Property Expo
×




Credit : Duwun

#Unicode Version

တနင်္ဂနွေညက နယူးယော့ခ်မြို့ Meadows Festival မှာ သီဆိုဖျော်ဖြေနေတဲ့ ကာညေးဝက်စ်ဟာ ဇနီးသည်အရေးကြောင့် ရှိုးပွဲကို စောစောစီးစီးသိမ်းလိုက်ရပါတယ်။

ကင်မ်ကာဒါရှီယန်ဟာ လက်ရှိမှာ ပါရီမြို့ကိုရောက်နေတာဖြစ်ပြီး ဟိုတယ်အခန်းထဲမှာ သေနတ်နဲ့ထောက်ခံလိုက်ရတယ်လို့ သိရပါတယ်။ ရဲဝတ်စုံဝတ်ထားပြီး မျက်နှာဖုံးတပ်ထားသူနှစ်ဦးက ကင်မ်ရဲ့အခန်းထဲကိုရောက်လာခဲ့ကြတာပါ။ ကင်မ်က အလန့်တကြားဖြစ်ခဲ့ရပေမဲ့ ထိခိုက်ဒဏ်ရာရသွားတာမျိုးတော့ မရှိခဲ့ပါဘူး။

ကာညေးဟာ စင်ပေါ်ကို ည ၈ နာရီ ၄၅ မိနစ်မှာ ရောက်လာခဲ့ပြီး မူလက ည ၁၀ နာရီအထိ ဖျော်ဖြေဖို့ စီစဉ်ထားခဲ့ပေမဲ့ ကင်မ်ရဲ့သတင်းကြောင့် ၉ နာရီ ၄၀ မိနစ်အထိသာ ဖျော်ဖြေသွားပါတယ်။ Heratless သီချင်းကို ဆိုနေရင်း ဇနီးရဲ့အကြောင်းကို သိလိုက်ရလို့ သီချင်းတန်းလန်းနဲ့ပဲ ပရိသတ်ကိုတောင်းပန်ကာ စင်ပေါ်ကဆင်းသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top