Property Expo
×
Credit : Duwun
#Unicode Version
ဘရာဇီးနိုင်ငံ ဆာပေါလိုမြို့က အသက် ၁၅ နှစ်အရွယ် ကိုယ်ဝန်သည်တစ်ဦးဟာ ဗိုက်ပွင့်လျက်သားနဲ့ သေဆုံးနေတာကို တွေ့ရှိရပါတယ်။ သူမရဲ့ဗိုက်ထဲက မမွေးသေးတဲ့ သန္ဓေလောင်းကလည်း အထုတ်ခံထားရလို့ သေဆုံးနှင့်နေပါပြီ။
သေဆုံးသူရဲ့ အစ်မဖြစ်သူကတော့  တရားခံဟာ မီရီရန် စီကွီရာဆိုတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ အဆိုပါအမျိုးသမီးဟာ သူမမှာ ကိုယ်ဝန်မရှိဘဲနဲ့ ကိုယ်ဝန်ရှိတယ်လို့ မိသားစုနဲ့မိတ်ဆွေတွေကို လိမ်ညာထားခဲ့သူပါ။ သေဆုံးသူ ဗလစ်စီယာနဲ့ ဓာတ်ပုံစတူဒီယိုတစ်ခုမှာ ရင်းနှီးခဲ့ကြတယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာတော့ သူမမှာမရှိတဲ့ကိုယ်ဝန်ကို ရှိသယောင် လိမ်လည်မှု ပေါ်ပေါက်ပြီးတဲ့နောက် ဗလစ်စီယာကို အိမ်ခေါ်ပြီး သတ်ခဲ့တာဖြစ်ကြောင်း စီကွီရာရဲ့ခင်ပွန်းက ထွက်ဆိုထားပါတယ်။ လူသတ်ပြီးထွက်ပြေးနေတဲ့ စီကွီရာကို ရဲတွေက လိုက်လံရှာဖွေနေကြတုန်းပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top