Property Expo
×

ေအာက္တုိဘာလ (၂၃)ရက္ေန ့ နံနက္ ၁၀: ၃၀ အခ်ိန္ခန္႔တြင္ သံေတာင္ႀကီးၿမိဳ႕နယ္၊ ကယာခ်ီးေက်းရြာ တြင္ ေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့ရာ အမ်ိဳးသား (၃) ဦးႏွင့္ အမ်ိဳးသမီး (၂)ဦး စုစုေပါင္း(၅) ဦး ဒဏ္ရာရရိွခဲ့ေၾကာင္း သိရပါသည္။

သံေတာင္ႀကီးၿမိဳ႕ေပၚသို႔ ေနာက္ဆံုးေရာက္လာေသာ လူနာ မွာ ညေန (၆ :၁၅) အခ်ိန္ ျဖစ္ကာ သံေတာင္ႀကီးေဆးရံုတြင္ အေရးေပၚကုသမႈမ်ားေပးၿပီး ေတာင္ငူေဆးရံုႀကီးသို႔ ညေန (၇:၁၅) အခ်ိန္တြင္ ဆက္လက္ပို႔ေဆာင္ ခဲ့ပါသည္။


ေပါက္ကြဲမႈျဖစ္စဥ္တြင္ မည္ကဲ့သို႔ျဖစ္ပ်က္သည္ကိုမူ အတိအက်မသိရေသးေပ။

"ေဘးအိမ္မွာဆံပင္ သြားညႇပ္ၿပီး စကားထိုင္ေျပာေနတဲ့အခ်ိန္မွာ ေပါက္ကြဲသြာတာ သတိျပန္လည္လာေတာ့ အိမ္ကိုျပန္ပို႔ခံရၿပီ "ဟု ဒါဏ္ရာရရွိသူ တစ္ဦးျဖစ္ေသာ ေစာရွဲလ္ဝီးမွ ေျပာျပပါသည္။

ဒဏ္ရာရရွိသူမ်ားမွာ -
ေစာယြာမာဒါဆိုး (၃၀)ႏွစ္
ေနာ္အဲမေလေဖာ(၆၀) ႏွစ္
ဦးနယ္လ္ဆင္ ( ၅၇ )ႏွစ္
ေစာရွဲလ္ဝီး(၂၆) ႏွစ္
ေဒၚဂ်ဲေဖာ (၄၉)ႏွစ္တို႔ျဖစ္ၾကပါသည္။

ကယာခ်ီးေက်းရြာသည္ သံေတာင္ႀကီးၿမိဳ႕မွ (၆ ) နာရီခန္႔ေျခလ်င္ေလၽွာက္ရၿပီး ဆိုင္ကယ္ျဖင့္ သြားပါက ၂ နာရီခန္႔ သြားရေသာ္လည္း လမ္းအလြန္ ၾကမ္းေၾကာင္း သံေတာင္ၾကီး သတင္းအရ သိရပါသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode  Version
အောက်တိုဘာလ (၂၃)ရက်နေ့ နံနက် ၁၀: ၃၀ အချိန်ခန့်တွင် သံတောင်ကြီးမြို့နယ်၊ ကယာချီးကျေးရွာ တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း(၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

သံတောင်ကြီးမြို့ပေါ်သို့ နောက်ဆုံးရောက်လာသော လူနာ မှာ ညနေ (၆ :၁၅) အချိန် ဖြစ်ကာ သံတောင်ကြီးဆေးရုံတွင် အရေးပေါ်ကုသမှုများပေးပြီး တောင်ငူဆေးရုံကြီးသို့ ညနေ (၇:၁၅) အချိန်တွင် ဆက်လက်ပို့ဆောင် ခဲ့ပါသည်။


ပေါက်ကွဲမှုဖြစ်စဉ်တွင် မည်ကဲ့သို့ဖြစ်ပျက်သည်ကိုမူ အတိအကျမသိရသေးပေ။

"ဘေးအိမ်မှာဆံပင် သွားညှပ်ပြီး စကားထိုင်ပြောနေတဲ့အချိန်မှာ ပေါက်ကွဲသွာတာ သတိပြန်လည်လာတော့ အိမ်ကိုပြန်ပို့ခံရပြီ "ဟု ဒါဏ်ရာရရှိသူ တစ်ဦးဖြစ်သော စောရှဲလ်ဝီးမှ ပြောပြပါသည်။

ဒဏ်ရာရရှိသူများမှာ -
စောယွာမာဒါဆိုး (၃၀)နှစ်
နော်အဲမလေဖော(၆၀) နှစ်
ဦးနယ်လ်ဆင် ( ၅၇ )နှစ်
စောရှဲလ်ဝီး(၂၆) နှစ်
ဒေါ်ဂျဲဖော (၄၉)နှစ်တို့ဖြစ်ကြပါသည်။

ကယာချီးကျေးရွာသည် သံတောင်ကြီးမြို့မှ (၆ ) နာရီခန့်ခြေလျင်လျှောက်ရပြီး ဆိုင်ကယ်ဖြင့် သွားပါက ၂ နာရီခန့် သွားရသော်လည်း လမ်းအလွန် ကြမ်းကြောင်း သံတောင်ကြီး သတင်းအရ သိရပါသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top