Property Expo
×

ကြၽန္းတံခါးကိုဖြင့္ကာ ဝင္လိုက္သည္ႏွင့္ က်ယ္ဝန္းေသာ ဧည့္ခန္းကို ခမ္းနားစြာ ျမင္ရသည္။ ဧည့္ ခန္းရွိဆိုဖာခံုမ်ားတြင္ ဝင္ထိုင္မိေသာအခါ မ်က္ႏွာခ်င္းဆိုင္ နံရံတြင္ အ မ်ိဳး သားႀကီးတစ္ဦးႏွင့္ အမ်ိဳးသမီးႀကီးတို႔၏ စံုတြဲဓာတ္ပံုမ်ားကို ပံုစံအမ်ိဳးမ်ိဳးႏွင့္ ေတြ႕ရ သည္။ အမ်ိဳးသားႀကီးမွာ တည္ၾကည္ခန္႔ညားေသာ အသြင္ျဖင့္၊ အမ်ိဳး သမီး ကေတာ့ ျမန္မာဝတ္စံုႏွင့္ ပခံုးတြင္ပဝါကို လႊမ္းၿခံဳထားကာ က်က္သေရရွိစြာၿပံဳးလ်က္…ေဘာင္သြင္းကာ လွလွပပခ်ိတ္ဆြဲထားေသာ စံုတြဲပံုမ်ားႏွင့္အတူ ၿပံဳးရႊင္ေနေသာ မိ သားစု ဓာတ္ပံုကိုလည္းေတြ႕ရသည္။ မိသားစုဆိုေသာအဓိပၸာယ္ကို ဤပံုက သက္ေသျပေနသည္။ သို႔ေသာ္ ေတြ႕ဆံု ႀကံဳကြဲဟူသည့္ ေလာကသေဘာ အရ ဓာတ္ပံု တြင္ ပါေသာ မိသားစုဝင္အခ်ိဳ႕ကမူ ေလာကႀကီးတြင္ မရွိၾကေတာ့။
”မိုးလင္းလို႔ ႏိုးလာတိုင္း ငါ့ ခင္ပြန္းမရွိေတာ့ဘူးဆိုတဲ့ အေတြးက အန္တီ့ကို အၿမဲတမ္းအားငယ္ေစတယ္”ဟု ဆိုသူကဓာတ္ပံုတြင္ပါေသာ အမ်ိဳးသမီးႀကီးတစ္ဦးလည္း ျဖစ္၊ တပ္မေတာ္အစိုးရလက္ထက္ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕ အတြင္းေရးမွဴး (၂)၏ဇနီးလည္းျဖစ္သည့္ ေဒၚခင္သန္းႏြဲ႕ ျဖစ္သည္။ အစိုးရအဖြဲ႕တြင္ ရာ ထူးႀကီးေသာ ခင္ပြန္းျဖစ္သူ၏ အရိပ္အာဝါသေအာက္တြင္ မပူမပင္ေနခဲ့ရမည္ဟု အျပင္ပန္းျမင္ႏိုင္ေသာ္လည္းအမ်ားႏွင့္မတူေသာ ေလာကဓံမ်ားကို ႀကံ့ႀကံ့ခိုင္ ရင္ဆိုင္ ခဲ့ သည့္ အမ်ိဳးသမီးတစ္ေယာက္လည္း ျဖစ္ရာ သူ၏ဘဝက စိတ္ဝင္စားစရာေကာင္းသည္။
ပါတိတ္အက်ႌႏွင့္ လံုခ်ည္ကို အိမ္ေနရင္းဝတ္စံုအျဖစ္ ဝတ္ဆင္ထားေသာ္လည္း ဝါဝင္းေသာအသားအေရသည္ အသက္ ၇၅ ႏွစ္ ေက်ာ္ဟု မထင္ရသေလာက္ပင္။ သ နပ္ခါးပါးပါး၊ ေျခသည္းနီ၊ ႏႈတ္ ခမ္းနီတို႔ျဖင့္ သူမ၏အသြင္သဏၭာန္ကိုျမင္႐ံုျဖင့္ငယ္စဥ္က မည္မွ်ေခ်ာေမာလွပခဲ့မည္ကို ခန္႔မွန္း၍ ရႏိုင္သည္။ စကားေျပာလွ်င္ အၿပံဳး ကိုေ ဆာင္၍ ေျပာတတ္သည္က သူမ၏ထူးျခားေသာ အမွတ္အသား ျဖစ္သည္။ သူမ၏ငယ္ဘဝကို ေျပာစဥ္က မ်က္မွန္ေအာက္မွ မ်က္လံုးမ်ားသည္ အတိတ္ သို႔ေငးရီ သြား သည္။ အစိုးရဝန္ထမ္းသားသမီး ျဖစ္ေသာသူမသည္ မင္းဘူးဇာတိ ျဖစ္ၿပီး ငယ္စဥ္ကတည္းက ဆရာမ ျဖစ္ရန္ရည္မွန္းခ်က္ရွိ သူျဖစ္သည္။ ေက်ာင္းတက္ေသာအခါ ထို ရည္မွန္းခ်က္အတိုင္းပင္ တစိုက္မတ္မတ္ႀကိဳးစားခဲ့ၿပီး မေကြးဥပစာ ေကာလိပ္ ဒုတိယႏွစ္အၿပီး BA.Ed ကို ေရြးတက္ခဲ့ၿပီး ေက်ာင္းဆ ရာမလုပ္ခဲ့ သည္။ ေနာက္ခုနစ္ႏွ စ္အၾကာတြင္ B.Ed ဘြဲ႕ကိုယူကာ မိမိဇာတိ မင္းဘူးခ႐ိုင္တြင္ပင္ အထက္တန္းျပလုပ္ခဲ့သည္။
သူမ ဖခင္က သမီးျဖစ္သူအား အထက္တန္းျပ ဆရာမ၊ ေက်ာင္းအုပ္ႏွင့္ ပညာေရးမွဴး အဆင့္အထိ ရည္မွန္းခ်က္ထားရွိၿပီး အိမ္ေထာင္ မျပဳဘဲ အပ်ိဳႀကီးဘဝျဖင့္သာ ကုန္ ဆံုး မည္ဟု ထင္မွတ္ထားခဲ့သည္ကို ၿပံဳးရင္း ေျပာသည္။ ေက်ာင္းဆရာမတာဝန္ကို ထမ္းေဆာင္ရင္းကင္းေထာက္အ ဖြဲ႕၊ လမ္းေလွ်ာက္အသင္း၊ ေက်ာင္း အားက စားလႈပ္ ရွားမႈမ်ား၊ မင္းဘူး ၿမိဳ႕နယ္ ေသနတ္ပစ္အသင္း လႈပ္ရွားမႈမ်ား ေဆာင္ရြက္ရာမွ ဦးတင္ဦးႏွင့္ စတင္ဆံုစည္းခဲ့သည္။ ႐ိုးသားသည့္ စိတ္ေနစိတ္ထားေၾကာင့္ ဘဝလက္ တြဲေဖာ္အျဖစ္ ေရြးခ်ယ္ခဲ့ျခင္းအေပၚ ”သူ(ဦးတင္ဦး)က ႐ိုး တယ္။ ေအးတယ္။ အားလံုးနဲ႔ အဆင္ေျပေအာင္ ေနတတ္တယ္။ လူတိုင္းကို ေမတၱာထားတတ္တယ္။ စိတ္ဆိုး တာ ဘာညာ မရွိဘူး”ဟု ျပန္လည္ေျပာရင္း ဆယ္ေက်ာ္သက္ မိန္းကေလးမ်ားကဲ့သို႔ပင္ သူမ၏ မ်က္ႏွာေပၚတြင္ ပန္းႏုေရာင္ေသြး ေနခဲ့သည္။ ဦးတင္ဦးအား ဘဝ လက္ တြဲေဖာ္အျဖစ္ ခ်စ္ျမတ္ႏိုးခဲ့ျခင္းအား ေျပာျပရမည္ကို ရွက္သည္ဟု ဆိုရင္း ”ႀကိဳက္စရာရွိလို႔လည္း ႀကိဳက္လိုက္တာေပါ့”ဟု အားရပါးရ ရယ္ေမာရင္း ေျပာသည္။
ေဒၚခင္သန္းႏြဲ႕သည္ ၁၉၆ဝ ခုႏွစ္တြင္ ေက်ာင္းဆရာမ တာဝန္ကို စတင္ထမ္းေဆာင္ခဲ့ၿပီး ၁၉၆၃ ခုႏွစ္တြင္ ဦးတင္ဦးႏွင့္ မင္းဘူးခ႐ိုင္တရား႐ံုးတြင္ လက္မွတ္ေရး ထိုးခဲ့ သည္။ မဂၤလာဧည့္ခံ ပြဲကိုပင္ လွ်င္ ခ.လ.ရ ၂၁ ရိပ္သာတြင္ အက်ဥ္းခ်ဳပ္က်င္းပခဲ့ၿပီး ႐ိုး႐ိုးစင္းစင္းၿပီး သြားခဲ့သည့္ပြဲဟု ဆိုသည္။ ခင္ပြန္းျဖစ္သူ တာဝန္ က်ရာ ေန ရာေဒ သ မ်ားသို႔ ပညာေရးဝန္ ထမ္းအေနျဖင့္ လိုက္ပါႏိုင္ရန္အ တြက္ ေႏြရာသီေက်ာင္းပိတ္ ရက္ ေရာက္မွ ေက်ာင္းေျပာင္းေရႊ႕ တာဝန္ထမ္းေဆာင္ ခဲ့သူလည္း ျဖစ္သည္။ အသက္ ၄ဝ အရြယ္ ဆရာမလုပ္သက္ ၂၂ ႏွစ္တြင္ တာဝန္မွအနားယူခဲ့သည္။ ထိုသို႔ ဆရာမ အလုပ္မွ ရပ္နားရျခင္းမွာ အသက္႐ွဴက်ပ္တတ္ သည့္ေရာ ဂါေၾကာင့္ ေက်ာင္း အုပ္ ရာထူးသို႔ တိုးျမႇင့္ခံခဲ့ရေသာ္လည္း က်န္းမာေရးအရတာဝန္ ယူရန္ခဲယဥ္းေသာေၾကာင့္ တာဝန္မွ အနားယူခဲ့ေၾကာင္း ေျပာသည္။
သူမ ငယ္စဥ္ကတည္းက ဝါသနာပါေသာ ေက်ာင္းဆရာမဘဝ မွ အၿငိမ္းစားယူရျခင္းႏွင့္ ပတ္သက္၍လည္း ”အန္တီကကေလးေတြကို စာပဲသင္ခ်င္တာ။ ေက်ာင္း ဆ ရာေတြကို ထိန္းခ်င္တာ မဟုတ္ဘူး။ ဆရာေတြက ထိန္းရခက္တယ္။ ေက်ာင္းအုပ္တာဝန္ေပးေတာ့ ေက်ာင္းဆရာေတြကို မထိန္းခ်င္တာနဲ႔ ေဆးစာယူၿပီး နားလိုက္ တာ”ဟု ဆိုသည္။သူမသည္ ေက်ာင္းဆရာမတာဝန္၊ ခင္ပြန္းျဖစ္သူႏွင့္ သားသမီးမ်ား၏ ေဝယ်ာဝစၥမ်ားအေပၚလစ္ဟာမႈမရွိေအာင္ တာဝန္ေက်သည့္ အိမ္ေထာင္ရွင္မ တစ္ ဦး လည္း ျဖစ္သည္။ သူမအေနျဖင့္ ယေန႔အခ်ိန္ထိ ေက်ာင္းစိမ္းဝတ္စံု ႏွင့္ ပဝါၿခံဳထားေသာ ဆရာမမ်ားကိုျမင္လွ်င္ပင္ ေက်ာင္းဆရာမဘဝ မွအၿငိမ္းစားယူခဲ့ သည္ ကို ေနာင္ တရေနမိေၾကာင္း ေျပာသည္။
သာမန္လူမ်ားအေနျဖင့္ မိသားစုဝင္ထဲတြင္ လုပ္ႀကံခံရၿပီးေသဆံုးသည္ဆိုသည္မွာ ျဖစ္ေတာင့္ ျဖစ္ခဲျဖစ္စဥ္ဟုဆိုေသာ္လည္း သူမတို႕မိသားစုအေနျဖင့္ ၁၉၉၇ ခုႏွစ္တြင္ သမီးအႀကီးဆံုးျဖစ္သူ မခ်ိဳလဲ့ဦးမွာ ၎တို႔ မေနာ္ဟရီလမ္း ေနအိမ္သို႔ ပါဆယ္ဗံုးေရာက္ရွိခဲ့ၿပီး လုပ္ႀကံခံရမႈတြင္ အသက္ေသဆံုးခဲ့ရသည္။ ထိုေသဆံုးမႈတြင္ မိခင္ျဖစ္ သူ အေနျဖင့္ ေျဖမဆယ္ႏိုင္ေအာင္ ဝမ္းနည္းငိုေၾကြးခဲ့ရၿပီး ေယာက္်ားျဖစ္သူ ဦးတင္ဦး သက္ရွိထင္ရွားရွိေနဆဲအခ်ိန္ျဖစ္ေသာေၾကာင့္ သမီးေသဆံုးမႈအား ”ေဖ့သမီးႀကီးက အေဖ့အစားခံသြားရရွာတာ။ သူကအင္မတန္ျဖဴစင္တဲ့ ကေလးျဖစ္တဲ့အတြက္ အခုဆို ေကာင္းရာမြန္ရာဘဝမွာ ေအးေအးခ်မ္းခ်မ္းရွိေနပါၿပီ” ဟူေသာ ႏွစ္သိမ့္စကား မ်ိဳးျဖင့္ သာ ေျဖသိမ့္ခဲ့ၾကပံုကို ေျပာျပသည္။
ခင္ပြန္းျဖစ္သူမွာ ႏိုင္ငံေတာ္မွ ေပးအပ္ေသာတာဝန္ကို ‘ေန႔မအား၊ ညမနား’ေဆာင္ပုဒ္အတိုင္းအလုပ္အေပၚထားရွိသည့္ စိတ္ဆႏၵႀကီးမားလွသည္ကို ေလးစားေနမိ သည္ မွာလည္း သူမ၏မ်က္ႏွာေပၚတြင္ ထင္ဟပ္ေနသည္။ သို႔ေသာ္ အလုပ္တာဝန္ခ်ိန္မ်ားေၾကာင့္ ခင္ပြန္းျဖစ္သူမွာ မိသားစုအေပၚ အခ်ိန္လံုေလာက္စြာ မေပးႏိုင္သည္ကို ”အတြင္းေရးမွဴး (၂)တာဝန္ကို ၁၂ ႏွစ္နဲ႔ ၇ လ တာဝန္ယူခဲ့တယ္။ မွတ္မွတ္ရရ အိမ္မွာ ျပန္အိပ္တဲ့ စုစုေပါင္းက ၇ လ ေလာက္ပဲရွိမယ္ထင္တယ္။ ခြင့္တစ္ရက္မွလည္းမယူခဲ့ ဘူး။ က်န္တာ႐ံုးနဲ႔ခရီးသြားတာနဲ႔ပဲ။ မိသားစုနဲ႔ ဘုရားသြားေက်ာင္းတက္ေတာင္ မလုပ္ခဲ့ရဘူး”ဟု ဆိုသည္။ တစ္ဖန္သမီးေသဆုံးၿပီး ေလး ႏွစ္အၾကာ၂ဝဝ၁ ခုႏွစ္ ေဖေဖာ္ ဝါရီ ၁၉ ရက္တြင္ ခင္ပြန္းျဖစ္သူမွာလည္း ရဟတ္ယာဥ္ ပ်က္က်ေသဆုံးခဲ႔ရ ျပန္သည္။ ထုိစဥ္က ေျမးျဖစ္သူခြဲစိတ္ကုသရန္ စင္ကာပူသုိ႔ေရာက္ရွိေနခ်ိန္ျဖစ္ၿပီး ရဟတ္ ယာဥ္ ပ်က္က်သည့္ ျဖစ္ေၾကာင္းကုန္စဥ္ကို အေဟာင္းမွအသစ္ ျဖစ္မည္စုိး၍ လက္ရွိအခ်ိန္အထိမေမးဟု ေၾကကြဲစြာေျပာသည္။
”လွမ္းအေၾကာင္းၾကားေတာ႔ အန္ကယ္ဆုံးတယ္ဆုိတာကို မေျပာၾကဘူး။ ဒါေပမဲ့ အန္တီကေတာ့ သိလုိက္ပါတယ္။ အဆုိးဆုံးကို ႀကိဳေတြးၿပီးျပန္လာခဲ႔တယ္”ဟု စင္ကာပူ မွျပန္လာစဥ္ စိတ္ခံစားမႈမ်ားကို ေျပာသည္။ သမီးႀကီးႏွင့္ ခင္ပြန္းျဖစ္သူမရွိခ်ိန္တြင္ က်န္သားသမီးေလးဦးအားငယ္မည္စုိး၍ စိတ္ဓာတ္ၾကံ့ခုိင္သည့္ သူကဲ႔ သုိ႔ ေနထုိင္ ခဲ့ေသာ္လည္း ရင္ထဲတြင္အားငယ္မိသည္ဟု သူကပြင္႔လင္းစြာဆုိသည္။ ”ဆုံးတာခ်င္းအတူတူ တုိင္းျပည္အတြက္ အလုပ္လုပ္ရင္းဆုံးတာပဲေလလုိ႔ စိတ္ေျဖရတယ္”ဟု ခင္ ပြန္းေသဆုံးမႈအေပၚ ေျဖသိမ့္သည့္ ခံစားမႈကိုေျပာသည္။
ခင္ပြန္းသည္မွာ မိသားစု အေပၚတင္မက ပတ္ဝန္းက်င္ရွိ လူမ်ားအေပၚတြင္အေကာင္းျမင္သည့္စိတ္ရွိၿပီး လုပ္ေဖာ္ကုိင္ဖက္မ်ားကုိ လည္း ေစတနာအျပည့္ထား ကာ ႏိုင္ ငံေတာ္အေပၚတြင္ တာဝန္ေက်ပြန္စြာထမ္းေဆာင္သူတစ္ဦးျဖစ္သည္ဟု အန္တီႏြဲ႕ကေျပာရင္း ခင္ပြန္းကို သတိရေနဟန္ရွိသည္။ ”သူ မကြယ္လြန္ခင္က ေျပာ ဖူးတဲ့စ ကားရွိတယ္။ အေဖႀကီးေလ (ဦးတင္ဦး) တာဝန္ေတြၿပီးဆုံးသြားရင္ အိပ္ေရးကိုဝေအာင္အိပ္ပစ္လုိက္မယ္တဲ့။ အခုေတာ့တာဝန္ေတြမၿပီး ခင္မွာပဲ အိပ္ေရးဝေအာင္ အိပ္သြားတယ္”ဟု ေျပာစဥ္သူ႔မ်က္ဝန္းတြင္ မ်က္ရည္မ်ားေဝ့သီလ်က္။ သူမက ကံတရားကိုပဲ ႐ိုးမယ္ဖြဲ႕ကာ အိမ္ေထာင္မျပဳဘဲေနရင္ ဒီလုိဝမ္းနည္းစ ရာေတြ ေတြ႕ရ မွာ မဟုတ္ဟုဆုိေသာ္ျငား ငယ္စဥ္က ဦးတင္ဦးအေနျဖင့္ သူမအားအ မွတ္တရမ်ား ဖန္တီးေပးသလဲဟု ေမးစဥ္တြင္ ေျပာရရင္ ရွက္ေတာင္ရွက္စရာ ပဲဟု ရယ္ေမာကာ အတိတ္က ၾကည္ႏူးဖြယ္မ်ားကို အားတက္သေရာ ေျပာျပေနျပန္သည္။
”သူက အန္တီ႔ကို ဘာပဲဝတ္ဝတ္ အၿမဲလွတယ္လို႔ခ်ည္း ေျပာတယ္။ အၿမဲ ေျမႇာက္ေျပာလြန္းလုိ႔ ယုံေတာင္မယုံေတာ့ဘူး။ သူက အန္တီကိုခ်ည္းမဟုတ္ဘူး။ ပတ္ဝန္းက်င္မွာ ရွိတဲ႔သူေတြကုိလည္း လွတယ္လုိ႔ ခ်ီးက်ဴးေျပာတတ္တယ္” ဟု ရယ္သြန္းရင္း ခင္ပြန္း ျဖစ္သူ၏ စိတ္ေကာင္းျမင္တတ္ပုံကုိ ေျပာျပသည္။ ”အန္ကယ္ရွိစဥ္က မဂၤ လာေဆာင္ေတြသြားလုိ႔ အဘုိးႀကီး၊ အဘြားႀကီး စုံတြဲေတြျမင္တဲ႔အခါ အဲဒီလို အိုေအာင္မင္းေအာင္ေပါင္း ရရင္ေကာင္းမွာပဲလုိ႔ ေျပာရင္ အန္ကယ္က ”ေနရတယ္၊ ေနရ တယ္မပူနဲ႔” လို႔ အဖိုးႀကီးေလသံ တမင္လုပ္ေျပာခဲ႔ဖူးတယ္။ အၿငိမ္း စားယူရင္ ဘုရားသြား၊ ေက်ာင္းတက္မယ္လုိ႔ စိတ္ကူးယဥ္ခဲ့ဖူးေပမယ့္ ခုေတာ့ သူမ်ားစုံတြဲေတြ က်န္း က်န္းမာမာသြားလာေနရင္ ကုသိုလ္ေကာင္းလုိက္ၾကတာလို႔ပဲ အားက်မိေတာ့တယ္”ဟုဆိုသည္။
ဒု-ဗိုလ္ခ်ဳပ္ႀကီး အသက္ရွိစဥ္ကပင္ တာဝန္မ်ားႏွင့္သာ လံုးပန္း ခဲ့ရၿပီး သူမအေနျဖင့္လည္း အလုိက္တသိ ပါရမီျဖည့္ဖက္အျဖစ္ နားလည္မႈထားကာ ျဖတ္သန္းခဲ့ပံုကို စိတ္ လို လက္ရရွင္းျပသည္။ ခင္ပြန္းျဖစ္သူ၏ ရာထူးဂုဏ္မ်ားႏွင့္ သားသမီးတို႔ျဖင့္ေအးခ်မ္းေပ်ာ္ရႊင္ေနလိမ့္မည္။ အပူအပင္ ဆို၍ဘာမွ်မရွိေလာက္ဟု လူတိုင္းက ထင္ျမင္ၾက သ လို အခ်ိဳ႕ေသာ သူမ်ားကမူ ၎တို႔မိသားစုအေပၚ စစ္တပ္အသိုင္းအဝိုင္းမွဆိုသျဖင့္ ျပစ္တင္ကာ ႏွစ္လိုျခင္းမရွိေသာ ေျပာဆိုမႈမ်ားကိုလည္း ႀကံဳေတြ႕ခဲ့ ရသည္။ လူတိုင္း ထင္ျမင္ေနၾကသည့္ သူမ၏ဘဝမွာ ေငြေၾကး ဥစၥာၾကြယ္ဝၿပီး ေအးခ်မ္းသာယာ ေသာမိသားစုဘဝျဖင့္ ျဖတ္သန္းခဲ့ရသည္ မဟုတ္ေၾကာင္းကို ေဒၚခင္ သန္းႏြဲ႕က ပတ္ ဝန္း က်င္အျမင္ႏွင့္ လက္ေတြ႕ဘဝကြာျခားမႈကို ေျပာသည္။
လာမည့္ ေဖေဖာ္ဝါရီ ၁၉ သည္ ဦးတင္ဦး ကြယ္လြန္သည့္ ၁၄ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ျဖစ္ၿပီး ႏွစ္စဥ္ျပဳၿမဲ ရည္စူးကုသိုလ္မ်ားကို ျပဳလုပ္ရန္လည္း ရည္မွန္းထားၿပီး ျဖစ္ သည္။ ‘ေသေသာသူ ၾကာရင္ ေမ့’ဟူသည့္ ဆို႐ိုးစကားရွိေသာ္လည္း အန္တီႏြဲ႕ကေတာ့ျဖင့္ ခင္ပြန္းႏွင့္ သမီးကိုမေမ့ပါ။ ကြယ္လြန္သြားသူမ်ားအတြက္ ရည္စူးေမတၱာမ်ား ပို႔သရင္း ၿခံထဲတြင္ ပန္းအလွ ပင္မ်ား စိုက္ပ်ိဳးျခင္း၊ အိမ္ေမြးတိရစၧာန္ ေၾကာင္ေလးမ်ား ေမြးျမဴ ျခင္းတို႔ျဖင့္ က်န္ရွိသည့္ ဘဝေန႔ရက္မ်ား ကို ေအးခ်မ္း စြာ ျဖတ္ သန္း လ်က္ရွိသည္။ ဒုဗိုလ္ခ်ဳပ္ႀကီးတင္ဦးရွိစဥ္ကေရာ မရွိေတာ့သည့္အခ်ိန္တြင္ပါ သိုသိပ္ေအးေဆးစြာေနတတ္ေသာ သူတို႔မိသားစုသည္ တပ္အသိုင္းအဝိုင္းကမို႔ မိမိတို႔ အေပၚ မေကာင္းျမင္မႈမ်ား ရွိေနၾကသည္ကိုလည္း အန္တီက နားလည္သည္။ သူ႔သေဘာထားအရ တပ္ႏွင့္လူထုကို တစ္ေပါင္းတည္းရွိ ေစခ်င္သည္။ ”တပ္က ႏိုင္ ငံေတာ္ ကို ကာကြယ္ေနတာပဲ။ လူတိုင္းကေတာ့ ဘယ္ေနရာျဖစ္ျဖစ္ မေကာင္းခ်ည္းပဲမရွိပါဘူး။ ေကာင္းတဲ့သူရွိသလို မေကာင္းတဲ့သူလည္း ရွိတာပဲ” ဟု တပ္အေပၚ ထားေသာ သူမသေဘာထားကိုလည္း ပြင့္လင္းစြာဆိုသည္။
ထက္ထက္မိုးျမင္႕၊ ခိုင္ႏြယ္ဦး
ေတြ႔ဆံုေမးျမန္းသည္


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Popularmyanmar

#Unicode Version
ကျွန်းတံခါးကိုဖွင့်ကာ ဝင်လိုက်သည်နှင့် ကျယ်ဝန်းသော ဧည့်ခန်းကို ခမ်းနားစွာ မြင်ရသည်။ ဧည့် ခန်းရှိဆိုဖာခုံများတွင် ဝင်ထိုင်မိသောအခါ မျက်နှာချင်းဆိုင် နံရံတွင် အ မျိုး သားကြီးတစ်ဦးနှင့် အမျိုးသမီးကြီးတို့၏ စုံတွဲဓာတ်ပုံများကို ပုံစံအမျိုးမျိုးနှင့် တွေ့ရ သည်။ အမျိုးသားကြီးမှာ တည်ကြည်ခန့်ညားသော အသွင်ဖြင့်၊ အမျိုး သမီး ကတော့ မြန်မာဝတ်စုံနှင့် ပခုံးတွင်ပဝါကို လွှမ်းခြုံထားကာ ကျက်သရေရှိစွာပြုံးလျက်…ဘောင်သွင်းကာ လှလှပပချိတ်ဆွဲထားသော စုံတွဲပုံများနှင့်အတူ ပြုံးရွှင်နေသော မိ သားစု ဓာတ်ပုံကိုလည်းတွေ့ရသည်။ မိသားစုဆိုသောအဓိပ္ပာယ်ကို ဤပုံက သက်သေပြနေသည်။ သို့သော် တွေ့ဆုံ ကြုံကွဲဟူသည့် လောကသဘော အရ ဓာတ်ပုံ တွင် ပါသော မိသားစုဝင်အချို့ကမူ လောကကြီးတွင် မရှိကြတော့။
”မိုးလင်းလို့ နိုးလာတိုင်း ငါ့ ခင်ပွန်းမရှိတော့ဘူးဆိုတဲ့ အတွေးက အန်တီ့ကို အမြဲတမ်းအားငယ်စေတယ်”ဟု ဆိုသူကဓာတ်ပုံတွင်ပါသော အမျိုးသမီးကြီးတစ်ဦးလည်း ဖြစ်၊ တပ်မတော်အစိုးရလက်ထက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၂)၏ဇနီးလည်းဖြစ်သည့် ဒေါ်ခင်သန်းနွဲ့ ဖြစ်သည်။ အစိုးရအဖွဲ့တွင် ရာ ထူးကြီးသော ခင်ပွန်းဖြစ်သူ၏ အရိပ်အာဝါသအောက်တွင် မပူမပင်နေခဲ့ရမည်ဟု အပြင်ပန်းမြင်နိုင်သော်လည်းအများနှင့်မတူသော လောကဓံများကို ကြံ့ကြံ့ခိုင် ရင်ဆိုင် ခဲ့ သည့် အမျိုးသမီးတစ်ယောက်လည်း ဖြစ်ရာ သူ၏ဘဝက စိတ်ဝင်စားစရာကောင်းသည်။
ပါတိတ်အကျႌနှင့် လုံချည်ကို အိမ်နေရင်းဝတ်စုံအဖြစ် ဝတ်ဆင်ထားသော်လည်း ဝါဝင်းသောအသားအရေသည် အသက် ၇၅ နှစ် ကျော်ဟု မထင်ရသလောက်ပင်။ သ နပ်ခါးပါးပါး၊ ခြေသည်းနီ၊ နှုတ် ခမ်းနီတို့ဖြင့် သူမ၏အသွင်သဏ္ဌာန်ကိုမြင်ရုံဖြင့်ငယ်စဉ်က မည်မျှချောမောလှပခဲ့မည်ကို ခန့်မှန်း၍ ရနိုင်သည်။ စကားပြောလျှင် အပြုံး ကိုေ ဆာင်၍ ပြောတတ်သည်က သူမ၏ထူးခြားသော အမှတ်အသား ဖြစ်သည်။ သူမ၏ငယ်ဘဝကို ပြောစဉ်က မျက်မှန်အောက်မှ မျက်လုံးများသည် အတိတ် သို့ငေးရီ သွား သည်။ အစိုးရဝန်ထမ်းသားသမီး ဖြစ်သောသူမသည် မင်းဘူးဇာတိ ဖြစ်ပြီး ငယ်စဉ်ကတည်းက ဆရာမ ဖြစ်ရန်ရည်မှန်းချက်ရှိ သူဖြစ်သည်။ ကျောင်းတက်သောအခါ ထို ရည်မှန်းချက်အတိုင်းပင် တစိုက်မတ်မတ်ကြိုးစားခဲ့ပြီး မကွေးဥပစာ ကောလိပ် ဒုတိယနှစ်အပြီး BA.Ed ကို ရွေးတက်ခဲ့ပြီး ကျောင်းဆ ရာမလုပ်ခဲ့ သည်။ နောက်ခုနစ်နှ စ်အကြာတွင် B.Ed ဘွဲ့ကိုယူကာ မိမိဇာတိ မင်းဘူးခရိုင်တွင်ပင် အထက်တန်းပြလုပ်ခဲ့သည်။
သူမ ဖခင်က သမီးဖြစ်သူအား အထက်တန်းပြ ဆရာမ၊ ကျောင်းအုပ်နှင့် ပညာရေးမှူး အဆင့်အထိ ရည်မှန်းချက်ထားရှိပြီး အိမ်ထောင် မပြုဘဲ အပျိုကြီးဘဝဖြင့်သာ ကုန် ဆုံး မည်ဟု ထင်မှတ်ထားခဲ့သည်ကို ပြုံးရင်း ပြောသည်။ ကျောင်းဆရာမတာဝန်ကို ထမ်းဆောင်ရင်းကင်းထောက်အ ဖွဲ့၊ လမ်းလျှောက်အသင်း၊ ကျောင်း အားက စားလှုပ် ရှားမှုများ၊ မင်းဘူး မြို့နယ် သေနတ်ပစ်အသင်း လှုပ်ရှားမှုများ ဆောင်ရွက်ရာမှ ဦးတင်ဦးနှင့် စတင်ဆုံစည်းခဲ့သည်။ ရိုးသားသည့် စိတ်နေစိတ်ထားကြောင့် ဘဝလက် တွဲဖော်အဖြစ် ရွေးချယ်ခဲ့ခြင်းအပေါ် ”သူ(ဦးတင်ဦး)က ရိုး တယ်။ အေးတယ်။ အားလုံးနဲ့ အဆင်ပြေအောင် နေတတ်တယ်။ လူတိုင်းကို မေတ္တာထားတတ်တယ်။ စိတ်ဆိုး တာ ဘာညာ မရှိဘူး”ဟု ပြန်လည်ပြောရင်း ဆယ်ကျော်သက် မိန်းကလေးများကဲ့သို့ပင် သူမ၏ မျက်နှာပေါ်တွင် ပန်းနုရောင်သွေး နေခဲ့သည်။ ဦးတင်ဦးအား ဘဝ လက် တွဲဖော်အဖြစ် ချစ်မြတ်နိုးခဲ့ခြင်းအား ပြောပြရမည်ကို ရှက်သည်ဟု ဆိုရင်း ”ကြိုက်စရာရှိလို့လည်း ကြိုက်လိုက်တာပေါ့”ဟု အားရပါးရ ရယ်မောရင်း ပြောသည်။
ဒေါ်ခင်သန်းနွဲ့သည် ၁၉၆ဝ ခုနှစ်တွင် ကျောင်းဆရာမ တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ဦးတင်ဦးနှင့် မင်းဘူးခရိုင်တရားရုံးတွင် လက်မှတ်ရေး ထိုးခဲ့ သည်။ မင်္ဂလာဧည့်ခံ ပွဲကိုပင် လျှင် ခ.လ.ရ ၂၁ ရိပ်သာတွင် အကျဉ်းချုပ်ကျင်းပခဲ့ပြီး ရိုးရိုးစင်းစင်းပြီး သွားခဲ့သည့်ပွဲဟု ဆိုသည်။ ခင်ပွန်းဖြစ်သူ တာဝန် ကျရာ နေ ရာဒေ သ များသို့ ပညာရေးဝန် ထမ်းအနေဖြင့် လိုက်ပါနိုင်ရန်အ တွက် နွေရာသီကျောင်းပိတ် ရက် ရောက်မှ ကျောင်းပြောင်းရွှေ့ တာဝန်ထမ်းဆောင် ခဲ့သူလည်း ဖြစ်သည်။ အသက် ၄ဝ အရွယ် ဆရာမလုပ်သက် ၂၂ နှစ်တွင် တာဝန်မှအနားယူခဲ့သည်။ ထိုသို့ ဆရာမ အလုပ်မှ ရပ်နားရခြင်းမှာ အသက်ရှူကျပ်တတ် သည့်ရော ဂါကြောင့် ကျောင်း အုပ် ရာထူးသို့ တိုးမြှင့်ခံခဲ့ရသော်လည်း ကျန်းမာရေးအရတာဝန် ယူရန်ခဲယဉ်းသောကြောင့် တာဝန်မှ အနားယူခဲ့ကြောင်း ပြောသည်။
သူမ ငယ်စဉ်ကတည်းက ဝါသနာပါသော ကျောင်းဆရာမဘဝ မှ အငြိမ်းစားယူရခြင်းနှင့် ပတ်သက်၍လည်း ”အန်တီကကလေးတွေကို စာပဲသင်ချင်တာ။ ကျောင်း ဆ ရာတွေကို ထိန်းချင်တာ မဟုတ်ဘူး။ ဆရာတွေက ထိန်းရခက်တယ်။ ကျောင်းအုပ်တာဝန်ပေးတော့ ကျောင်းဆရာတွေကို မထိန်းချင်တာနဲ့ ဆေးစာယူပြီး နားလိုက် တာ”ဟု ဆိုသည်။သူမသည် ကျောင်းဆရာမတာဝန်၊ ခင်ပွန်းဖြစ်သူနှင့် သားသမီးများ၏ ဝေယျာဝစ္စများအပေါ်လစ်ဟာမှုမရှိအောင် တာဝန်ကျေသည့် အိမ်ထောင်ရှင်မ တစ် ဦး လည်း ဖြစ်သည်။ သူမအနေဖြင့် ယနေ့အချိန်ထိ ကျောင်းစိမ်းဝတ်စုံ နှင့် ပဝါခြုံထားသော ဆရာမများကိုမြင်လျှင်ပင် ကျောင်းဆရာမဘဝ မှအငြိမ်းစားယူခဲ့ သည် ကို နောင် တရနေမိကြောင်း ပြောသည်။
သာမန်လူများအနေဖြင့် မိသားစုဝင်ထဲတွင် လုပ်ကြံခံရပြီးသေဆုံးသည်ဆိုသည်မှာ ဖြစ်တောင့် ဖြစ်ခဲဖြစ်စဉ်ဟုဆိုသော်လည်း သူမတို့မိသားစုအနေဖြင့် ၁၉၉၇ ခုနှစ်တွင် သမီးအကြီးဆုံးဖြစ်သူ မချိုလဲ့ဦးမှာ ၎င်းတို့ မနော်ဟရီလမ်း နေအိမ်သို့ ပါဆယ်ဗုံးရောက်ရှိခဲ့ပြီး လုပ်ကြံခံရမှုတွင် အသက်သေဆုံးခဲ့ရသည်။ ထိုသေဆုံးမှုတွင် မိခင်ဖြစ် သူ အနေဖြင့် ဖြေမဆယ်နိုင်အောင် ဝမ်းနည်းငိုကြွေးခဲ့ရပြီး ယောက်ျားဖြစ်သူ ဦးတင်ဦး သက်ရှိထင်ရှားရှိနေဆဲအချိန်ဖြစ်သောကြောင့် သမီးသေဆုံးမှုအား ”ဖေ့သမီးကြီးက အဖေ့အစားခံသွားရရှာတာ။ သူကအင်မတန်ဖြူစင်တဲ့ ကလေးဖြစ်တဲ့အတွက် အခုဆို ကောင်းရာမွန်ရာဘဝမှာ အေးအေးချမ်းချမ်းရှိနေပါပြီ” ဟူသော နှစ်သိမ့်စကား မျိုးဖြင့် သာ ဖြေသိမ့်ခဲ့ကြပုံကို ပြောပြသည်။
ခင်ပွန်းဖြစ်သူမှာ နိုင်ငံတော်မှ ပေးအပ်သောတာဝန်ကို ‘နေ့မအား၊ ညမနား’ဆောင်ပုဒ်အတိုင်းအလုပ်အပေါ်ထားရှိသည့် စိတ်ဆန္ဒကြီးမားလှသည်ကို လေးစားနေမိ သည် မှာလည်း သူမ၏မျက်နှာပေါ်တွင် ထင်ဟပ်နေသည်။ သို့သော် အလုပ်တာဝန်ချိန်များကြောင့် ခင်ပွန်းဖြစ်သူမှာ မိသားစုအပေါ် အချိန်လုံလောက်စွာ မပေးနိုင်သည်ကို ”အတွင်းရေးမှူး (၂)တာဝန်ကို ၁၂ နှစ်နဲ့ ၇ လ တာဝန်ယူခဲ့တယ်။ မှတ်မှတ်ရရ အိမ်မှာ ပြန်အိပ်တဲ့ စုစုပေါင်းက ၇ လ လောက်ပဲရှိမယ်ထင်တယ်။ ခွင့်တစ်ရက်မှလည်းမယူခဲ့ ဘူး။ ကျန်တာရုံးနဲ့ခရီးသွားတာနဲ့ပဲ။ မိသားစုနဲ့ ဘုရားသွားကျောင်းတက်တောင် မလုပ်ခဲ့ရဘူး”ဟု ဆိုသည်။ တစ်ဖန်သမီးသေဆုံးပြီး လေး နှစ်အကြာ၂ဝဝ၁ ခုနှစ် ဖေဖော် ဝါရီ ၁၉ ရက်တွင် ခင်ပွန်းဖြစ်သူမှာလည်း ရဟတ်ယာဉ် ပျက်ကျသေဆုံးခဲ့ရ ပြန်သည်။ ထိုစဉ်က မြေးဖြစ်သူခွဲစိတ်ကုသရန် စင်ကာပူသို့ရောက်ရှိနေချိန်ဖြစ်ပြီး ရဟတ် ယာဉ် ပျက်ကျသည့် ဖြစ်ကြောင်းကုန်စဉ်ကို အဟောင်းမှအသစ် ဖြစ်မည်စိုး၍ လက်ရှိအချိန်အထိမမေးဟု ကြေကွဲစွာပြောသည်။
”လှမ်းအကြောင်းကြားတော့ အန်ကယ်ဆုံးတယ်ဆိုတာကို မပြောကြဘူး။ ဒါပေမဲ့ အန်တီကတော့ သိလိုက်ပါတယ်။ အဆိုးဆုံးကို ကြိုတွေးပြီးပြန်လာခဲ့တယ်”ဟု စင်ကာပူ မှပြန်လာစဉ် စိတ်ခံစားမှုများကို ပြောသည်။ သမီးကြီးနှင့် ခင်ပွန်းဖြစ်သူမရှိချိန်တွင် ကျန်သားသမီးလေးဦးအားငယ်မည်စိုး၍ စိတ်ဓာတ်ကြံ့ခိုင်သည့် သူကဲ့ သို့ နေထိုင် ခဲ့သော်လည်း ရင်ထဲတွင်အားငယ်မိသည်ဟု သူကပွင့်လင်းစွာဆိုသည်။ ”ဆုံးတာချင်းအတူတူ တိုင်းပြည်အတွက် အလုပ်လုပ်ရင်းဆုံးတာပဲလေလို့ စိတ်ဖြေရတယ်”ဟု ခင် ပွန်းသေဆုံးမှုအပေါ် ဖြေသိမ့်သည့် ခံစားမှုကိုပြောသည်။
ခင်ပွန်းသည်မှာ မိသားစု အပေါ်တင်မက ပတ်ဝန်းကျင်ရှိ လူများအပေါ်တွင်အကောင်းမြင်သည့်စိတ်ရှိပြီး လုပ်ဖော်ကိုင်ဖက်များကို လည်း စေတနာအပြည့်ထား ကာ နိုင် ငံတော်အပေါ်တွင် တာဝန်ကျေပွန်စွာထမ်းဆောင်သူတစ်ဦးဖြစ်သည်ဟု အန်တီနွဲ့ကပြောရင်း ခင်ပွန်းကို သတိရနေဟန်ရှိသည်။ ”သူ မကွယ်လွန်ခင်က ပြော ဖူးတဲ့စ ကားရှိတယ်။ အဖေကြီးလေ (ဦးတင်ဦး) တာဝန်တွေပြီးဆုံးသွားရင် အိပ်ရေးကိုဝအောင်အိပ်ပစ်လိုက်မယ်တဲ့။ အခုတော့တာဝန်တွေမပြီး ခင်မှာပဲ အိပ်ရေးဝအောင် အိပ်သွားတယ်”ဟု ပြောစဉ်သူ့မျက်ဝန်းတွင် မျက်ရည်များဝေ့သီလျက်။ သူမက ကံတရားကိုပဲ ရိုးမယ်ဖွဲ့ကာ အိမ်ထောင်မပြုဘဲနေရင် ဒီလိုဝမ်းနည်းစ ရာတွေ တွေ့ရ မှာ မဟုတ်ဟုဆိုသော်ငြား ငယ်စဉ်က ဦးတင်ဦးအနေဖြင့် သူမအားအ မှတ်တရများ ဖန်တီးပေးသလဲဟု မေးစဉ်တွင် ပြောရရင် ရှက်တောင်ရှက်စရာ ပဲဟု ရယ်မောကာ အတိတ်က ကြည်နူးဖွယ်များကို အားတက်သရော ပြောပြနေပြန်သည်။
”သူက အန်တီ့ကို ဘာပဲဝတ်ဝတ် အမြဲလှတယ်လို့ချည်း ပြောတယ်။ အမြဲ မြှောက်ပြောလွန်းလို့ ယုံတောင်မယုံတော့ဘူး။ သူက အန်တီကိုချည်းမဟုတ်ဘူး။ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကိုလည်း လှတယ်လို့ ချီးကျူးပြောတတ်တယ်” ဟု ရယ်သွန်းရင်း ခင်ပွန်း ဖြစ်သူ၏ စိတ်ကောင်းမြင်တတ်ပုံကို ပြောပြသည်။ ”အန်ကယ်ရှိစဉ်က မင်္ဂ လာဆောင်တွေသွားလို့ အဘိုးကြီး၊ အဘွားကြီး စုံတွဲတွေမြင်တဲ့အခါ အဲဒီလို အိုအောင်မင်းအောင်ပေါင်း ရရင်ကောင်းမှာပဲလို့ ပြောရင် အန်ကယ်က ”နေရတယ်၊ နေရ တယ်မပူနဲ့” လို့ အဖိုးကြီးလေသံ တမင်လုပ်ပြောခဲ့ဖူးတယ်။ အငြိမ်း စားယူရင် ဘုရားသွား၊ ကျောင်းတက်မယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးပေမယ့် ခုတော့ သူများစုံတွဲတွေ ကျန်း ကျန်းမာမာသွားလာနေရင် ကုသိုလ်ကောင်းလိုက်ကြတာလို့ပဲ အားကျမိတော့တယ်”ဟုဆိုသည်။
ဒု-ဗိုလ်ချုပ်ကြီး အသက်ရှိစဉ်ကပင် တာဝန်များနှင့်သာ လုံးပန်း ခဲ့ရပြီး သူမအနေဖြင့်လည်း အလိုက်တသိ ပါရမီဖြည့်ဖက်အဖြစ် နားလည်မှုထားကာ ဖြတ်သန်းခဲ့ပုံကို စိတ် လို လက်ရရှင်းပြသည်။ ခင်ပွန်းဖြစ်သူ၏ ရာထူးဂုဏ်များနှင့် သားသမီးတို့ဖြင့်အေးချမ်းပျော်ရွှင်နေလိမ့်မည်။ အပူအပင် ဆို၍ဘာမျှမရှိလောက်ဟု လူတိုင်းက ထင်မြင်ကြ သ လို အချို့သော သူများကမူ ၎င်းတို့မိသားစုအပေါ် စစ်တပ်အသိုင်းအဝိုင်းမှဆိုသဖြင့် ပြစ်တင်ကာ နှစ်လိုခြင်းမရှိသော ပြောဆိုမှုများကိုလည်း ကြုံတွေ့ခဲ့ ရသည်။ လူတိုင်း ထင်မြင်နေကြသည့် သူမ၏ဘဝမှာ ငွေကြေး ဥစ္စာကြွယ်ဝပြီး အေးချမ်းသာယာ သောမိသားစုဘဝဖြင့် ဖြတ်သန်းခဲ့ရသည် မဟုတ်ကြောင်းကို ဒေါ်ခင် သန်းနွဲ့က ပတ် ဝန်း ကျင်အမြင်နှင့် လက်တွေ့ဘဝကွာခြားမှုကို ပြောသည်။
လာမည့် ဖေဖော်ဝါရီ ၁၉ သည် ဦးတင်ဦး ကွယ်လွန်သည့် ၁၄ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး နှစ်စဉ်ပြုမြဲ ရည်စူးကုသိုလ်များကို ပြုလုပ်ရန်လည်း ရည်မှန်းထားပြီး ဖြစ် သည်။ ‘သေသောသူ ကြာရင် မေ့’ဟူသည့် ဆိုရိုးစကားရှိသော်လည်း အန်တီနွဲ့ကတော့ဖြင့် ခင်ပွန်းနှင့် သမီးကိုမမေ့ပါ။ ကွယ်လွန်သွားသူများအတွက် ရည်စူးမေတ္တာများ ပို့သရင်း ခြံထဲတွင် ပန်းအလှ ပင်များ စိုက်ပျိုးခြင်း၊ အိမ်မွေးတိရစ္ဆာန် ကြောင်လေးများ မွေးမြူ ခြင်းတို့ဖြင့် ကျန်ရှိသည့် ဘဝနေ့ရက်များ ကို အေးချမ်း စွာ ဖြတ် သန်း လျက်ရှိသည်။ ဒုဗိုလ်ချုပ်ကြီးတင်ဦးရှိစဉ်ကရော မရှိတော့သည့်အချိန်တွင်ပါ သိုသိပ်အေးဆေးစွာနေတတ်သော သူတို့မိသားစုသည် တပ်အသိုင်းအဝိုင်းကမို့ မိမိတို့ အပေါ် မကောင်းမြင်မှုများ ရှိနေကြသည်ကိုလည်း အန်တီက နားလည်သည်။ သူ့သဘောထားအရ တပ်နှင့်လူထုကို တစ်ပေါင်းတည်းရှိ စေချင်သည်။ ”တပ်က နိုင် ငံတော် ကို ကာကွယ်နေတာပဲ။ လူတိုင်းကတော့ ဘယ်နေရာဖြစ်ဖြစ် မကောင်းချည်းပဲမရှိပါဘူး။ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်း ရှိတာပဲ” ဟု တပ်အပေါ် ထားသော သူမသဘောထားကိုလည်း ပွင့်လင်းစွာဆိုသည်။
ထက်ထက်မိုးမြင့်၊ ခိုင်နွယ်ဦး
တွေ့ဆုံမေးမြန်းသည်



ဖိုးသူတော် (www.phothutaw.com)
Credit:Popularmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top