အျပင္ အျပာမင္းသမီးက ဖုန္းနံပတ္ေတာင္းတာကိုပါ ေပးမိလိုက္ပါတယ္။

ဒီျမင္ကြင္ကို ႐ိုက္ကူးထားတဲ့ ဗီဒီယုိကို တစ္ေနရာကေန ၾကည့္႐ႈေနခဲ့တဲ့ အမ်ိဳးသမီးဟာ ေနာက္ဆံုးမွာ သူ႔ရဲ႕ခ်စ္သူကိုေတာ့ ဒီေလာက္နဲ႔ လက္မလႊတ္ဘူးလို႔ ဝန္ခံခဲ့ပါတယ္။ ဒါေပမယ့္ဖုန္းနံပတ္ ေပးလိုက္တာကိုေတာ့ မေက်နပ္ဘူးလို႔ဆိုပါတယ္။ ခဏၾကာတဲ့အခါ သူ႔ရဲ႕ခ်စ္သူ အမ်ိဳးသားကို ဖုန္းဆက္ၿပီး ဒီအမ်ိဳးသမီးဟာ သူမငွားရမ္းခဲ့တာျဖစ္ေၾကာင္းေျပာတဲ့အခါမွာေတာ့ မေမွ်ာ္လင့္ထားတာ ျဖစ္လာခဲ့ပါတယ္။

အျဖစ္မွန္ကို သိသြားတဲ့အမ်ိဳးသားဟာ သူ႔ရဲ႕ခ်စ္သူကို စိတ္ဆိုးၿပီး သမီးရည္းစားဇာတ္လမ္းကို ျပတ္ဆဲၿပီျဖစ္ေၾကာင္း ဖုန္းထဲကေနပဲ ေျပာၾကားလိုက္တာပါ။ သစၥာရွိမႈကို စမ္းသပ္ရာက ေနာင္တရစရာ ျဖစ္လာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ချစ်သူရဲ့ သစ္စာရှိမှုကို တိကျကျသိချင်တဲ့ မိန်းကလေးတစ်ဦးဟာ အပြာကားသရုပ်ဆောင် အမျိုးသမီးတစ်ဦးကို ငှားရမ်းပြီး စမ်းသပ်ခဲ့ပေမယ့် နောင်တရစရာ ဖြစ်ရပ် ဖြစ်လာခဲ့ပါတယ်။

အပြာမင်းသမီးကို သူမရဲ့ ချစ်သူနဲ့ လမ်းမှာ မထင်မှတ်ပဲတွေ့ဆုံဟန် ဖြစ်အောင်ဖန်တီးခဲ့တာဖြစ်ပြီး မိန်းကလေးဘက်က စတင်ရင်းနှီးဖို့ ကြိုးစားစေခဲ့တာပါ။ အစပိုင်းမှာ သူမရဲ့ချစ်သူက အပြာမင်းသမီးနှုတ်ဆက်တာကို မသိချင်ယောင်ဆောင်ခဲ့ပေမယ့် ဒုတိယတစ်ခေါက်မှာတော့ ပြန်နှုတ်ဆက်ပြီး လိုအပ်တဲ့ အကူအညီကို ပေးခဲ့တာဖြစ်ပါတယ်။

အပြာမင်းသမီးက ရှင့်မှာ ရည်းစားရှိလားလို့ မေးတဲ့အခါ အဆိုပါအမျိုးသားက ရှိကြောင်းပြန်လည်ဖြေကြားခဲ့တာပါ။  သူတို့နှစ်ဦးဟာ အဲဒီအခိုက်အတန့်မှာ ရင်းနှီးသွားခဲ့တဲ့အပြင် အပြာမင်းသမီးက ဖုန်းနံပတ်တောင်းတာကိုပါ ပေးမိလိုက်ပါတယ်။

ဒီမြင်ကွင်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို တစ်နေရာကနေ ကြည့်ရှုနေခဲ့တဲ့ အမျိုးသမီးဟာ နောက်ဆုံးမှာ သူ့ရဲ့ချစ်သူကိုတော့ ဒီလောက်နဲ့ လက်မလွှတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့်ဖုန်းနံပတ် ပေးလိုက်တာကိုတော့ မကျေနပ်ဘူးလို့ဆိုပါတယ်။ ခဏကြာတဲ့အခါ သူ့ရဲ့ချစ်သူ အမျိုးသားကို ဖုန်းဆက်ပြီး ဒီအမျိုးသမီးဟာ သူမငှားရမ်းခဲ့တာဖြစ်ကြောင်းပြောတဲ့အခါမှာတော့ မမျှော်လင့်ထားတာ ဖြစ်လာခဲ့ပါတယ်။

အဖြစ်မှန်ကို သိသွားတဲ့အမျိုးသားဟာ သူ့ရဲ့ချစ်သူကို စိတ်ဆိုးပြီး သမီးရည်းစားဇာတ်လမ်းကို ပြတ်ဆဲပြီဖြစ်ကြောင်း ဖုန်းထဲကနေပဲ ပြောကြားလိုက်တာပါ။ သစ္စာရှိမှုကို စမ်းသပ်ရာက နောင်တရစရာ ဖြစ်လာခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top