Property Expo
×

ဖိလစ္ပုိင္ႏုိင္ငံမွာ အမ်ားျပည္သူၾကား ေဆးလိပ္ေသာက္ျခင္းကုိ သမၼတဒူတာေတးက တားျမစ္ပိတ္ပင္သြားမယ္လုိ႕ ဆုိပါတယ္။ အမ်ားျပည္သူၾကား ေဆးလိပ္ေသာက္ျခင္းကုိ ယခုလအတြင္း စတင္ပိတ္ပင္သြားမွာျဖစ္ေၾကာင္း ဖိလစ္ပိုင္ က်န္းမာေရးဝန္ႀကီးဌာနက ယေန႕ (ေအာက္တုိဘာ ၁၂ ရက္) ေျပာၾကားပါတယ္။

ဖိလစ္ပုိင္သမၼတ ဒူတာေတးဟာ ၾကမ္းတမ္းျပင္းထန္တဲ့ မူးယစ္ေဆးဝါးနဲ႕ ရာဇဝတ္မႈႏွိမ္နင္းေရး စစ္ဆင္ေရးလုပ္ေဆာင္မႈေတြေၾကာင့္ နာမည္ႀကီးေနသူျဖစ္ၿပီး ၎ သမၼတျဖစ္လာတဲ့ ဇူလုိင္လမွစၿပီး ယခုအခ်ိန္ထိ လူေပါင္း ၃,၀၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။ ဒူတာေတးက ညပိုင္းေတြမွာ ကေလးငယ္ေတြ အိမ္ျပင္မထြက္ရတဲ့ သတ္မွတ္ခ်က္၊ ညပုိင္းမွာ အရက္ေရာင္းခ်ခြင့္ပိတ္ပင္မႈနဲ႕ အမ်ဳိးသားေတြ အကၤ်ီမဝတ္ဘဲ  အိမ္ျပင္မထြက္ရတဲ့ သတ္မွတ္ခ်က္ေတြကုိလည္း ျပဌာန္းခဲ့ပါတယ္။

ယခု ျပဌာန္းသြားမယ့္ ဥပေဒမွာ ေဆးလိပ္ေၾကာ္ျငာေတြ ပိတ္ပင္မႈနဲ႕ အမ်ားျပည္သူဆုိင္ရာ အေဆာက္အအုံမ်ားအတြင္း ေဆးလိပ္ေသာက္ခြင့္ ပိတ္ပင္မႈေတြ ပါဝင္လာမယ္လုိ႕ ဆုိပါတယ္။ ဒါ့အျပင္ စီကရက္ဗူးေတြေပၚမွာလည္း က်န္းမာေရးအႏၱရာယ္႐ွိေၾကာင္း ထင္႐ွားျမင္သာတဲ့ သတိေပး စာသားနဲ႕ပုံရိပ္ေတြ ႐ိုက္ႏွိပ္ေဖာ္ျပထားရမွာ ျဖစ္ပါတယ္။

ဖိလစ္ပုိင္သမၼတ ဒူတာေတးဟာ ၂၀၀၂ ခုႏွစ္က ဒါဗာအုိၿမဳိ႕ အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ တာဝန္ယူခဲ့စဥ္ကတည္းက အဆုိပါၿမဳိ႕ရဲ႕ အမ်ားျပည္သူနဲ႕ သက္ဆုိင္တဲ့ေနရာေတြမွာ ေဆးလိပ္မေသာက္ရန္ ပိတ္ပင္ခဲ့ပါတယ္။ ကုလသမဂၢရဲ႕ ၂၀၁၃ ခုႏွစ္ စာရင္းမ်ားအရ ဖိလစ္ပုိင္လူဦးေရ ၂၀.၆ ရာခုိင္ႏႈန္းဟာ ေဆးလိပ္ေသာက္ၾကတယ္လို႕ ဆုိပါတယ္။ ဖိလစ္ပိုင္မွာ လူဦးေရ ၁၀၁ သန္း႐ွိၿပီး ေဆးလိပ္ေသာက္မႈ အမ်ားဆုံး ၁၅ ႏိုင္ငံစာရင္းမွာ ပါဝင္ေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဖိလစ်ပိုင်နိုင်ငံမှာ အများပြည်သူကြား ဆေးလိပ်သောက်ခြင်းကို သမ္မတဒူတာတေးက တားမြစ်ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။ အများပြည်သူကြား ဆေးလိပ်သောက်ခြင်းကို ယခုလအတွင်း စတင်ပိတ်ပင်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာ ၁၂ ရက်) ပြောကြားပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ကြမ်းတမ်းပြင်းထန်တဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေး စစ်ဆင်ရေးလုပ်ဆောင်မှုတွေကြောင့် နာမည်ကြီးနေသူဖြစ်ပြီး ၎င်း သမ္မတဖြစ်လာတဲ့ ဇူလိုင်လမှစပြီး ယခုအချိန်ထိ လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒူတာတေးက ညပိုင်းတွေမှာ ကလေးငယ်တွေ အိမ်ပြင်မထွက်ရတဲ့ သတ်မှတ်ချက်၊ ညပိုင်းမှာ အရက်ရောင်းချခွင့်ပိတ်ပင်မှုနဲ့ အမျိုးသားတွေ အင်္ကျီမဝတ်ဘဲ  အိမ်ပြင်မထွက်ရတဲ့ သတ်မှတ်ချက်တွေကိုလည်း ပြဌာန်းခဲ့ပါတယ်။

ယခု ပြဌာန်းသွားမယ့် ဥပဒေမှာ ဆေးလိပ်ကြော်ငြာတွေ ပိတ်ပင်မှုနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံများအတွင်း ဆေးလိပ်သောက်ခွင့် ပိတ်ပင်မှုတွေ ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စီကရက်ဗူးတွေပေါ်မှာလည်း ကျန်းမာရေးအန္တရာယ်ရှိကြောင်း ထင်ရှားမြင်သာတဲ့ သတိပေး စာသားနဲ့ပုံရိပ်တွေ ရိုက်နှိပ်ဖော်ပြထားရမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ၂၀၀၂ ခုနှစ်က ဒါဗာအိုမြို့ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့စဉ်ကတည်းက အဆိုပါမြို့ရဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်မသောက်ရန် ပိတ်ပင်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ၂၀၁၃ ခုနှစ် စာရင်းများအရ ဖိလစ်ပိုင်လူဦးရေ ၂၀.၆ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ကြတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်မှာ လူဦးရေ ၁၀၁ သန်းရှိပြီး ဆေးလိပ်သောက်မှု အများဆုံး ၁၅ နိုင်ငံစာရင်းမှာ ပါဝင်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top