Property Expo
×

ပလိပ္ၿမိဳ႕တြင္ ဓားျပတိုက္မႈျဖစ္ပြား တရားခံအားလံုးကို ၂၄ နာရီအတြင္း ဖမ္းဆီးရမိ
မႏၲေလးတိုင္းေဒသႀကီး စဥ့္ကိုင္ၿမိဳ႕နယ္ ပလိပ္ၿမိဳ႕တြင္ ေအာက္တိုဘာလ ၁ ရက္ေန႔ ည ၉ နာရီအခ်ိန္ခန္႔က ဓားျပတိုက္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး တရားခံမ်ားကို ၂၄ နာရီအတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွဴးရံုးမွ သိရသည္ ။

ျဖစ္စဥ္မွာ စဥ္ကိုင္ၿမိဳ႕နယ္ ပလိပ္ - တံတားဦးကားလမ္းတြင္ တဘက္ဆြဲေက်းရြာမွ ထြန္းထြန္းေအာင္ (၁၈ႏွစ္) ႏွင့္ တရြာတည္းေန ႏိုင္စိုးေအာင္ (၁၆ႏွစ္) တို႔သည္ရြာသို႔ ဆိုင္ကယ္ျဖင့္ ျပန္အလာတြင္ ပန္ဒါခ်ည္မွ်င္ႏွင့္ အေခ်ာထည္စက္ရံုအနီး လူဆယ္ဦး မွ လက္သီးျဖင့္ ထိုးႀကိတ္ျခင္း ၊ လည္ပင္းညွစ္ျခင္းမ်ား ျပဳလုပ္၍ လက္နက္မ်ားျဖင့္ ၿခိမ္းေျခာက္၍ ဆိုင္ကယ္၊ လက္ကိုင္ဖုန္း နွင့္ ေရႊဆြဲႀကိဳးတို႔ကို ဓါးျပတိုက္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ဓါးျပတိုက္ခံရသူမ်ားက ေအာ္ဟစ္အကူအညီ ေတာင္းခဲ့သည့္အတြက္ ပလိပ္ၿမိဳ႕ခံ (၇) ဦး နွင့္ သံဃာ (၄) ပါးေရာက္လာၿပီး ဝိုင္းဝန္းဖမ္းဆီးခဲ့ရာ ဓားျပတိုက္သူမ်ားက ျပန္လည္ခုခံထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

"တရားခံေတြဘက္က ဆိုင္ကယ္တစ္စီးက်န္ေနခဲ့တာ ဒါကို သူတို႔ဘက္က လာယူတဲ့အခါမွာ ရဲတပ္ဖြဲ႔ နဲ႔ ေဒသခံေတြက ပူးေပါင္းၿပီး ဖမ္းစီးခဲ့ရတယ္ ။ ပထမဆံုး ၅ ေယာက္ပဲ မိခဲ့တယ္"ဟု နယ္ေျမခံရဲစခန္း (ပုလိပ္ၿမိဳ႕)မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ယင္းက်ဴးလြန္သူမ်ားသည္ ေနထိုင္ရာတူညီမႈမရွိသည့္ အတြက္ တစ္ဦးခ်င္းလိုက္လံဖမ္းစီးခဲ့ရာ ေအာက္တိုဘာလ ၂ ရက္ေန႔ ညေန ၅ နာရီခန္႔တြင္ က်န္ရွိေနသည့္ တရားခံ (၅) ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ယင္းသို႔ ဓါးျပမႈက်ဴးလြန္သူမ်ားကို ရာဇသတ္ႀကီးပုဒ္မ ၃၉၅/၃၂၅ ျဖင့္ ပလိပ္နယ္ေျမရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွဴးရံုးမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Central News Myanmar

#Unicode Version
ပလိပ်မြို့တွင် ဓားပြတိုက်မှုဖြစ်ပွား တရားခံအားလုံးကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်မြို့တွင် အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တရားခံများကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည် ။

ဖြစ်စဉ်မှာ စဉ်ကိုင်မြို့နယ် ပလိပ် - တံတားဦးကားလမ်းတွင် တဘက်ဆွဲကျေးရွာမှ ထွန်းထွန်းအောင် (၁၈နှစ်) နှင့် တရွာတည်းနေ နိုင်စိုးအောင် (၁၆နှစ်) တို့သည်ရွာသို့ ဆိုင်ကယ်ဖြင့် ပြန်အလာတွင် ပန်ဒါချည်မျှင်နှင့် အချောထည်စက်ရုံအနီး လူဆယ်ဦး မှ လက်သီးဖြင့် ထိုးကြိတ်ခြင်း ၊ လည်ပင်းညှစ်ခြင်းများ ပြုလုပ်၍ လက်နက်များဖြင့် ခြိမ်းခြောက်၍ ဆိုင်ကယ်၊ လက်ကိုင်ဖုန်း နှင့် ရွှေဆွဲကြိုးတို့ကို ဓါးပြတိုက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဓါးပြတိုက်ခံရသူများက အော်ဟစ်အကူအညီ တောင်းခဲ့သည့်အတွက် ပလိပ်မြို့ခံ (၇) ဦး နှင့် သံဃာ (၄) ပါးရောက်လာပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဓားပြတိုက်သူများက ပြန်လည်ခုခံထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

"တရားခံတွေဘက်က ဆိုင်ကယ်တစ်စီးကျန်နေခဲ့တာ ဒါကို သူတို့ဘက်က လာယူတဲ့အခါမှာ ရဲတပ်ဖွဲ့ နဲ့ ဒေသခံတွေက ပူးပေါင်းပြီး ဖမ်းစီးခဲ့ရတယ် ။ ပထမဆုံး ၅ ယောက်ပဲ မိခဲ့တယ်"ဟု နယ်မြေခံရဲစခန်း (ပုလိပ်မြို့)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကျူးလွန်သူများသည် နေထိုင်ရာတူညီမှုမရှိသည့် အတွက် တစ်ဦးချင်းလိုက်လံဖမ်းစီးခဲ့ရာ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကျန်ရှိနေသည့် တရားခံ (၅) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းသို့ ဓါးပြမှုကျူးလွန်သူများကို ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၂၅ ဖြင့် ပလိပ်နယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Central News Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top