Property Expo
×

( အြန္လိုင္းကေနေလွ်ာက္ရတဲ့ အေမရိကန္ DV ကံစမ္းမဲ ပံုစံကို ေတြ႔ရစဥ္ ) Photo: www.dvlottery.state.gov/application.aspx

အေမရိကန္ျပည္ေထာင္စုမွာ လာေရာက္အေျခခ်ေနထုိင္လုိတဲ့ ျမန္မာႏုိင္ငံသားေတြအေနနဲ႔ ၂ဝ၁၈ ခုႏွစ္အတြက္ Diversity Visa Program (DV-2018) ကုိ ေအာက္တုိဘာ ၄ ရက္ကစျပီး ေလွ်ာက္ထားႏုိင္ပါၿပီ။

ေလွ်ာက္ထားသူေတြကုိ ကြန္ျပဴတာစနစ္နဲ႔ ေရြးခ်ယ္တဲ့ အဲဒီ ကံစမ္းမဲ အစီအစဥ္ကုိ Green Card ထီလုိ႔လည္း အလြယ္တကူေခၚဆုိၾကပါတယ္။ ေလွ်ာက္ထားလုိသူေတြအေနနဲ႔ အေမရိကန္အစုိးရ အင္တာနက္ စာမ်က္ႏွာတခုျဖစ္တဲ့ dvlottery.state.gov ကုိသြားၿပီး ႏုိဝဘၤာ ၇ ရက္ေန႔အထိ ေလွ်ာက္ထားႏုိင္ပါတယ္။ online ကေနပဲ ေလွ်ာက္ထားရမွာျဖစ္ျပီး တႏွစ္ကုိ တႀကိမ္ထက္ပိုၿပီးေလွ်ာက္သူေတြကုိ လက္ခံမွာမဟုတ္ပါဘူး။

အဲဒီလုိ လာေရာက္ေနထုိင္လုိသူေတြဟာ ျမန္မာႏုိင္ငံမွာ ေမြးဖြားသူျဖစ္ရမယ့္အျပင္ အေျခခံပညာ ၁ဝ တန္းေအာင္ျမင္သူေတြ သုိ႔မဟုတ္ ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း ကြ်မ္းက်င္မႈပါတဲ့လုပ္ငန္းတခုခုမွာ အနည္းဆုံး ၂ ႏွစ္ လုပ္ကုိင္ဖူးသူျဖစ္ဖုိ႔လုိပါတယ္။ အေသးစိပ္ကုိ ရန္ကုန္ၿမဳိ႕က အေမရိကန္သံရုံးစာမ်က္ႏွာ https://burma.usembassy.gov/diversity-visa.html မွာလည္း ၾကည့္ရွဳႏိုင္ပါတယ္။

အေမရိကန္ျပည္ေထာင္စုကုိ ကမာၻတလႊားက လာေရာက္ၿပီး ဘဝသစ္ထူေထာင္လုိသူေတြ တုိင္းျပည္အလိုက္ အခ်ဳိးက်က်ျဖစ္ေအာင္ ရည္ရြယ္တဲ့ အဲဒီကံစမ္းမဲ အစီအစဥ္ဟာ အခမဲ့ျဖစ္ေပမယ့္ မသမာသူေတြက နည္းမ်ဳိးစုံနဲ႔ ေငြေၾကးလိမ္လည္ရယူမွဳေတြ အႀကီးအက်ယ္ ျဖစ္ေပၚေနပါတယ္။ ေလ်ာက္ထားမႈအတြက္ ေငြေၾကးလုံးဝေပးဖုိ႔မလုိပါ။ ကြန္ျပဴတာက ေရြးခ်ယ္ခံရၿပီးခ်ိန္မွာေတာ့ မဲေပါက္သူေတြအေနနဲ႔ လုိအပ္တဲ့ ဝင္ေၾကးေငြကုိ သက္ဆုိင္ရာ အေမရိကန္သံရုံး သုိ႔မဟုတ္ ေကာင္စစ္ဝန္ရုံးေတြမွာ တုိက္ရုိက္ေပးသြင္းရမွာျဖစ္ပါတယ္။ အေမရိကန္အစုိးရက တျခားနည္းနဲ႔ ေတာင္းခံမွာ မဟုတ္သလုိ ေပးလုိ႔လည္းရမွာ မဟုတ္ပါဘူး။

အခုႏွစ္ DV အစီအစဥ္နဲ႔ ပတ္သက္ၿပီး ရွင္းလင္းေျပာၾကားပြဲေတြကုိ ရန္ကုန္ နဲ႔ မႏၱေလးျမိဳ႕ေတြမွာ ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္သံရုံးက ေအာက္တုိဘာ ၇၊ ၁၁၊ ၁၃ နဲ႔ ၁၄ ရက္ေန႔ေတြမွာ ျပဳလုပ္ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:RFA Burmese

#Unicode Version
( အွန်လိုင်းကနေလျှောက်ရတဲ့ အမေရိကန် DV ကံစမ်းမဲ ပုံစံကို တွေ့ရစဉ် ) Photo: www.dvlottery.state.gov/application.aspx


အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချနေထိုင်လိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ၂ဝ၁၈ ခုနှစ်အတွက် Diversity Visa Program (DV-2018) ကို အောက်တိုဘာ ၄ ရက်ကစပြီး လျှောက်ထားနိုင်ပါပြီ။

လျှောက်ထားသူတွေကို ကွန်ပြူတာစနစ်နဲ့ ရွေးချယ်တဲ့ အဲဒီ ကံစမ်းမဲ အစီအစဉ်ကို Green Card ထီလို့လည်း အလွယ်တကူခေါ်ဆိုကြပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ အမေရိကန်အစိုးရ အင်တာနက် စာမျက်နှာတခုဖြစ်တဲ့ dvlottery.state.gov ကိုသွားပြီး နိုဝင်္ဘာ ၇ ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။ online ကနေပဲ လျှောက်ထားရမှာဖြစ်ပြီး တနှစ်ကို တကြိမ်ထက်ပိုပြီးလျှောက်သူတွေကို လက်ခံမှာမဟုတ်ပါဘူး။

အဲဒီလို လာရောက်နေထိုင်လိုသူတွေဟာ မြန်မာနိုင်ငံမှာ မွေးဖွားသူဖြစ်ရမယ့်အပြင် အခြေခံပညာ ၁ဝ တန်းအောင်မြင်သူတွေ သို့မဟုတ် ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကျွမ်းကျင်မှုပါတဲ့လုပ်ငန်းတခုခုမှာ အနည်းဆုံး ၂ နှစ် လုပ်ကိုင်ဖူးသူဖြစ်ဖို့လိုပါတယ်။ အသေးစိပ်ကို ရန်ကုန်မြို့က အမေရိကန်သံရုံးစာမျက်နှာ https://burma.usembassy.gov/diversity-visa.html မှာလည်း ကြည့်ရှုနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ကမ္ဘာတလွှားက လာရောက်ပြီး ဘဝသစ်ထူထောင်လိုသူတွေ တိုင်းပြည်အလိုက် အချိုးကျကျဖြစ်အောင် ရည်ရွယ်တဲ့ အဲဒီကံစမ်းမဲ အစီအစဉ်ဟာ အခမဲ့ဖြစ်ပေမယ့် မသမာသူတွေက နည်းမျိုးစုံနဲ့ ငွေကြေးလိမ်လည်ရယူမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေပါတယ်။ လျောက်ထားမှုအတွက် ငွေကြေးလုံးဝပေးဖို့မလိုပါ။ ကွန်ပြူတာက ရွေးချယ်ခံရပြီးချိန်မှာတော့ မဲပေါက်သူတွေအနေနဲ့ လိုအပ်တဲ့ ဝင်ကြေးငွေကို သက်ဆိုင်ရာ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးတွေမှာ တိုက်ရိုက်ပေးသွင်းရမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရက တခြားနည်းနဲ့ တောင်းခံမှာ မဟုတ်သလို ပေးလို့လည်းရမှာ မဟုတ်ပါဘူး။

အခုနှစ် DV အစီအစဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားပွဲတွေကို ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အောက်တိုဘာ ၇၊ ၁၁၊ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ ပြုလုပ်ပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:RFA Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top