Property Expo
×

သူကကိုယ့့္ထက္ႀကီးသည္ျဖစ္ေစ၊ငယ္သည္ျဖစ္ေစညီအစ္ေတြဆိုတာ ေလာကဓံတရားကိုအတူျဖတ္ေက်ာ္မွာပါ။ႏွစ္ေယာက္က အမ်ိဳးမ်ိဳးေသာအေၾကာင္းေတြေၾကာင့္ ဘယ္ေလာက္ပဲအျငင္းပြားေနပင္မယ့္လည္း ေလာကၾကီးက တို႔ႏွစ္ေယာက္ကို ဘ၀မွာအတူတူေနထိုင္ဖို႔အတြက္ သတ္မွတ္ေပးၿပီးသားပါ။ သူက မိသားစု ၀င္ျဖစ္႐ံုသာမက သူငယ္ခ်င္းေကာင္းဆိုလည္း ဟုတ္တယ္။ သူကကိုယ့္အတြက္ သူငယ္ခ်င္းေကာင္းဟုတ္မဟုတ္ ဆိုတာ ေအာက္က အခ်က္(၇)ခ်က္ႏွင့္ စစ္ေဆးၾကည့္လိုက္ပါ။

၁. သူ႕ကို ဘယ္အေၾကာင္းအရာကိုမဆိုတိုင္ပင္လို႔ရတယ္။

ဘယ္လိုအရာေတြျဖစ္လာလာ သူကေတာ့ ကိုယ့့္အေတြးထဲမွာ ပထမဆံုးစဥ္းစားမိသူပါ။ သူငယ္ခ်င္း အခ်င္းခ်င္းအဆင္မေျပတဲ့ကိစၥျဖစ္ျဖစ္ (ဒါမွမဟုတ္) ေယာက်္ားေလးနဲ႔ အဆင္မေျပတဲ့ကိစၥျဖစ္ၿဖစ္ ႐ွိလာမယ္ဆိုရင္ သူက အခက္အခဲေတြ၊အဆင္မေျပမႈေတြအကုန္လံုးကို နားေထာင္ေပးဖို႔အဆင္သင့္ ရွိေနမွာပါ။

၂. အက်ႌေတြလည္း အတူတူမွ်၀တ္လို႔ရတယ္။

အဲဒါေၾကာင့္ တစ္ခါတေလ တစ္ေယာက္အ၀တ္အစားတစ္ေယာက္ညီတူညီမွ်၀တ္တာထက္ ဒီအတိုင္းယူ၀တ္လိုက္တာ ပိုမ်ားပါတယ္။ ဒါေပမယ့္ သူရဲ႕အျပာေရာင္အက်ၤီေလးကို ဝတ္လိုက္ရင္ အရမ္းခ်စ္စရာေကာင္းေနလိမ့္မယ္။

၃. ေပါေတာေတာလုပ္ရပ္ေတြကို တစ္ေယာက္နဲ႕တစ္ေယာက္ လက္ခံေပးႏုိင္တယ္။

ႏွစ္ေယာက္ အတူတူေပါေတာေတာလုပ္လို႔ရသလို အဲဒီ့လိုလုပ္ရပ္ေတြကိုလည္း အျပည့္အ၀လက္ခံေပးႏုိင္တယ္လို႔ ခံစားရတယ္။ တစ္ခါတေလ တစ္ေယာက္ႏွင့္တစ္ေယာက္ စေနာက္ရာကေန အနည္းငယ္ခံစားရတာရွိေကာင္း ရွိႏိုင္တယ္ေလ။ ဒါေပမယ့္ အဲဒီလိုေတြေၾကာင့္ ကိုယ့္မွာ ေမွ်ာ္လင့္ခ်က္ေတြေတာ့ မထားတတ္ဘူး။ ညီအစ္မေတြ ၿဖစ္ေနတာေၾကာင့္ေပါ့။

၄. တစ္ေယာက္ရဲ႕အေတြ႕အႀကံဳကေန တစ္ေယာက္က သင္ယူလို႔ရတယ္။

ျဖတ္သန္းခဲ့ရတဲ့အေတြ႕အႀကံဳေတြကေတာ့ တူညီၾကေပမယ့္ ျဖတ္သန္းခဲ့ရပံုကေတာ့ တူညီခ်င္မွတူလိမ့္မယ္။ ေျပာရမယ္ဆိုရင္ေတာ့ ေတြ႕ႀကံဳခဲ့ရတဲ့အေတြ႕အႀကံဳေတြကေန တစ္ေယာက္ကိုတစ္ေယာက္ အၾကံဥာဏ္ေတြ မွ်ေဝႏိုင္တာေၾကာင့္ တကယ္ကို အားကိုးရပါတယ္။

၅. အၿမဲ အတူတူ ဓာတ္ပံုေလးေတြရိုက္လို႔ရပါတယ္။

အရွိအတိုင္းေျပာရမယ္ဆိုရင္ေတာ့ ဖုန္းထဲက ဓာတ္ပံုဖိုင္ရဲ႕၉၈ရာခိုင္ႏႈန္းက ညီမႏွစ္ေယာက္ပံုေတြပါပဲ။

၆. သူနဲ႔ဆို ပြင့္ပြင့္လင္းလင္းေျပာဆိုလို႔ရပါတယ္။

ဒီႏႈတ္ခမ္းနီေရာင္ေလးက ငါနဲ႔လိုက္ရဲ႕လား။ ငါ ဒီစကတ္ကို ဒီညပဲြကို ၀တ္သြားသင့္လား။ အဲဒီလိုေမးခြန္းမ်ိဳးေတြကို သူသာလွ်င္ အပြင္းလင္းဆံုး အၾကံေပးမွာပါ။

၇. အျပန္အလွန္အကူအညီေတြေပးၾကပါလိမ့္မယ္။

တစ္ခါတေလ ညီမ၊အစ္မနဲ႔ စိတ္အခန္႔မသင့္စရာႀကံဳလာေပမယ့္ သူမမရွိပဲ သင့္ဘ၀ကိုဘယ္လိုပံုေဖာ္ရမွန္း မသိျဖစ္ေနလိမ့္မယ္။ သူအခက္အခဲႀကံဳလာခ်ိန္မွာ သူ႔အတြက္ရပ္တည္ေပးသလို သူကလည္း ကိုယ့္ကို ကူညီဖို႔ရန္ အသင့္ၿဖစ္ေနမွာပါ။

ကဲ ညီအစ္မေတြက သူငယ္ခ်င္းေကာင္းေတြ(BFFs)လား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Chelmo Team

#Unicode Version
သူက ကိုယ့့်ထက်ကြီးသည်ဖြစ်စေ၊ငယ်သည်ဖြစ်စေ ညီအစ်တွေဆိုတာ လောကဓံတရားကိုအတူဖြတ်ကျော်မှာပါ။

နှစ်ယောက်က အမျိုးမျိုးသောအကြောင်းတွေကြောင့် ဘယ်လောက်ပဲအငြင်းပွားနေပင်မယ့်လည်း လောကကြီးက တို့နှစ်ယောက်ကို ဘဝမှာအတူတူနေထိုင်ဖို့အတွက် သတ်မှတ်ပေးပြီးသားပါ။ သူက မိသားစု ဝင်ဖြစ်ရုံသာမက သူငယ်ချင်းကောင်းဆိုလည်း ဟုတ်တယ်။ သူကကိုယ့်အတွက် သူငယ်ချင်းကောင်းဟုတ်မဟုတ် ဆိုတာ အောက်က အချက်(၇)ချက်နှင့် စစ်ဆေးကြည့်လိုက်ပါ။

၁. သူ့ကို ဘယ်အကြောင်းအရာကိုမဆိုတိုင်ပင်လို့ရတယ်။

ဘယ်လိုအရာတွေဖြစ်လာလာ သူကတော့ ကိုယ့့်အတွေးထဲမှာ ပထမဆုံးစဉ်းစားမိသူပါ။ သူငယ်ချင်း အချင်းချင်းအဆင်မပြေတဲ့ကိစ္စဖြစ်ဖြစ် (ဒါမှမဟုတ်) ယောကျ်ားလေးနဲ့ အဆင်မပြေတဲ့ကိစ္စဖြစ်ဖြစ် ရှိလာမယ်ဆိုရင် သူက အခက်အခဲတွေ၊အဆင်မပြေမှုတွေအကုန်လုံးကို နားထောင်ပေးဖို့အဆင်သင့် ရှိနေမှာပါ။

၂. အကျႌတွေလည်း အတူတူမျှဝတ်လို့ရတယ်။

အဲဒါကြောင့် တစ်ခါတလေ တစ်ယောက်အဝတ်အစားတစ်ယောက်ညီတူညီမျှဝတ်တာထက် ဒီအတိုင်းယူဝတ်လိုက်တာ ပိုများပါတယ်။ ဒါပေမယ့် သူရဲ့အပြာရောင်အကျၤီလေးကို ဝတ်လိုက်ရင် အရမ်းချစ်စရာကောင်းနေလိမ့်မယ်။

၃. ပေါတောတောလုပ်ရပ်တွေကို တစ်ယောက်နဲ့တစ်ယောက် လက်ခံပေးနိုင်တယ်။

နှစ်ယောက် အတူတူပေါတောတောလုပ်လို့ရသလို အဲဒီ့လိုလုပ်ရပ်တွေကိုလည်း အပြည့်အဝလက်ခံပေးနိုင်တယ်လို့ ခံစားရတယ်။ တစ်ခါတလေ တစ်ယောက်နှင့်တစ်ယောက် စနောက်ရာကနေ အနည်းငယ်ခံစားရတာရှိကောင်း ရှိနိုင်တယ်လေ။ ဒါပေမယ့် အဲဒီလိုတွေကြောင့် ကိုယ့်မှာ မျှော်လင့်ချက်တွေတော့ မထားတတ်ဘူး။ ညီအစ်မတွေ ဖြစ်နေတာကြောင့်ပေါ့။

၄. တစ်ယောက်ရဲ့အတွေ့အကြုံကနေ တစ်ယောက်က သင်ယူလို့ရတယ်။

ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေကတော့ တူညီကြပေမယ့် ဖြတ်သန်းခဲ့ရပုံကတော့ တူညီချင်မှတူလိမ့်မယ်။ ပြောရမယ်ဆိုရင်တော့ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကနေ တစ်ယောက်ကိုတစ်ယောက် အကြံဉာဏ်တွေ မျှဝေနိုင်တာကြောင့် တကယ်ကို အားကိုးရပါတယ်။

၅. အမြဲ အတူတူ ဓာတ်ပုံလေးတွေရိုက်လို့ရပါတယ်။

အရှိအတိုင်းပြောရမယ်ဆိုရင်တော့ ဖုန်းထဲက ဓာတ်ပုံဖိုင်ရဲ့၉၈ရာခိုင်နှုန်းက ညီမနှစ်ယောက်ပုံတွေပါပဲ။

၆. သူနဲ့ဆို ပွင့်ပွင့်လင်းလင်းပြောဆိုလို့ရပါတယ်။

ဒီနှုတ်ခမ်းနီရောင်လေးက ငါနဲ့လိုက်ရဲ့လား။ ငါ ဒီစကတ်ကို ဒီညပွဲကို ဝတ်သွားသင့်လား။ အဲဒီလိုမေးခွန်းမျိုးတွေကို သူသာလျှင် အပွင်းလင်းဆုံး အကြံပေးမှာပါ။

၇. အပြန်အလှန်အကူအညီတွေပေးကြပါလိမ့်မယ်။

တစ်ခါတလေ ညီမ၊အစ်မနဲ့ စိတ်အခန့်မသင့်စရာကြုံလာပေမယ့် သူမမရှိပဲ သင့်ဘဝကိုဘယ်လိုပုံဖော်ရမှန်း မသိဖြစ်နေလိမ့်မယ်။ သူအခက်အခဲကြုံလာချိန်မှာ သူ့အတွက်ရပ်တည်ပေးသလို သူကလည်း ကိုယ့်ကို ကူညီဖို့ရန် အသင့်ဖြစ်နေမှာပါ။

ကဲ ညီအစ်မတွေက သူငယ်ချင်းကောင်းတွေ(BFFs)လား။


ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top