Property Expo
×

 အိုင္အက္စ္အဖဲြ႕က ၎ တို႔လက္ခ်က္ဟု ေျပာေသာ ဆီးရီး ယား-တူရကီ နယ္စပ္၀င္ေပါက္ ဗံုးခဲြမႈတြင္ အနည္းဆံုးလူ ၂၅ ဦး ေသဆံုးခဲ့ၿပီး ေသဆံုးသူအမ်ားစု သည္ ႏိုင္ငံျခားက ေထာက္ခံေသာ ဆီးရီးယားသူပုန္မ်ားျဖစ္သည္ဟု မ်က္ျမင္သက္ေသမ်ားက ေျပာ ၾကားသည္။


ယင္းတြင္ အျခားလူအမ်ား အျပားလည္း ဒဏ္ရာရရွိခဲ့သည္။

ၿဗိတိန္အေျခစိုက္ လူ႔အခြင့္ အေရးေစာင့္ၾကည့္အဖဲြ႕ကမူ ေသ ဆံုးသူစာရင္း ၂၁ ဦး ရွိသည္ဟု ထုတ္ျပန္သည္။

ယခုတိုက္ခိုက္မႈတြင္ တူရ ကီစစ္ဘက္၏ အကူအညီျဖင့္ ယင္းနယ္စပ္၀င္ေပါက္မွ ပို၍ ေျမာက္ပိုင္းက်ေသာေနရာ၌ အိုင္ အက္စ္မ်ားကို တိုက္ပဲြ၀င္ေနသည့္ သူပုန္မ်ားအေပၚ ပစ္မွတ္ထား ျခင္းျဖစ္သည္ဟု မ်က္ျမင္သက္ ေသမ်ားႏွင့္ လူ႔အခြင့္အေရး ေစာင့္ၾကည့္အဖဲြ႕က ေျပာၾကား သည္။

ေသဆံုးသြားေသာ သူပုန္အ မ်ားစုသည္ တူရကီ၏ ထိုးစစ္တြင္ ပါ၀င္တုိက္ခိုက္ေနေသာ Failaq al- sham အုပ္စုမွျဖစ္သည္ဟု မ်က္ျမင္သက္ေသမ်ားက ေျပာ ၾကားသည္။

သူပုန္မ်ားသည္ အိုင္အက္စ္ စစ္ဆင္ေရးနယ္ေျမမ်ားသို႔ တူရ ကီမွတစ္ဆင့္ သြားေရာက္ရန္ အန္ ေဘးနယ္စပ္ဂိတ္ကို အသံုးျပဳၾက သျဖင့္ ယင္းဂိတ္အေပၚ ပစ္မွတ္ ထား ေဖာက္ခဲြခဲ့ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အိုင်အက်စ်အဖွဲ့က ၎င်း တို့လက်ချက်ဟု ပြောသော ဆီးရီး ယား-တူရကီ နယ်စပ်ဝင်ပေါက် ဗုံးခွဲမှုတွင် အနည်းဆုံးလူ ၂၅ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများစု သည် နိုင်ငံခြားက ထောက်ခံသော ဆီးရီးယားသူပုန်များဖြစ်သည်ဟု မျက်မြင်သက်သေများက ပြော ကြားသည်။


ယင်းတွင် အခြားလူအများ အပြားလည်း ဒဏ်ရာရရှိခဲ့သည်။

ဗြိတိန်အခြေစိုက် လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့ကမူ သေ ဆုံးသူစာရင်း ၂၁ ဦး ရှိသည်ဟု ထုတ်ပြန်သည်။

ယခုတိုက်ခိုက်မှုတွင် တူရ ကီစစ်ဘက်၏ အကူအညီဖြင့် ယင်းနယ်စပ်ဝင်ပေါက်မှ ပို၍ မြောက်ပိုင်းကျသောနေရာ၌ အိုင် အက်စ်များကို တိုက်ပွဲဝင်နေသည့် သူပုန်များအပေါ် ပစ်မှတ်ထား ခြင်းဖြစ်သည်ဟု မျက်မြင်သက် သေများနှင့် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြား သည်။

သေဆုံးသွားသော သူပုန်အ များစုသည် တူရကီ၏ ထိုးစစ်တွင် ပါဝင်တိုက်ခိုက်နေသော Failaq al- sham အုပ်စုမှဖြစ်သည်ဟု မျက်မြင်သက်သေများက ပြော ကြားသည်။

သူပုန်များသည် အိုင်အက်စ် စစ်ဆင်ရေးနယ်မြေများသို့ တူရ ကီမှတစ်ဆင့် သွားရောက်ရန် အန် ဘေးနယ်စပ်ဂိတ်ကို အသုံးပြုကြ သဖြင့် ယင်းဂိတ်အပေါ် ပစ်မှတ် ထား ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top