Kantharyar Centre
×

 ေဆာ္ဒီအာေရဗီးယားႏုိင္ငံက ၁၉ ႏွစ္အရြယ္ဆယ္ေက်ာ္သက္ လူငယ္တဦးဟာ အြန္လုိင္းေပၚမွာ အေမရိကန္ႏုိင္ငံသူတဦးနဲ႔ စကားေျပာခဲ့လုိ႔ အာဏာပုိင္ေတြက ဖမ္းဆီးလုိက္တယ္လုိ႔ ဘီဘီစီသတင္းမွာ ေဖာ္ျပပါတယ္။
ေဆာ္ဒီႏုိင္ငံသား အဘူဆင္းဟာ အေမရိကန္ႏုိင္ငံ ကယ္လီဖုိးနီးယားၿမိဳ႕က အသက္ ၂၁ ႏွစ္အရြယ္ ကရစ္စတီနာခေရာ့ကက္တ္ဆုိတဲ့ အမ်ိဳးသမီးနဲ႔ အြန္လုိင္းေပၚမွာ ဗီြဒီယိုနဲ႔ စကားေျပာရင္း သူငယ္ခ်င္းျဖစ္ခဲ့ၾကတာပါ။

သူတုိ႔ ၂ ဦးဟာ တစ္ဦးနဲ႔တစ္ဦးေျပာတာကို နည္းနည္းပဲနားလည္ၾကေပမယ့္ သူတို႔ ၂ ေယာက္ စကားေျပာေနၾကတဲ့ အရမ္းထူးျခားေနတဲ့ ဗီြဒီယုိကလစ္ပ္ဟာ ယူက်ဳ႕ေပၚမွာ နာမည္ႀကီးသြားတာပါ။

ေအာက္တုိဘာ ၁၈ ရက္ေန႔က တင္ထားတဲ့ ယူက်ဳ႕ဗီြဒီယုိကလစ္ကို ၾကည့္ရႈသူေတြကလည္း ဒီလုိစကားေျပာေနတာကို ႏွစ္ၿခိဳက္ေၾကာင္း၊ ဒီဗီြဒီယုိကလစ္ကို မၾကည့္ပဲမေနႏုိင္တဲ့ အေၾကာင္း၊ တစ္ခ်ိဳ႕ကလည္း အဘူဆင္းဘာေတြေျပာေနတာလည္း နားလည္ခ်င္ေၾကာင္း ေလွာင္ေျပာၾကသလို အခ်ိဳ႕ကလည္း အဘူဆင္းက ကရစ္စတီနာကို ေသေလာက္ေအာင္ခ်စ္ေၾကာင္း ေျပာခ်င္တာလုိ႔ အမ်ိဳးမ်ိဳးေျပာၾကတာပါ။

ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ သူတုိ႔ ၂ ဦး အြန္လုိင္းမွာ စကားေျပာေနတုန္း ေဆာ္ဒီအာဏာပိုင္ေတြက လာေရာက္ဖမ္းဆီးသြားတာကို ႐ုပ္သံဖုိင္ထဲမွာ ေတြ႔ရပါတယ္။

အဘူဆင္းကို “ဘာသာေရးတန္ဖိုးနဲ႔ ေကာင္းတဲ့အမူအက်င့္ကို ေဖာက္ဖ်က္မႈ ဥပေဒ”နဲ႔ ဖမ္းလုိက္တာ ျဖစ္ပါတယ္။

ဒီအေပၚမွာလည္း ေဆာ္ဒီအာဏာပိုင္ေတြကို ေဝဖန္ခဲ့ၾကၿပီး အဘူဆင္းနဲ႔ စကားေျပာခဲ့တဲ့ ခရစ္တီးနာက “အေျခအေနကေတာ့ တကယ့္ကို႐ႈးၿပီး ေတာ္ေတာ္မမွ်တတာပဲ။ ဒါေပမယ့္လည္း က်မက ဒီကိစၥကို ဦးေဆာင္ထိန္းခ်ဳပ္တဲ့သူလည္းမဟုတ္ေတာ့ အမုန္းလည္းမပြားခ်င္ပါဘူး။ နည္းနည္း အျပစ္ရွိသလုိေတာ့ ခံစားရတယ္၊ ဘာလို႔လဲဆုိေတာ့ က်မက သူနဲ႔စကားေျပာမိလုိ႔ သူဒီလုိျဖစ္သြားတာေလ၊ ဒါေပမယ့္ ဒါက က်မအျပစ္မဟုတ္ပါဘူး။ ဒီဗီြဒီယုိကေန သူဒီလုိ နာမည္ႀကီးသြားတာကလည္း က်မအျပစ္မဟုတ္ဘူးေလ” လုိ႔ ေျပာသြားပါတယ္။

အာေရဗစ္သတင္းမီဒီယာအခ်ိဳ႕အရ အဘူဆင္းကို အာမခံနဲ႔လႊတ္ထားေပမယ့္ ေထာင္ဒဏ္ႏွစ္အနည္းငယ္ က်ႏုိင္တယ္လို႔လည္း သိရပါတယ္။

အဘူဆင္းကလည္း မိန္းကေလးေတြနဲ႔ အြန္လုိင္းမွာ ဗီြဒီယုိနဲ႔စကားေျပာတာ ေနာက္ဘယ္ေတာ့မွ မလုပ္ေတာ့ဘူးလုိ႔ ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
 ဆော်ဒီအာရေဗီးယားနိုင်ငံက ၁၉ နှစ်အရွယ်ဆယ်ကျော်သက် လူငယ်တဦးဟာ အွန်လိုင်းပေါ်မှာ အမေရိကန်နိုင်ငံသူတဦးနဲ့ စကားပြောခဲ့လို့ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
ဆော်ဒီနိုင်ငံသား အဘူဆင်းဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမြို့က အသက် ၂၁ နှစ်အရွယ် ကရစ်စတီနာခရော့ကက်တ်ဆိုတဲ့ အမျိုးသမီးနဲ့ အွန်လိုင်းပေါ်မှာ ဗွီဒီယိုနဲ့ စကားပြောရင်း သူငယ်ချင်းဖြစ်ခဲ့ကြတာပါ။

သူတို့ ၂ ဦးဟာ တစ်ဦးနဲ့တစ်ဦးပြောတာကို နည်းနည်းပဲနားလည်ကြပေမယ့် သူတို့ ၂ ယောက် စကားပြောနေကြတဲ့ အရမ်းထူးခြားနေတဲ့ ဗွီဒီယိုကလစ်ပ်ဟာ ယူကျု့ပေါ်မှာ နာမည်ကြီးသွားတာပါ။

အောက်တိုဘာ ၁၈ ရက်နေ့က တင်ထားတဲ့ ယူကျု့ဗွီဒီယိုကလစ်ကို ကြည့်ရှုသူတွေကလည်း ဒီလိုစကားပြောနေတာကို နှစ်ခြိုက်ကြောင်း၊ ဒီဗွီဒီယိုကလစ်ကို မကြည့်ပဲမနေနိုင်တဲ့ အကြောင်း၊ တစ်ချို့ကလည်း အဘူဆင်းဘာတွေပြောနေတာလည်း နားလည်ချင်ကြောင်း လှောင်ပြောကြသလို အချို့ကလည်း အဘူဆင်းက ကရစ်စတီနာကို သေလောက်အောင်ချစ်ကြောင်း ပြောချင်တာလို့ အမျိုးမျိုးပြောကြတာပါ။

ဒါပေမယ့် ကံမကောင်းစွာနဲ့ သူတို့ ၂ ဦး အွန်လိုင်းမှာ စကားပြောနေတုန်း ဆော်ဒီအာဏာပိုင်တွေက လာရောက်ဖမ်းဆီးသွားတာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။

အဘူဆင်းကို “ဘာသာရေးတန်ဖိုးနဲ့ ကောင်းတဲ့အမူအကျင့်ကို ဖောက်ဖျက်မှု ဥပဒေ”နဲ့ ဖမ်းလိုက်တာ ဖြစ်ပါတယ်။

ဒီအပေါ်မှာလည်း ဆော်ဒီအာဏာပိုင်တွေကို ဝေဖန်ခဲ့ကြပြီး အဘူဆင်းနဲ့ စကားပြောခဲ့တဲ့ ခရစ်တီးနာက “အခြေအနေကတော့ တကယ့်ကိုရှုးပြီး တော်တော်မမျှတတာပဲ။ ဒါပေမယ့်လည်း ကျမက ဒီကိစ္စကို ဦးဆောင်ထိန်းချုပ်တဲ့သူလည်းမဟုတ်တော့ အမုန်းလည်းမပွားချင်ပါဘူး။ နည်းနည်း အပြစ်ရှိသလိုတော့ ခံစားရတယ်၊ ဘာလို့လဲဆိုတော့ ကျမက သူနဲ့စကားပြောမိလို့ သူဒီလိုဖြစ်သွားတာလေ၊ ဒါပေမယ့် ဒါက ကျမအပြစ်မဟုတ်ပါဘူး။ ဒီဗွီဒီယိုကနေ သူဒီလို နာမည်ကြီးသွားတာကလည်း ကျမအပြစ်မဟုတ်ဘူးလေ” လို့ ပြောသွားပါတယ်။

အာရေဗစ်သတင်းမီဒီယာအချို့အရ အဘူဆင်းကို အာမခံနဲ့လွှတ်ထားပေမယ့် ထောင်ဒဏ်နှစ်အနည်းငယ် ကျနိုင်တယ်လို့လည်း သိရပါတယ်။

အဘူဆင်းကလည်း မိန်းကလေးတွေနဲ့ အွန်လိုင်းမှာ ဗွီဒီယိုနဲ့စကားပြောတာ နောက်ဘယ်တော့မှ မလုပ်တော့ဘူးလို့ ပြောသွားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top