Property Expo
×


အၿမဲဆိုသလို ေသာက္သံုးေလ့ရွိေသာ အခ်ိဳရည္မ်ားေၾကာင့္ ကယ္လိုရီပိုမ်ားလာျခင္းအေပၚ သတိထားရန္လိုအပ္သည္။


ကယ္လိုရီမ်ားေသာ အခ်ိဳရည္မ်ားပါဝင္သည့္ အစားအေသာက္စားသူမ်ားမွာ ေရႏွင့္အစားအစာတြဲစားသူမ်ားထက္ ပို၍ဝအီသြားတတ္သည္ဟု ေမွ်ာ္လင့္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

မိမိတုိ႔၏ ေလ့လာမႈမွာ ကယ္လိုရီမ်ားပါဝင္ေသာေဖ်ာ္ရည္မ်ား၏ အႏၲရာယ္ႏွင့္ပတ္သက္၍ က်ယ္ျပန္႔ေသာအေခ်အတင္ ေျပာဆိုမႈမ်ားအတြက္ အေရးႀကီးသည့္အေၾကာင္းအရာတစ္ခုျဖစ္သည္ဟု ဘရစၥတိုတကၠသိုလ္မွ ပါေမာကၡဂ်က္ဖ္ဘရြန္စထရြန္းက ေျပာသည္။ အစားအေသာက္၏ ဝအီေစေသာအက်ိဳးသက္ေရာက္မႈကို ခန္႔မွန္းတြက္ခ်က္ရာတြင္ လူအမ်ားက ကယ္လိုရီပါဝင္ေသာအခ်ိဳရည္မ်ား၏ ကယ္လိုရီမ်ားကို ထည့္တြက္၊ မတြက္သုေတသီမ်ားက ေလ့လာခဲ့သည္။

ကယ္လိုရီပါဝင္မႈမ်ားသည့္အခ်ိဳရည္မ်ားအတုိင္း တူညီေသာစြမ္း အင္ပါဝင္သည့္ အဆာေျပစားစရာတစ္ခု (သုိ႔မဟုတ္) ကယ္လိုရီမပါေသာ အခ်ိဳရည္တစ္မ်ိဳးမ်ိဳးပါဝင္သည့္ အစားအစာမ်ား၏ ေမွ်ာ္လင့္ထားေသာ ဝအီမႈကို ဆံုးျဖတ္ေပးသည့္ကြန္ပ်ဴတာအေျခခံစမ္းသပ္မႈမ်ားျဖင့္ လူအမ်ားကို ေလ့လာခဲ့ျခင္းျဖစ္သည္။

ေမွ်ာ္လင့္ထားေသာဝအီမႈအေပၚ ကာဗြန္ပါဝင္မႈကလည္း လႊမ္းမိုးမႈရွိေၾကာင္း သုေတသီမ်ားက ေလ့လာေတြ႕ရွိခဲ့သည္။ ကယ္လိုရီပါဝင္သည့္ အခ်ိဳရည္မ်ားႏွင့္တြဲစားေသာအစားအစာမ်ားမွာ သေရစာတစ္ခုႏွင့္တြဲစားေသာတူညီသည့္အစားအစာစားျခင္းထက္ ဝအီမႈေလ်ာ့နည္း မည္ဟု မွတ္ယူ၍မရေပ။

သို႔ေသာ္ သေရစာႏွင့္ ကယ္လိုရီပါဝင္သည့္ အခ်ိဳရည္ႏွစ္မ်ိဳးလံုးက ေမွ်ာ္လင့္ထားေသာ ဝအီမႈကို ပမာဏအနည္းငယ္ပိုမ်ားေစသည္။ ယင္းေလ့လာမႈကို ယခုသီတင္းပတ္အတြင္း အေမရိကန္ႏုိင္ငံဆီယက္တဲလ္ၿမိဳ႕တြင္က်င္းပမည့္ အစားအေသာက္ဆိုင္ရာ အေလ့အထေလ့လာေရးညီလာခံ (SSIB 2014)၌ တင္ျပေဆြးေႏြးရန္ စီစဥ္ထားေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အမြဲဆိုသလို သောက်သုံးလေ့ရှိသော အချိုရည်များကြောင့် ကယ်လိုရီပိုများလာခြင်းအပေါ် သတိထားရန်လိုအပ်သည်။


ကယ်လိုရီများသော အချိုရည်များပါဝင်သည့် အစားအသောက်စားသူများမှာ ရေနှင့်အစားအစာတွဲစားသူများထက် ပို၍ဝအီသွားတတ်သည်ဟု မျှော်လင့်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

မိမိတို့၏ လေ့လာမှုမှာ ကယ်လိုရီများပါဝင်သောဖျော်ရည်များ၏ အန္တရာယ်နှင့်ပတ်သက်၍ ကျယ်ပြန့်သောအချေအတင် ပြောဆိုမှုများအတွက် အရေးကြီးသည့်အကြောင်းအရာတစ်ခုဖြစ်သည်ဟု ဘရစ္စတိုတက္ကသိုလ်မှ ပါမောက္ခဂျက်ဖ်ဘရွန်စထရွန်းက ပြောသည်။ အစားအသောက်၏ ဝအီစေသောအကျိုးသက်ရောက်မှုကို ခန့်မှန်းတွက်ချက်ရာတွင် လူအများက ကယ်လိုရီပါဝင်သောအချိုရည်များ၏ ကယ်လိုရီများကို ထည့်တွက်၊ မတွက်သုတေသီများက လေ့လာခဲ့သည်။

ကယ်လိုရီပါဝင်မှုများသည့်အချိုရည်များအတိုင်း တူညီသောစွမ်း အင်ပါဝင်သည့် အဆာပြေစားစရာတစ်ခု (သို့မဟုတ်) ကယ်လိုရီမပါသော အချိုရည်တစ်မျိုးမျိုးပါဝင်သည့် အစားအစာများ၏ မျှော်လင့်ထားသော ဝအီမှုကို ဆုံးဖြတ်ပေးသည့်ကွန်ပျူတာအခြေခံစမ်းသပ်မှုများဖြင့် လူအများကို လေ့လာခဲ့ခြင်းဖြစ်သည်။

မျှော်လင့်ထားသောဝအီမှုအပေါ် ကာဗွန်ပါဝင်မှုကလည်း လွှမ်းမိုးမှုရှိကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။ ကယ်လိုရီပါဝင်သည့် အချိုရည်များနှင့်တွဲစားသောအစားအစာများမှာ သရေစာတစ်ခုနှင့်တွဲစားသောတူညီသည့်အစားအစာစားခြင်းထက် ဝအီမှုလျော့နည်း မည်ဟု မှတ်ယူ၍မရပေ။

သို့သော် သရေစာနှင့် ကယ်လိုရီပါဝင်သည့် အချိုရည်နှစ်မျိုးလုံးက မျှော်လင့်ထားသော ဝအီမှုကို ပမာဏအနည်းငယ်ပိုများစေသည်။ ယင်းလေ့လာမှုကို ယခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံဆီယက်တဲလ်မြို့တွင်ကျင်းပမည့် အစားအသောက်ဆိုင်ရာ အလေ့အထလေ့လာရေးညီလာခံ (SSIB 2014)၌ တင်ပြဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top