Property Expo
×

ခပ္သြက္သြက္လမ္းေလွ်ာက္တာဟာ အေႏွးေျပးတာထက္စာရင္ ေသြးထဲမွာရွိတဲ့ သၾကားပမာဏကုိ ပုိမုိထိန္းခ်ဳပ္ေပးႏုိင္ၿပီး ဆီးခ်ဳိေရာဂါျဖစ္ပြားမႈကုိ ေလ်ာ့က်ေစတယ္လုိ႔ ေလ့လာခ်က္အသစ္တစ္ရပ္ အရသိရပါတယ္။

လူေတြရဲ႕ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈႏႈန္းျမင့္မားလာျခင္းအတြက္ အႀကိဳလကၡဏာေတြအေနနဲ႔ ေသြးထဲမွာ သၾကားဓာတ္ပမာဏ မ်ားျပားလာတာနဲ႔ လူေတြရဲ႕ ခႏၶာကုိယ္အေလးခ်ိန္က်ဆင္းမႈကုိ ကာကြယ္တာ အစားေရွာင္တာနဲ႔ ေလ့က်င့္ခန္းလုပ္တာေတြကုိ ျပဳလုပ္ၿပီး ထိန္းညွိထားႏုိင္တယ္လုိ႔ ဆုိပါတယ္။

“ကၽြန္ေတာ္တုိ႔အေနနဲ႔ လူေနထုိင္မႈပံုစံ ေျပာင္းလဲလာတာကုိ သိပါတယ္။ ဒါေပမယ့္ ေဖာ္ျပဖုိ႔အတြက္ ခက္ခဲပါတယ္” လုိ႔ ေဒါက္တာ William Kraus ကဆုိပါတယ္။

ဒီေလ့လာမႈမွာ ဆီးခ်ိဳေရာဂါျဖစ္ပြားစျပဳေနတဲ့ လူ ၁၅၀ကုိ အုပ္စုေလးစုခဲြၿပီး တစ္စုကုိ အဆီေလ်ာ့၊ ကယ္လုိရီေလ်ာ့တဲ့ အစားေရွင္တဲ့နည္းအျပင္ ေလ့က်င့္ခန္းအေနနဲ႔ တစ္ပတ္ကုိ ၇.၅မုိင္ လမ္းခပ္သြက္သြက္ေလွ်ာက္ေစခဲ့တာပါ။

ေနာက္အုပ္စုေတြထဲက တစ္ခုကုိ သာမန္ထက္ေလွ်ာ့တဲ့ပံုစံနဲ႔ တစ္ပတ္ကုိ ၇.၅မုိင္လမ္းခပ္သြက္သြက္ ေလွ်ာက္ခုိင္းခဲ့ပါတယ္။ ေနာက္တစ္စုကုိေတာ့ ျမင့္မားတဲ့ပမာဏနဲ႔ တစ္ပတ္ကုိ ၁၁.၅မုိင္အထိ လမ္းေလွ်ာက္ခုိင္းၿပီး ေနာက္ဆံုးတစ္စုကိုေတာ့ ျမင့္မားတဲ့ပမာဏနဲ႔ တစ္ပတ္ကုိ ၁၁.၅မုိင္အထိ ခပ္ေႏွးေႏွးေလွ်ာက္ေစခဲ့တာပါ။

ေျခာက္လေလာက္အၾကာမွာေတာ့ လူနာေတြထဲက အစားေရွာင္တဲ့အျပင္ တစ္ပတ္ကုိ ၇.၅မုိင္အထိ လမ္းေလွ်ာက္ခဲ့တဲ့ ပထမအုပ္စုဟာ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈႏႈန္း ၉ရာခုိင္ႏႈန္းအထိ ေလ်ာ့က်သြားၿပီး၊ ဒုတိယအုပ္စုကေတာ့ ၇ရာခုိင္ႏႈန္း၊ တတိယအုပ္စုကေတာ့ ၅ရာခုိင္ႏႈန္းနဲဲ႔ ေနာက္ဆံုးအုပ္စုကေတာ့ ၂ရာခုိင္ႏႈန္းသာေလ်ာ့က်သြားခဲ့တာကုိ ေတြ႔ခဲ့ရတာျဖစ္ပါတယ္။

ျမင့္မားတဲ့ပံုစံနဲ႔ေလ့က်င့္ခန္းလုပ္တာဟာ အဆီထက္စာရင္ ဂလူးကုိ႔စ္ကုိ ပုိမုိေလာင္ကၽြမ္းသြားေစၿပီး သာမန္အတုိင္းလႈပ္ရွားတဲ့ ပံုစံကေတာ့ ဂလူးကုိ႔စ္ထက္စာလုိ႔ရွိရင္ အဆီကုိသာပိုမုိေလာင္ကၽြမ္းေစတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version


ခပ်သွက်သွက်လမ်းလျှောက်တာဟာ အနှေးပြေးတာထက်စာရင် သွေးထဲမှာရှိတဲ့ သကြားပမာဏကို ပိုမိုထိန်းချုပ်ပေးနိုင်ပြီး ဆီးချိုရောဂါဖြစ်ပွားမှုကို လျော့ကျစေတယ်လို့ လေ့လာချက်အသစ်တစ်ရပ် အရသိရပါတယ်။

လူတွေရဲ့ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းမြင့်မားလာခြင်းအတွက် အကြိုလက္ခဏာတွေအနေနဲ့ သွေးထဲမှာ သကြားဓာတ်ပမာဏ များပြားလာတာနဲ့ လူတွေရဲ့ ခန္ဓာကိုယ်အလေးချိန်ကျဆင်းမှုကို ကာကွယ်တာ အစားရှောင်တာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေကို ပြုလုပ်ပြီး ထိန်းညှိထားနိုင်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ လူနေထိုင်မှုပုံစံ ပြောင်းလဲလာတာကို သိပါတယ်။ ဒါပေမယ့် ဖော်ပြဖို့အတွက် ခက်ခဲပါတယ်” လို့ ဒေါက်တာ William Kraus ကဆိုပါတယ်။

ဒီလေ့လာမှုမှာ ဆီးချိုရောဂါဖြစ်ပွားစပြုနေတဲ့ လူ ၁၅၀ကို အုပ်စုလေးစုခွဲပြီး တစ်စုကို အဆီလျော့၊ ကယ်လိုရီလျော့တဲ့ အစားရှေင်တဲ့နည်းအပြင် လေ့ကျင့်ခန်းအနေနဲ့ တစ်ပတ်ကို ၇.၅မိုင် လမ်းခပ်သွက်သွက်လျှောက်စေခဲ့တာပါ။

နောက်အုပ်စုတွေထဲက တစ်ခုကို သာမန်ထက်လျှော့တဲ့ပုံစံနဲ့ တစ်ပတ်ကို ၇.၅မိုင်လမ်းခပ်သွက်သွက် လျှောက်ခိုင်းခဲ့ပါတယ်။ နောက်တစ်စုကိုတော့ မြင့်မားတဲ့ပမာဏနဲ့ တစ်ပတ်ကို ၁၁.၅မိုင်အထိ လမ်းလျှောက်ခိုင်းပြီး နောက်ဆုံးတစ်စုကိုတော့ မြင့်မားတဲ့ပမာဏနဲ့ တစ်ပတ်ကို ၁၁.၅မိုင်အထိ ခပ်နှေးနှေးလျှောက်စေခဲ့တာပါ။

ခြောက်လလောက်အကြာမှာတော့ လူနာတွေထဲက အစားရှောင်တဲ့အပြင် တစ်ပတ်ကို ၇.၅မိုင်အထိ လမ်းလျှောက်ခဲ့တဲ့ ပထမအုပ်စုဟာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း ၉ရာခိုင်နှုန်းအထိ လျော့ကျသွားပြီး၊ ဒုတိယအုပ်စုကတော့ ၇ရာခိုင်နှုန်း၊ တတိယအုပ်စုကတော့ ၅ရာခိုင်နှုန်းနဲ့ နောက်ဆုံးအုပ်စုကတော့ ၂ရာခိုင်နှုန်းသာလျော့ကျသွားခဲ့တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

မြင့်မားတဲ့ပုံစံနဲ့လေ့ကျင့်ခန်းလုပ်တာဟာ အဆီထက်စာရင် ဂလူးကို့စ်ကို ပိုမိုလောင်ကျွမ်းသွားစေပြီး သာမန်အတိုင်းလှုပ်ရှားတဲ့ ပုံစံကတော့ ဂလူးကို့စ်ထက်စာလို့ရှိရင် အဆီကိုသာပိုမိုလောင်ကျွမ်းစေတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top