Property Expo
×

 အသည္းေရာဂါ(စီပိုး)ရွိသူမ်ားသည္ ယင္းေရာဂါမရွိသူမ်ား၊ တစ္ သက္လံုးအရက္ေရွာင္သူမ်ား(သို႔မဟုတ္)အရက္လြန္လြန္က်ဴးက်ဴး ေသာက္ေလ့မရွိသူမ်ားထက္ တစ္ေန႔လွ်င္ အရက္ငါးပက္ (သို႔မ ဟုတ္) ယင္းထက္ပို၍ ေသာက္သံုးႏိုင္ေျခပိုမ်ားၿပီး အႏၲရာယ္ဆိုးႏွင့္ ႀကံဳေတြ႕ႏိုင္ေၾကာင္း ပညာရွင္မ်ားက ေျပာၾကားသည္။

အရက္ေသာက္ျခင္းေၾကာင့္ အသည္းေရာဂါ(စီပိုး)ရွိသူမ်ား တြင္ အသည္းထိခိုက္ပ်က္စီးမႈကို လ်င္ျမန္စြာ ဆိုးရြားလာေစႏိုင္ ေသာေၾကာင့္ အလြန္အႏၲရာယ္မ်ားေၾကာင္း အေမရိကန္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးဌာန၊ အသည္းေရာဂါဆိုင္ရာ ဌာနခြဲမွ သုေတ  သီအဖြဲ႕ေခါင္းေဆာင္ အမ္ဘာအယ္လ္ေတလာက ေျပာၾကားသည္။ ၂၀၁၀ က အသည္းေရာဂါ(စီပိုး)ရွိသူမ်ား ေသဆံုးရသည့္ တတိယေျမာက္ အမ်ားဆံုးအေၾကာင္းရင္းသည္ အရက္ေသာက္ျခင္း ႏွင့္ဆိုင္ေသာ အသည္းေရာဂါျဖစ္ေၾကာင္း Preventive Medicine ဂ်ာနယ္တြင္ ေရးသားေဖာ္ျပထားသည္။

သုေတသီမ်ားက တစ္သက္လံုး အရက္ေရွာင္သူမ်ား၊ ယခင္ က အရက္ေသာက္သံုးခဲ့သူမ်ား၊ အရက္ကို လြန္လြန္က်ဴးက်ဴး မေသာက္သံုးသူမ်ား၊ လက္ရွိ အရက္ကို အလြန္အကြၽံေသာက္သူမ်ား ဟူ၍ အုပ္စုေလးစုခြဲ၍ အသည္းေရာဂါ(စီပိုး)ျဖစ္ပြားမႈႏႈန္းကို ေလ့ လာခဲ့ျခင္းျဖစ္သည္။

အသည္းေရာဂါ(စီပိုး)ရွိေနေၾကာင္း စစ္ေဆးေတြ႕ရွိသူမ်ားအ နက္ ၅၀ ရာခိုင္ႏႈန္းသည္ ၎တို႔တြင္ စီပိုးရွိေနေၾကာင္း ယခင္က သတိမထားမိခဲ့သူမ်ားျဖစ္ေနေၾကာင္း သုေတသီမ်ားေလ့လာေတြ႕ရွိ ခဲ့သည္။

အသည္းေရာဂါ(စီပိုး)ရွိသူမ်ား၏ထက္ဝက္သည္ ၎တို႔တြင္ ယင္းေရာဂါရွိေနျခင္းကိုေသာ္လည္းေကာင္း၊ ၎တို႔ အရက္ေသာက္ လွ်င္ ႀကံဳေတြ႕ႏုိင္သည့္ ျပင္းထန္ေသာ အႏၲရာယ္ကိုေသာ္လည္း ေကာင္း သတိမျပဳမိၾကဟု ေတလာက ေျပာသည္။

ယခုေလ့လာမႈက အသည္းေရာဂါ(စီပိုး)ရွိသူမ်ား အရက္မ ေသာက္သင့္ေၾကာင္း ေဖာ္ျပေနၿပီး ေရာဂါရွိေနၿပီး သတိမထားမိ ျဖစ္ေနသူမ်ားကို ေစာစီးစြာ စစ္ေဆးရန္ လိုအပ္ေၾကာင္း ေဖာ္ျပေန သည္ဟု သုေတသီမ်ားက ေျပာသည္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 အသည်းရောဂါ(စီပိုး)ရှိသူများသည် ယင်းရောဂါမရှိသူများ၊ တစ် သက်လုံးအရက်ရှောင်သူများ(သို့မဟုတ်)အရက်လွန်လွန်ကျူးကျူး သောက်လေ့မရှိသူများထက် တစ်နေ့လျှင် အရက်ငါးပက် (သို့မ ဟုတ်) ယင်းထက်ပို၍ သောက်သုံးနိုင်ခြေပိုများပြီး အန္တရာယ်ဆိုးနှင့် ကြုံတွေ့နိုင်ကြောင်း ပညာရှင်များက ပြောကြားသည်။

အရက်သောက်ခြင်းကြောင့် အသည်းရောဂါ(စီပိုး)ရှိသူများ တွင် အသည်းထိခိုက်ပျက်စီးမှုကို လျင်မြန်စွာ ဆိုးရွားလာစေနိုင် သောကြောင့် အလွန်အန္တရာယ်များကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန၊ အသည်းရောဂါဆိုင်ရာ ဌာနခွဲမှ သုတေ  သီအဖွဲ့ခေါင်းဆောင် အမ်ဘာအယ်လ်တေလာက ပြောကြားသည်။ ၂၀၁၀ က အသည်းရောဂါ(စီပိုး)ရှိသူများ သေဆုံးရသည့် တတိယမြောက် အများဆုံးအကြောင်းရင်းသည် အရက်သောက်ခြင်း နှင့်ဆိုင်သော အသည်းရောဂါဖြစ်ကြောင်း Preventive Medicine ဂျာနယ်တွင် ရေးသားဖော်ပြထားသည်။

သုတေသီများက တစ်သက်လုံး အရက်ရှောင်သူများ၊ ယခင် က အရက်သောက်သုံးခဲ့သူများ၊ အရက်ကို လွန်လွန်ကျူးကျူး မသောက်သုံးသူများ၊ လက်ရှိ အရက်ကို အလွန်အကျွံသောက်သူများ ဟူ၍ အုပ်စုလေးစုခွဲ၍ အသည်းရောဂါ(စီပိုး)ဖြစ်ပွားမှုနှုန်းကို လေ့ လာခဲ့ခြင်းဖြစ်သည်။

အသည်းရောဂါ(စီပိုး)ရှိနေကြောင်း စစ်ဆေးတွေ့ရှိသူများအ နက် ၅၀ ရာခိုင်နှုန်းသည် ၎င်းတို့တွင် စီပိုးရှိနေကြောင်း ယခင်က သတိမထားမိခဲ့သူများဖြစ်နေကြောင်း သုတေသီများလေ့လာတွေ့ရှိ ခဲ့သည်။

အသည်းရောဂါ(စီပိုး)ရှိသူများ၏ထက်ဝက်သည် ၎င်းတို့တွင် ယင်းရောဂါရှိနေခြင်းကိုသော်လည်းကောင်း၊ ၎င်းတို့ အရက်သောက် လျှင် ကြုံတွေ့နိုင်သည့် ပြင်းထန်သော အန္တရာယ်ကိုသော်လည်း ကောင်း သတိမပြုမိကြဟု တေလာက ပြောသည်။

ယခုလေ့လာမှုက အသည်းရောဂါ(စီပိုး)ရှိသူများ အရက်မ သောက်သင့်ကြောင်း ဖော်ပြနေပြီး ရောဂါရှိနေပြီး သတိမထားမိ ဖြစ်နေသူများကို စောစီးစွာ စစ်ဆေးရန် လိုအပ်ကြောင်း ဖော်ပြနေ သည်ဟု သုတေသီများက ပြောသည်။ 

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top