Property Expo
×

႐ုရွားႏုိင္ငံ လမ္းမထက္ တစ္ေနရာမွာအနမ္းေျခြေနၾကတဲ့ စံုတြဲတစ္တြဲဟာ အမ်ိဳးသမီးႏွစ္ဦး ဝင္ေရာက္႐ိုက္ႏွက္တိုက္ခိုက္ျခင္းကို ခံစားလိုက္ရပါတယ္။ လမ္းသြားလမ္းလာ တစ္ဦး႐ိုက္ကူးထားတဲ့ အဆိုပါ႐ုပ္သံကို ႐ုရွား ျပည္တြင္း ႐ုပ္သံအခ်ိဳ႕ကေတာင္ ျပန္လည္ထုတ္လႊင့္ခဲ့ပါေသးတယ္။

လူငယ္စံုတြဲတစ္တြဲဟာ အေဆာက္အဦ တစ္ခုရဲ႕ နံေဘးမွာ ရပ္ေနၿပီး အနမ္းေျခြေနၾကတာပါ။ ဒီျမင္ကြင္းကို သေဘာက်တဲ့ လမ္းသြားလမ္းလာတစ္ဦးက စမတ္ဖုန္းနဲ႔ ႐ိုက္ကူးထားခဲ့ၿပီး ဟုတ္ၿပီကြ၊ လုပ္ထားကြ ဆိုတဲ့ အားေပးသံေတြကို ေျပာၾကားေနခဲ့တာ ဗီဒီယုိဖိုင္ထဲက တဆင့္ ၾကားခဲ့ရပါတယ္။ သူတို႔ႏွစ္ဦး အနမ္းေျခြလို႔ မၿပီးခင္မွာပဲ အမ်ိဳးသမီးသံုးဦးဟာ အနားကို ႐ုတ္တရက္ ေရာက္လာခဲ့ပါတယ္။

အမ်ိဳးသားနဲ႔ အနမ္းေျခြေနတဲ့ အမ်ိဳးသမီးကို ဝင္လာတဲ့ အမ်ိဳးသမီး သံုးဦးထဲက ႏွစ္ဦးက ႐ုတ္တရက္ စတင္႐ိုက္ႏွက္ တိုက္ခဲ့တာပါ။ " နင္ဘာလုပ္တာလဲ။ ဘာလို႔ ငါ့ရည္းစားကိုလုတာလဲ" ဆိုတဲ့ စကားသံေတြကို ေျပာေနခဲ့တာ ဗီဒီယုိဖိုင္ထဲမွာ ၾကားခဲ့ရတာပါ။ ျမင္ကြင္းအရေတာ့ အမ်ိဳးသားက ျဖန္ေျဖဖို႔ ႀကိဳးစားေနခဲ့ေပမယ့္ တိုက္ခိုက္မခံခဲ့ရပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ရုရှားနိုင်ငံ လမ်းမထက် တစ်နေရာမှာအနမ်းခြွေနေကြတဲ့ စုံတွဲတစ်တွဲဟာ အမျိုးသမီးနှစ်ဦး ဝင်ရောက်ရိုက်နှက်တိုက်ခိုက်ခြင်းကို ခံစားလိုက်ရပါတယ်။ လမ်းသွားလမ်းလာ တစ်ဦးရိုက်ကူးထားတဲ့ အဆိုပါရုပ်သံကို ရုရှား ပြည်တွင်း ရုပ်သံအချို့ကတောင် ပြန်လည်ထုတ်လွှင့်ခဲ့ပါသေးတယ်။

လူငယ်စုံတွဲတစ်တွဲဟာ အဆောက်အဦ တစ်ခုရဲ့ နံဘေးမှာ ရပ်နေပြီး အနမ်းခြွေနေကြတာပါ။ ဒီမြင်ကွင်းကို သဘောကျတဲ့ လမ်းသွားလမ်းလာတစ်ဦးက စမတ်ဖုန်းနဲ့ ရိုက်ကူးထားခဲ့ပြီး ဟုတ်ပြီကွ၊ လုပ်ထားကွ ဆိုတဲ့ အားပေးသံတွေကို ပြောကြားနေခဲ့တာ ဗီဒီယိုဖိုင်ထဲက တဆင့် ကြားခဲ့ရပါတယ်။ သူတို့နှစ်ဦး အနမ်းခြွေလို့ မပြီးခင်မှာပဲ အမျိုးသမီးသုံးဦးဟာ အနားကို ရုတ်တရက် ရောက်လာခဲ့ပါတယ်။

အမျိုးသားနဲ့ အနမ်းခြွေနေတဲ့ အမျိုးသမီးကို ဝင်လာတဲ့ အမျိုးသမီး သုံးဦးထဲက နှစ်ဦးက ရုတ်တရက် စတင်ရိုက်နှက် တိုက်ခဲ့တာပါ။ " နင်ဘာလုပ်တာလဲ။ ဘာလို့ ငါ့ရည်းစားကိုလုတာလဲ" ဆိုတဲ့ စကားသံတွေကို ပြောနေခဲ့တာ ဗီဒီယိုဖိုင်ထဲမှာ ကြားခဲ့ရတာပါ။ မြင်ကွင်းအရတော့ အမျိုးသားက ဖြန်ဖြေဖို့ ကြိုးစားနေခဲ့ပေမယ့် တိုက်ခိုက်မခံခဲ့ရပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top