Kantharyar Centre
×





#Unicode Version

အမေရိကန်ပြည်ထောင်စုရဲ့ First Lady လို့ခေါ်တဲ့ အမေရိကန် သမ္မတအိုဘားမား ကတော် မီရှဲလ်ကို ဂေါ်ရီလာမျောက်ဝံ တစ် ကောင်နဲ့ ခိုင်းနှိုင်းပုတ်ခတ်တဲ့ အရေးအသားတွေကို ဆိုရှယ်နက် ဝက်စာမျက်နှာပေါ်မှာ ရေးသားလိုက်ခြင်းနဲ့ပတ်သက်ပြီးတော့ ဂျော် ဂျီယာအလယ်တန်း ကျောင်းဆရာမတစ်ဦးအလုပ်က ထုတ်ပယ် ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဂျော်ဂျီယာ၊ ဂိမ်းစ်ဗက်လင်းက ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ အ သက် ၂၇ နှစ်အရွယ် ဂျိမ်းဝုဒ်အယ်လန်ဆိုသူက သူမရဲ့ဖေ့ဘုတ်စာ မျက်နှာမှာ မီရှဲလ်အိုဘားမားရဲ့ ဓာတ်ပုံတစ်ပုံနဲ့ ရိုင်းစိုင်းပြီးကြမ်း တမ်းတဲ့ ဝေဖန်ပုတ်ခတ်သံ၊ လှောင်ပြောင်တဲ့အရေးအသားတွေ ရေးသားထားခဲ့ပါတယ်။

ဒီလိုမျိုး ဂေါ်ရီလာ မျောက်ဝံတစ်ကောင်နဲ့ မီရှဲလ်ကို ခိုင်းနှိုင်းရေး သားထားတဲ့ စိတ်ဆိုးစရာ အအတွက်ကြောင့် သူမကို ကျောင်းတာ ဝန်ရှိသူတွေက ကျောင်း ဆရာမအလုပ်ကနေ ထုတ်ပယ်ပစ်လိုက် တာပဲ ဖြစ်ပါတယ်။ ကျောင်းရဲ့တရားဝင်စာမျက်နှာမှာလည်း ယင်း ကဲ့သို့ လူမျိုးရေးခွဲခြားဝါဒ၊ အသားအရောင်ခွဲခြားခြင်း စသဖြင့်တွေ က လက်ခံနိုင်တဲ့ အကြောင်းအရာတွေမဟုတ်ကြောင်းနဲ့ ထိရောက်တဲ့အပြစ်ပေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ရေးသား ထားပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top