Property Expo
×

ေျခဖ်ားေတြေအးတယ္ဆုိ တာဟာ ေျခေထာက္ေတြဆီကို ေအာက္ဆီဂ်င္နဲ႔ ေသြးေကာင္း ေကာင္းမေရာက္တဲ့အတြက္ ျဖစ္ ေလ့ရွိတဲ့ျပႆနာတစ္ခုပါ။ ဒီလို သာမန္ျပႆနာေလးလုိ႔ဆုိေပ မယ့္လည္း ေသြးအားနည္းေရာဂါ၊ နာတာရွည္ပင္ပန္းႏြမ္းနယ္မႈ၊ အာ႐ံုေၾကာထိခိုက္မႈ၊ ဆီးခ်ိဳေရာဂါနဲ႔ ကိုယ္အ ပူရွိန္အလြန္အမင္းက်ဆင္းမႈ စတာေတြရဲ႕လကၡဏာဆုိ တာလည္း သိထားသင့္ပါတယ္။ ဒါ ေၾကာင့္မို႔ ေျခဖ်ားေတြေအးလာ ရင္ သက္သာေအာင္လုပ္ႏုိင္တဲ့ နည္းလမ္းတခ်ိဳ႕ကို ေဖာ္ျပေပး လိုက္ပါတယ္။

သံလြင္ဆီ၊ အုန္းဆီ၊ ႏွမ္းဆီ တစ္မ်ိဳးမ်ိဳးကို ေႏြးသြားေအာင္ အပူေလးေပးၿပီး ေျခဖဝါးကိုလိမ္း ၿပီး ႏွိပ္နယ္ေပးတာမ်ိဳး အိပ္ရာ မဝင္ခင္မွာ ေန႔စဥ္လုပ္ေဆာင္ႏုိင္ ပါတယ္။

ေနာက္တစ္နည္းကေတာ့ ေရေႏြးစိမ္တာျဖစ္ၿပီး ဇလံုႏွစ္လံုး ထဲမွာ ေရေအး၊ ေရခပ္ေႏြးေႏြး တစ္မ်ိဳးစီထည့္ကာ တစ္လွည့္စီ ၁၀ မိနစ္ေလာက္ စိမ္ေနတုန္းမွာ ေျခခ်င္းဝတ္လွည့္ ေလ့က်င့္ခန္း လုပ္ေပးႏုိင္ပါတယ္။ ဒါတင္မက ေရေႏြးထဲကို ဆားထည့္ၿပီးေတာ့ လည္း စိမ္လို႔ရသလို ခ်င္းျပဳတ္ ရည္နဲ႔စိမ္တာမ်ိဳးလည္း လုပ္ႏုိင္ပါ တယ္။ ခ်င္းကိုေရေႏြးနဲ႔က်ဳိ၊ ပ်ား ရည္အနည္းငယ္ခတ္ၿပီး ေသာက္ ေပးျခင္းျဖင့္ အေႏြးဓာတ္ယူႏုိင္ပါ တယ္။

ေခါင္းအစေျခအဆံုး ေသြး လည္ပတ္မႈေကာင္းေအာင္ ကူညီ ေပးႏုိင္တဲ့ ေနာက္တစ္ခုကေတာ့ လက္ဖက္စိမ္းပါ။ ဂရင္းတီးထဲကို ပ်ားရည္ေလးနည္းနည္းထည့္ၿပီး ေသာက္လုိ႔ရသလို အသင့္ေသာက္ဂရင္းတီးအိတ္ငယ္ ေလးအိတ္ ေလာက္ကို ေရေႏြးအိုးႀကီးထဲမွာ ပြက္ပြက္ဆူေအာင္ႀကိဳၿပီး ေႏြး သြားတဲ့အခါမွာ ေျခေထာက္စိမ္ ေပးႏုိင္ပါတယ္။

င႐ုတ္သီးမႈန္႔ကို ေျခအိတ္ခပ္ထူထူထဲထည့္ၿပီး ေျခေထာက္ကို စြပ္ကာ ႏွိပ္နယ္မယ္ဆုိရင္လည္း ေျခေထာက္ကို အလ်င္အျမန္ေႏြး သြားေစမွာပါ။ ေနာက္တစ္ခုက မနက္ေစာေစာမွာ ေျခဗလာနဲ႔ ျမက္ခင္းေပၚလမ္းေလွ်ာက္ေပး တာကလည္း ေျခေထာက္ေသြး လည္ပတ္မႈေကာင္းၿပီး ေျခ ေထာက္ႂကြက္သားေတြ၊ ေျခခ်င္း ဝတ္ေတြသန္မာဖို႔အတြက္ အ ေထာက္အကူျပဳပါတယ္။

ေျခေအးလက္ေအးျဖစ္တာ က သံဓာတ္ခ်ိဳ႕တဲ့မႈ၊ မဂၢနီဆီယမ္ ခ်ိဳ႕တဲ့မႈနဲ႔လည္း ဆက္စပ္ႏုိင္တာ ေၾကာင့္ သံဓာတ္၊ မဂၢနီဆီယမ္ ႂကြယ္ဝတဲ့အစားအစာေတြအျပင္ ဆရာဝန္နဲ႔ တုိင္ပင္ၿပီး ျဖည့္စြက္ ေဆးေတြေသာက္ေပးဖို႔ လိုအပ္ပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ခြေဖျားတွေအေးတယ်ဆို တာဟာ ခြေထောက်တွေဆီကို အောက်ဆီဂျင်နဲ့ သွေးကောင်း ကောင်းမရောက်တဲ့အတွက် ဖြစ် လေ့ရှိတဲ့ပြဿနာတစ်ခုပါ။ ဒီလို သာမန်ပြဿနာလေးလို့ဆိုပေ မယ့်လည်း သွေးအားနည်းရောဂါ၊ နာတာရှည်ပင်ပန်းနွမ်းနယ်မှု၊ အာရုံကြောထိခိုက်မှု၊ ဆီးချိုရောဂါနဲ့ ကိုယ်အ ပူရှိန်အလွန်အမင်းကျဆင်းမှု စတာတွေရဲ့လက္ခဏာဆို တာလည်း သိထားသင့်ပါတယ်။ ဒါ ကြောင့်မို့ ခြေဖျားတွေအေးလာ ရင် သက်သာအောင်လုပ်နိုင်တဲ့ နည်းလမ်းတချို့ကို ဖော်ပြပေး လိုက်ပါတယ်။

သံလွင်ဆီ၊ အုန်းဆီ၊ နှမ်းဆီ တစ်မျိုးမျိုးကို နွေးသွားအောင် အပူလေးပေးပြီး ခြေဖဝါးကိုလိမ်း ပြီး နှိပ်နယ်ပေးတာမျိုး အိပ်ရာ မဝင်ခင်မှာ နေ့စဉ်လုပ်ဆောင်နိုင် ပါတယ်။

နောက်တစ်နည်းကတော့ ရေနွေးစိမ်တာဖြစ်ပြီး ဇလုံနှစ်လုံး ထဲမှာ ရေအေး၊ ရေခပ်နွေးနွေး တစ်မျိုးစီထည့်ကာ တစ်လှည့်စီ ၁၀ မိနစ်လောက် စိမ်နေတုန်းမှာ ခြေချင်းဝတ်လှည့် လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။ ဒါတင်မက ရေနွေးထဲကို ဆားထည့်ပြီးတော့ လည်း စိမ်လို့ရသလို ချင်းပြုတ် ရည်နဲ့စိမ်တာမျိုးလည်း လုပ်နိုင်ပါ တယ်။ ချင်းကိုရေနွေးနဲ့ကျို၊ ပျား ရည်အနည်းငယ်ခတ်ပြီး သောက် ပေးခြင်းဖြင့် အနွေးဓာတ်ယူနိုင်ပါ တယ်။

ခေါင်းအစခြေအဆုံး သွေး လည်ပတ်မှုကောင်းအောင် ကူညီ ပေးနိုင်တဲ့ နောက်တစ်ခုကတော့ လက်ဖက်စိမ်းပါ။ ဂရင်းတီးထဲကို ပျားရည်လေးနည်းနည်းထည့်ပြီး သောက်လို့ရသလို အသင့်သောက်ဂရင်းတီးအိတ်ငယ် လေးအိတ် လောက်ကို ရေနွေးအိုးကြီးထဲမှာ ပွက်ပွက်ဆူအောင်ကြိုပြီး နွေး သွားတဲ့အခါမှာ ခြေထောက်စိမ် ပေးနိုင်ပါတယ်။

ငရုတ်သီးမှုန့်ကို ခြေအိတ်ခပ်ထူထူထဲထည့်ပြီး ခြေထောက်ကို စွပ်ကာ နှိပ်နယ်မယ်ဆိုရင်လည်း ခြေထောက်ကို အလျင်အမြန်နွေး သွားစေမှာပါ။ နောက်တစ်ခုက မနက်စောစောမှာ ခြေဗလာနဲ့ မြက်ခင်းပေါ်လမ်းလျှောက်ပေး တာကလည်း ခြေထောက်သွေး လည်ပတ်မှုကောင်းပြီး ခြေ ထောက်ကြွက်သားတွေ၊ ခြေချင်း ဝတ်တွေသန်မာဖို့အတွက် အ ထောက်အကူပြုပါတယ်။

ခြေအေးလက်အေးဖြစ်တာ က သံဓာတ်ချို့တဲ့မှု၊ မဂ္ဂနီဆီယမ် ချို့တဲ့မှုနဲ့လည်း ဆက်စပ်နိုင်တာ ကြောင့် သံဓာတ်၊ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့အစားအစာတွေအပြင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြည့်စွက် ဆေးတွေသောက်ပေးဖို့ လိုအပ်ပါ တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top