Property Expo
×

စာဖတ္ျခင္းအေလ့အထကို ျမတ္ႏိုးခံုမင္လာေစလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ေစ်းေလွ်ာ့ေပးတာျဖစ္တယ္လို႔ ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ မီခ်ီကန္ျပည္နယ္ထဲက ဆံပင္ညႇပ္ဆုိင္တစ္ခုမွာ အသံက်ယ္က်ယ္္စာဖတ္ျပတဲ့ ကေလးေတြကို ေစ်းေလွ်ာ့ေပးေလ့႐ွိပါသတဲ့။ ဆံပင္ညႇပ္ေနတုန္း စာဖတ္ျပတဲ့ကေလးေတြဟာ ၂ ေဒၚလာ ေလွ်ာ့ခ်တဲ့ခံစားခြင့္ရ႐ွိမွာျဖစ္ပါတယ္။

The Fuller Cut ဆုိတဲ့ ဆံပင္ညႇပ္ဆုိင္ေလးရဲ႕ပိုင္႐ွင္ ႐ြိဳင္ယန္ ဂရစ္ဖင္က ကေလးေတြဟာ စာသင္ခန္းျပင္ပမွာပါ စာဖတ္ျခင္းအေလ့အထကို ျမတ္ႏိုးခံုမင္လာေစလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ေစ်းေလွ်ာ့ေပးတာျဖစ္တယ္လို႔ ဆိုပါတယ္။ နယူးေယာ့ခ္နဲ႔ နယူးဂ်ာစီျပည္နယ္၊တမ္ပါၿမိဳ႕က ဆံပင္ညႇပ္ေတြက ယခုလိုေစ်းေလွ်ာ့ေပးေနၾကတာကို သိ႐ွိၿပီးေနာက္ လိုက္လံျပဳလုပ္ျဖစ္ခဲ့တယ္လုိ႔လည္း ဂရစ္ဖင္က ေျပာပါတယ္။

ဂရစ္ဖင္ဟာ ယခုလို ေစ်းေလွ်ာ့ေပးတဲ့အစီအစဥ္ကို ၂၀၁၅ ခုႏွစ္ ၾသဂုတ္ ၁၈ ရက္ေန႔ကတည္းက စတင္ခဲ့ပါ။ သူက အာဖရိကန္-အေမရိကန္ မ်ိဳးႏႊယ္စပ္ဆိုေတာ့ လူမ်ိဳးေရးခြဲျခားမႈမရွိဘဲ အာဖရိကန္-အေမရိကန္ေတြအေပၚ အေကာင္းျမင္တဲ့စာအုပ္ေတြကိုသာ ဖတ္ခိုင္းတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

စာဖတ်ခြင်းအလေ့အထကို မြတ်နိုးခုံမင်လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဈေးလျှော့ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မီချီကန်ပြည်နယ်ထဲက ဆံပင်ညှပ်ဆိုင်တစ်ခုမှာ အသံကျယ်ကျယ်စာဖတ်ပြတဲ့ ကလေးတွေကို ဈေးလျှော့ပေးလေ့ရှိပါသတဲ့။ ဆံပင်ညှပ်နေတုန်း စာဖတ်ပြတဲ့ကလေးတွေဟာ ၂ ဒေါ်လာ လျှော့ချတဲ့ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

The Fuller Cut ဆိုတဲ့ ဆံပင်ညှပ်ဆိုင်လေးရဲ့ပိုင်ရှင် ရွိုင်ယန် ဂရစ်ဖင်က ကလေးတွေဟာ စာသင်ခန်းပြင်ပမှာပါ စာဖတ်ခြင်းအလေ့အထကို မြတ်နိုးခုံမင်လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဈေးလျှော့ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ နယူးယော့ခ်နဲ့ နယူးဂျာစီပြည်နယ်၊တမ်ပါမြို့က ဆံပင်ညှပ်တွေက ယခုလိုဈေးလျှော့ပေးနေကြတာကို သိရှိပြီးနောက် လိုက်လံပြုလုပ်ဖြစ်ခဲ့တယ်လို့လည်း ဂရစ်ဖင်က ပြောပါတယ်။

ဂရစ်ဖင်ဟာ ယခုလို ဈေးလျှော့ပေးတဲ့အစီအစဉ်ကို ၂၀၁၅ ခုနှစ် သြဂုတ် ၁၈ ရက်နေ့ကတည်းက စတင်ခဲ့ပါ။ သူက အာဖရိကန်-အမေရိကန် မျိုးနွှယ်စပ်ဆိုတော့ လူမျိုးရေးခွဲခြားမှုမရှိဘဲ အာဖရိကန်-အမေရိကန်တွေအပေါ် အကောင်းမြင်တဲ့စာအုပ်တွေကိုသာ ဖတ်ခိုင်းတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top