Property Expo
×


ေမာ္ရင္ဟုိ၏ မန္ယူအ သင္းႏွင့္ စတမ္းဖို႔ဒ္ဘရစ္ခ်္သုိ႔ အ ျပန္ခရီးသည္ ၄-၀ ဂုိး ႐ႈံးနိမ့္မႈျဖင့္ အဆံုးသတ္ခဲ့ၿပီးေနာက္ ‘‘မင္းဟာ စပယ္ရွယ္၀မ္းမဟုတ္ေတာ့ဘူး’’ ဟု ခ်ယ္လ္ဆီးပရိသတ္မ်ားက မန္ယူနည္းျပ ေမာ္ရင္ဟုိကုိ ေလွာင္ေျပာင္ခဲ့ၾကသည္။


ခ်ယ္လ္ဆီးကုိ ႏွစ္ႀကိမ္ျပန္ ကုိင္တြယ္ခဲ့ၿပီး အဓိကဆုဖလား ခုနစ္ခုရရိွကာ ခ်ယ္လ္ဆီး၏ အ ေအာင္ျမင္ဆံုးမန္ေနဂ်ာျဖစ္ေသာ ေမာ္ရင္ဟုိသည္ တစ္ခ်ိန္က ၎လွ်မ္းလွ်မ္းေတာက္ခဲ့ေသာ ကြင္း၌ သိကၡာက်စရာရလဒ္ႏွင့္ ႀကံဳခဲ့ရ သည္။

ပဲြစၿပီး စကၠန္႔ ၃၀ မွာပင္ သြင္းယူေသာ ပက္ဒ႐ုိ၏ ဂုိး၊ ဟာ ဇက္၏ ေထာင္ကန္ေဘာကို အ ျပင္းကန္သြင္းခဲ့ေသာ ကာေဟးလ္၏ ဂုိးတို႔ျဖင့္ ဦးေဆာင္ခံရေသာ္ လည္း မန္ယူသည္ ခ်ယ္လ္ဆီးကုိ ေလးေလးနက္နက္မၿခိမ္းေျခာက္ ႏိုင္ဘဲ ဟာဇက္၏ တိက်ေသာ အေ၀းကန္ခ်က္ဂုိး၊ ရပ္တန္႔ေန ေသာ မန္ယူကုိ ကန္တီက ျဖတ္ေက်ာ္ရယူေသာ ဂိုးတို႔ျဖင့္ မန္ယူ မွာ မ႐ႈမလွအိမ္ျပန္ခဲ့ရသည္။

‘‘ကြၽန္ေတာ္တို႔ ေစာေစာစီး စီးဂုိးသြင္းခဲ့တယ္။ ဒါေပမဲ့ ဆက္ ၿပီး ေကာင္းေကာင္းကစားခဲ့ တယ္။ အခြင့္အေရးေတြ ဖန္တီးခဲ့ တယ္။ ဒီေန႔မွာ ကြၽန္ေတာ္တို႔ ဂုိး လည္း မေပးခဲ့ရဘူး။ အဲဒါအေရး ႀကီးပါတယ္။ ယံုၾကည္မႈျမင့္မား ေစတဲ့ ေအာင္ပြဲမ်ိဳးပါ’’ဟု ခ်ယ္လ္ ဆီးနည္းျပ ကြန္တီက ေျပာၾကား သည္။

ေမာ္ရင္ဟုိသည္ မန္ယူႏွင့္ လိဂ္ပြဲသံုးပြဲ႐ႈံးနိမ့္ခဲ့ရၿပီး ျဖစ္သည္။ထိပ္ဆံုးမွ မန္စီးတီးႏွင့္ ေျခာက္မွတ္ကြာဟေနၿပီး လာမည့္ ဗုဒၶဟူးေန႔တြင္လည္း မန္စီးတီးႏွင့္ လိဂ္ဖလား ဒါဘီပြဲကစားရမည္ျဖစ္ သည္။

‘‘ကြၽန္ေတာ္တို႔ မယံုႏုိင္စရာ ခံစစ္အမွားေတြ လုပ္ခဲ့ပါတယ္။ တစ္ဦးခ်င္းအမွားေတြလည္း ပါ တယ္။ အဲဒီအတြက္ ေပးဆပ္ရ တာေပါ့’’ဟု ေမာ္ရင္ဟုိက ေျပာ ၾကားသည္။

ပြဲအၿပီးတြင္ ကြန္တီကုိ အ နားကပ္ေျပာခဲ့ေသာ စကားမ်ား ကုိလည္း ေမာ္ရင္ဟုိက ထုတ္ ေဖာ္ေျပာရန္ ျငင္းဆန္ခဲ့ၿပီး ယင္းပဲြ၌ ေနာက္တန္းလူ အဲရစ္ဘုိင္လီရရိွခဲ့ေသာ ဒူးဒဏ္ရာအလြန္ဆိုးရြားေၾကာင္းကုိမူ ၎က ေျပာၾကားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  မော်ရင်ဟို၏ မန်ယူအ သင်းနှင့် စတမ်းဖို့ဒ်ဘရစ်ချ်သို့ အ ပြန်ခရီးသည် ၄-၀ ဂိုး ရှုံးနိမ့်မှုဖြင့် အဆုံးသတ်ခဲ့ပြီးနောက် ‘‘မင်းဟာ စပယ်ရှယ်ဝမ်းမဟုတ်တော့ဘူး’’ ဟု ချယ်လ်ဆီးပရိသတ်များက မန်ယူနည်းပြ မော်ရင်ဟိုကို လှောင်ပြောင်ခဲ့ကြသည်။


ချယ်လ်ဆီးကို နှစ်ကြိမ်ပြန် ကိုင်တွယ်ခဲ့ပြီး အဓိကဆုဖလား ခုနစ်ခုရရှိကာ ချယ်လ်ဆီး၏ အ အောင်မြင်ဆုံးမန်နေဂျာဖြစ်သော မော်ရင်ဟိုသည် တစ်ချိန်က ၎င်းလျှမ်းလျှမ်းတောက်ခဲ့သော ကွင်း၌ သိက္ခာကျစရာရလဒ်နှင့် ကြုံခဲ့ရ သည်။

ပွဲစပြီး စက္ကန့် ၃၀ မှာပင် သွင်းယူသော ပက်ဒရို၏ ဂိုး၊ ဟာ ဇက်၏ ထောင်ကန်ဘောကို အ ပြင်းကန်သွင်းခဲ့သော ကာဟေးလ်၏ ဂိုးတို့ဖြင့် ဦးဆောင်ခံရသော် လည်း မန်ယူသည် ချယ်လ်ဆီးကို လေးလေးနက်နက်မခြိမ်းခြောက် နိုင်ဘဲ ဟာဇက်၏ တိကျသော အဝေးကန်ချက်ဂိုး၊ ရပ်တန့်နေ သော မန်ယူကို ကန်တီက ဖြတ်ကျော်ရယူသော ဂိုးတို့ဖြင့် မန်ယူ မှာ မရှုမလှအိမ်ပြန်ခဲ့ရသည်။

‘‘ကျွန်တော်တို့ စောစောစီး စီးဂိုးသွင်းခဲ့တယ်။ ဒါပေမဲ့ ဆက် ပြီး ကောင်းကောင်းကစားခဲ့ တယ်။ အခွင့်အရေးတွေ ဖန်တီးခဲ့ တယ်။ ဒီနေ့မှာ ကျွန်တော်တို့ ဂိုး လည်း မပေးခဲ့ရဘူး။ အဲဒါအရေး ကြီးပါတယ်။ ယုံကြည်မှုမြင့်မား စေတဲ့ အောင်ပွဲမျိုးပါ’’ဟု ချယ်လ် ဆီးနည်းပြ ကွန်တီက ပြောကြား သည်။

မော်ရင်ဟိုသည် မန်ယူနှင့် လိဂ်ပွဲသုံးပွဲရှုံးနိမ့်ခဲ့ရပြီး ဖြစ်သည်။ထိပ်ဆုံးမှ မန်စီးတီးနှင့် ခြောက်မှတ်ကွာဟနေပြီး လာမည့် ဗုဒ္ဓဟူးနေ့တွင်လည်း မန်စီးတီးနှင့် လိဂ်ဖလား ဒါဘီပွဲကစားရမည်ဖြစ် သည်။

‘‘ကျွန်တော်တို့ မယုံနိုင်စရာ ခံစစ်အမှားတွေ လုပ်ခဲ့ပါတယ်။ တစ်ဦးချင်းအမှားတွေလည်း ပါ တယ်။ အဲဒီအတွက် ပေးဆပ်ရ တာပေါ့’’ဟု မော်ရင်ဟိုက ပြော ကြားသည်။

ပွဲအပြီးတွင် ကွန်တီကို အ နားကပ်ပြောခဲ့သော စကားများ ကိုလည်း မော်ရင်ဟိုက ထုတ် ဖော်ပြောရန် ငြင်းဆန်ခဲ့ပြီး ယင်းပွဲ၌ နောက်တန်းလူ အဲရစ်ဘိုင်လီရရှိခဲ့သော ဒူးဒဏ်ရာအလွန်ဆိုးရွားကြောင်းကိုမူ ၎င်းက ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top