Kantharyar Centre
×

၂၁.၁၀.၂၀၁၆ရက္ေန႔ ၁၃၂၀ အခ်ိန္တြင္ ထိုင္းႏိုင္ငံသား Mr.Pasit Sirimalai,
Passport No. AA 2658356, Visa Visit ကိုင္ေဆာင္သူသည္ စကားျပန္ျဖစ္
သူ မၿဖိဳးၿဖိဳးေဌးႏွင့္အတူ ဆူးေလမွ ျပည္သူ႔ရင္ျပင္သို႔ အငွားယာဥ္တစ္စီးအား
ငွားရမ္းစီးနင္းလာခဲ့ေၾကာင္း၊ ၎ေနာက္ ျပည္သူရင္ျပင္သို႔ ေရာက္ရွိၿပီး
အငွားယာဥ္ေပၚမွအဆင္းတြင္ ငွားရမ္းစီးနင္းလာေသာ အငွားယာဥ္ေပၚ၌
Laptop ၁ လံုး ႏွင့္ ခရီးေဆာင္ေက်ာပိုးအိတ္တို႔မွာ ေမ့က်န္ခဲ့ေၾကာင္းကို
ဒဂံုၿမိဳ႕မရဲစခန္းသို႔ လာေရာက္အေၾကာင္းၾကားလာခဲ့ပါသည္။

ဒဂံုၿမိဳ႕မရဲစခန္းမွတပ္ဖဲြ႕၀င္မ်ားက ၎တို႔ ၂ ဦးအား ငွားရမ္းစီးနင္းခဲ့သည့္
အငွားယာဥ္ႏွင့္ပတ္သက္၍ ေမးျမန္းစိစစ္ရာ ၎ယာဥ္နံပါတ္အား
မမွတ္မိေၾကာင္း ေျပာဆိုေနစဥ္ ၎တို႔ငွားရမ္းစီးနင္းခဲ့သည့္ အငွား
ယာဥ္ေမာင္းျဖစ္သူ သဃၤန္းကၽြန္းၿမိဳ႕နယ္ေန ဦး၀င္းေအာင္မွ ေမ့က်န္ခဲ့ေသာ
ပစၥည္းမ်ားႏွင့္ပတ္သက္၍ ဒဂံုၿမိဳ႕မရဲစခန္းသို႔ ဆက္သြယ္အေၾကာင္းၾကား
လာခဲ့ၿပီး လာေရာက္အပ္ႏွံေပးခဲ့သျဖင့္ ဒဂံုၿမိဳ႕မရဲစခန္းမွတပ္ဖဲြ႕၀င္မ်ားက
ပိုင္ရွင္ျဖစ္သူ Mr.Pasit Sirimalai ထံသို႔ ျပန္လည္လဲႊေျပာင္ ေပးခဲ့ေၾကာင္း
သတင္းရရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yangon Police

#Unicode Version
၂၁.၁၀.၂၀၁၆ရက်နေ့ ၁၃၂၀ အချိန်တွင် ထိုင်းနိုင်ငံသား Mr.Pasit Sirimalai,
Passport No. AA 2658356, Visa Visit ကိုင်ဆောင်သူသည် စကားပြန်ဖြစ်
သူ မဖြိုးဖြိုးဌေးနှင့်အတူ ဆူးလေမှ ပြည်သူ့ရင်ပြင်သို့ အငှားယာဉ်တစ်စီးအား
ငှားရမ်းစီးနင်းလာခဲ့ကြောင်း၊ ၎င်းနောက် ပြည်သူရင်ပြင်သို့ ရောက်ရှိပြီး
အငှားယာဉ်ပေါ်မှအဆင်းတွင် ငှားရမ်းစီးနင်းလာသော အငှားယာဉ်ပေါ်၌
Laptop ၁ လုံး နှင့် ခရီးဆောင်ကျောပိုးအိတ်တို့မှာ မေ့ကျန်ခဲ့ကြောင်းကို
ဒဂုံမြို့မရဲစခန်းသို့ လာရောက်အကြောင်းကြားလာခဲ့ပါသည်။

ဒဂုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ၎င်းတို့ ၂ ဦးအား ငှားရမ်းစီးနင်းခဲ့သည့်
အငှားယာဉ်နှင့်ပတ်သက်၍ မေးမြန်းစိစစ်ရာ ၎င်းယာဉ်နံပါတ်အား
မမှတ်မိကြောင်း ပြောဆိုနေစဉ် ၎င်းတို့ငှားရမ်းစီးနင်းခဲ့သည့် အငှား
ယာဉ်မောင်းဖြစ်သူ သင်္ဃန်းကျွန်းမြို့နယ်နေ ဦးဝင်းအောင်မှ မေ့ကျန်ခဲ့သော
ပစ္စည်းများနှင့်ပတ်သက်၍ ဒဂုံမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား
လာခဲ့ပြီး လာရောက်အပ်နှံပေးခဲ့သဖြင့် ဒဂုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက
ပိုင်ရှင်ဖြစ်သူ Mr.Pasit Sirimalai ထံသို့ ပြန်လည်လွဲှပြောင် ပေးခဲ့ကြောင်း
သတင်းရရှိပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yangon Police
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top