Property Expo
×

ေခါင္းကုိက္ပ်ိဳ႕အန္တာဟာ ေကာင္းမြန္တဲ့လကၡဏာမဟုတ္ပါဘူး။ ဒါဟာ လူေတြကုိ ဖ်ားတဲ့အထိေတာင္ ျဖစ္ေပၚေစႏုိင္ပါတယ္။ လူေတြအေနနဲ႔ ေခါင္းကုိက္တာကုိ မေတာ္တဆျဖစ္တတ္တာပဲ ဆုိၿပီး ဂရုစုိက္ေလ့မရွိပါဘူး။ ဒါေပမယ့္ ဒါဟာဆုိရင္ စိတ္ဖိစီးမႈမ်ားတာ၊ အအိပ္အေနနည္းတာ၊ ေဟာ္မုန္းေျပာင္းလဲတာ၊ အရက္နဲ႔ တျခားမူးယစ္ေဆးေတြေၾကာင့္လဲ ျဖစ္ပြားႏုိင္တာေၾကာင့္ ေပါ့လုိ႔ေတာ့မရပါဘူး။

“အစားအေသာက္ ပံုမွန္စားသံုးေပးတာဟာလည္း ဒီအခ်က္ေတြထဲမွာပါဝင္ပါတယ္” လုိ႔ ေဒါက္တာ Rob Hobson ကဆုိပါတယ္။ “တကယ္လုိ႔ ေသြးဖိအား ေလ်ာ့နည္းသြားၿပီဆုိရင္ ဦးေႏွာက္ဟာ အျပည့္အဝအလုပ္မလုပ္ႏုိင္ေတာ့ပဲ ဂလူးကုိ႔စ္ဓာတ္ေတြေလ်ာ့နည္းသြားေစပါတယ္။ ရလဒ္အေနနဲ႔ ဦးေႏွာက္ကုိစီးဆင္းေနတဲ့ ေသြးေတြဟာ အတုိးအေလ်ာ့ျဖစ္လာတာနဲ႔ အာရုံေၾကာထဲက တစ္ရႈးေတြဟာ ပုိမုိလႈပ္ရွားလာပါတယ္။ ဒါဟာ ေခါင္းကုိက္ေစတဲ့ အေၾကာင္းအရင္းပါပဲ” လုိ႔ သူကဆက္ေျပာပါတယ္။

ဒါေၾကာင့္ ေသြးထဲက သၾကားပမာဏကုိ ထိန္းညွိေပးဖုိ႔အတြက္ ဂ်ံဳ၊ ပဲ၊ ပရုိတိန္းနဲ႔ က်န္းမာေရးအတြက္ေကာင္းမြန္တဲ့ အဆီပမာဏ ေတြပါဝင္တဲ့ အစားအေသာက္ေတြစားသံုးရမွာျဖစ္ပါတယ္။ အဲ့ဒီအျပင္ ေအာက္ေဖာ္ျပပါ အစားအစာေျခာက္မ်ိဳးကလည္း ေခါင္းကုိက္ျခင္းကုိ ျဖစ္ေပၚေစႏုိင္ပါတယ္။

၁) ေကာ္ဖီ၊ လက္ဖက္ရည္၊ ကုိလာနဲ႔ အားျဖည့္အခ်ိဳရည္မ်ား - ဒီအစားအေသာက္ေတြမ်ာ ကဖိန္းဓာတ္မ်ားစြာပါဝင္ၿပီး ကဖိန္းဓာတ္က ေခါင္းကုိက္ျခင္းကုိ ျဖစ္ေပၚေစႏုိင္ပါတယ္။

၂) ေခ်ာကလက္ႏွင့္ ဝိုင္နီ - ဒီအစားအေသာက္ေတြကေတာ့ ေခါင္းကုိက္ျခင္းျဖစ္ေပၚေစတဲ့ အမုိင္ႏုိအက္စစ္နဲ႔ Tyramine ေတြအမ်ားဆံုးအစားအေသာက္ေတြပဲျဖစ္ပါတယ္။

၃) အသင့္လုပ္အစားအေသာက္မ်ား

၄) ကယ္လုိရီနည္းပါးတဲ့ အစားအေသာက္မ်ား

၅) စစ္ထရစ္အက္စစ္ဟာလည္း ေခါင္းကုိက္ေစတဲ့ထဲမွာပါဝင္ဒါေၾကာင့္ စစ္ထရစ္အက္စစ္ပါဝင္တဲ့ အသီးနဲ႔ အစားအေသာက္မ်ား

၆) ဝက္ေပါင္သားေျခာက္

တုိ႔ပဲျဖစ္တယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin

Unicode Version

ခေါင်းကိုက်ပျို့အန်တာဟာ ကောင်းမွန်တဲ့လက္ခဏာမဟုတ်ပါဘူး။ ဒါဟာ လူတွေကို ဖျားတဲ့အထိတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ လူတွေအနေနဲ့ ခေါင်းကိုက်တာကို မတော်တဆဖြစ်တတ်တာပဲ ဆိုပြီး ဂရုစိုက်လေ့မရှိပါဘူး။ ဒါပေမယ့် ဒါဟာဆိုရင် စိတ်ဖိစီးမှုများတာ၊ အအိပ်အနေနည်းတာ၊ ဟော်မုန်းပြောင်းလဲတာ၊ အရက်နဲ့ တခြားမူးယစ်ဆေးတွေကြောင့်လဲ ဖြစ်ပွားနိုင်တာကြောင့် ပေါ့လို့တော့မရပါဘူး။

“အစားအသောက် ပုံမှန်စားသုံးပေးတာဟာလည်း ဒီအချက်တွေထဲမှာပါဝင်ပါတယ်” လို့ ဒေါက်တာ Rob Hobson ကဆိုပါတယ်။ “တကယ်လို့ သွေးဖိအား လျော့နည်းသွားပြီဆိုရင် ဦးနှောက်ဟာ အပြည့်အဝအလုပ်မလုပ်နိုင်တော့ပဲ ဂလူးကို့စ်ဓာတ်တွေလျော့နည်းသွားစေပါတယ်။ ရလဒ်အနေနဲ့ ဦးနှောက်ကိုစီးဆင်းနေတဲ့ သွေးတွေဟာ အတိုးအလျော့ဖြစ်လာတာနဲ့ အာရုံကြောထဲက တစ်ရှုးတွေဟာ ပိုမိုလှုပ်ရှားလာပါတယ်။ ဒါဟာ ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းပါပဲ” လို့ သူကဆက်ပြောပါတယ်။

ဒါကြောင့် သွေးထဲက သကြားပမာဏကို ထိန်းညှိပေးဖို့အတွက် ဂျုံ၊ ပဲ၊ ပရိုတိန်းနဲ့ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီပမာဏ တွေပါဝင်တဲ့ အစားအသောက်တွေစားသုံးရမှာဖြစ်ပါတယ်။ အဲ့ဒီအပြင် အောက်ဖော်ပြပါ အစားအစာခြောက်မျိုးကလည်း ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၁) ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာနဲ့ အားဖြည့်အချိုရည်များ - ဒီအစားအသောက်တွေမျာ ကဖိန်းဓာတ်များစွာပါဝင်ပြီး ကဖိန်းဓာတ်က ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂) ချောကလက်နှင့် ဝိုင်နီ - ဒီအစားအသောက်တွေကတော့ ခေါင်းကိုက်ခြင်းဖြစ်ပေါ်စေတဲ့ အမိုင်နိုအက်စစ်နဲ့ Tyramine တွေအများဆုံးအစားအသောက်တွေပဲဖြစ်ပါတယ်။

၃) အသင့်လုပ်အစားအသောက်များ

၄) ကယ်လိုရီနည်းပါးတဲ့ အစားအသောက်များ

၅) စစ်ထရစ်အက်စစ်ဟာလည်း ခေါင်းကိုက်စေတဲ့ထဲမှာပါဝင်ဒါကြောင့် စစ်ထရစ်အက်စစ်ပါဝင်တဲ့ အသီးနဲ့ အစားအသောက်များ

၆) ဝက်ပေါင်သားခြောက်

တို့ပဲဖြစ်တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top