Property Expo
×

 ေတာင္ႀကီးတန္ ေဆာင္တိုင္ မီးပံုးပ်ံ ၿပိဳင္ပြဲတြင္ လာေရာက္လႊတ္တင္႐ိုက္ကူး မည့္ ဒ႐ုန္းကင္မရာမ်ားအားလံုး ပ်ံသန္းခြင့္ မွတ္ပံုတင္ရမည္ျဖစ္ ေၾကာင္း ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕ မွဴး႐ံုးမွ သတင္းရရွိသည္။

သတင္းမီဒီယာသမားမ်ား၊ အေပ်ာ္တမ္း ဒ႐ုန္းကင္မရာ ပ်ံ သန္းသူမ်ားႏွင့္ စီးပြားျဖစ္ ဒ႐ုန္း႐ုပ္သံ ႐ိုက္ကူးၾကမည့္ မည္သည့္အဖြဲ႕အစည္းမဆို ဒ႐ုန္းကင္မရာ ပ်ံသန္း႐ိုက္ကူးခြင့္ကို ေတာင္ႀကီးတန္ေဆာင္တိုင္ လံုၿခံဳေရး ဆပ္ေကာ္မတီထံတြင္ မွတ္ပံုတင္ရမည္ဟု ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုးမွ ေျပာေရးဆိုခြင့္ရွိသူ ရဲဦးစီး (၁) ဒုတိယရဲမွဴးႀကီး ဆန္းလြင္က ေျပာသည္။

‘‘အခုေခတ္ကာလမွာ ဒ႐ုန္း ေတြက ေခတ္စားလာပါတယ္။ အေပ်ာ္တမ္း႐ိုက္သူေတြေရာ၊ မီဒီယာေတြေရာ ဒ႐ုန္းကင္မရာေတြကမ်ားလာတယ္။ အဓိကကေတာ့ တန္ေဆာင္တိုင္ပြဲေတာ္ လံုၿခံဳေရးအတြက္ မွတ္ပံုတင္ခိုင္းရတာပါ။ မွတ္ပံုတင္ေၾကးလည္း အခမဲ့ပါပဲ’’ဟု ဒုတိယရဲမွဴးႀကီး ဆန္းလြင္က ေျပာသည္။

ဒ႐ုန္းကင္မရာ ပ်ံသန္း႐ိုက္ ကူးခြင့္ မွတ္ပံုတင္လိုသူမ်ားသည္ ေတာင္ႀကီးတန္ေဆာင္တိုင္ဖြင့္ပြဲ မတိုင္မီ ႏိုဝင္ဘာ ၃ ရက္မွ ၅ ရက္ အထိ တန္ေဆာင္တိုင္ ပြဲေတာ္ လံုၿခံဳေရး ဆပ္ေကာ္မတီထံတြင္ မွတ္ပံုတင္ႏိုင္ေၾကာင္း ရွမ္းျပည္ နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုးက ထုတ္ျပန္ ထားသည္။

 မွတ္ပံုတင္ျခင္း မရွိဘဲ ပ်ံ သန္း႐ိုက္ကူးပါက ပ်က္က်ရန္ ေဆာင္ရြက္တားဆီးမည္ျဖစ္ၿပီး ပစၥည္းသိမ္းဆည္းျခင္းႏွင့္ ဥပေဒ အရ အေရးယူျခင္းမ်ားပါ ျပဳလုပ္ မည္ဟု ဒုတိယရဲမွဴးႀကီး ဆန္းလြင္က ေျပာသည္။

 ထို႔အျပင္ ဒ႐ုန္းကင္မရာ ႐ိုက္ကူး ပ်ံသန္းခြင့္ကို အာ႐ံုခံ စနစ္ေကာင္းမြန္သည့္ Plantom 4 အမ်ဳိးအစားကိုသာ ခြင့္ျပဳမည္ ျဖစ္ၿပီး မီးပံုးပ်ံ လႊတ္တင္သည့္ ဧရိယာအျပင္ဘက္ မီတာ ၁၀၀ အကြာအေဝးမွသာ လႊတ္တင္ခြင့္ ျပဳမည္ျဖစ္သည္။

ေတာင္ႀကီးတန္ေဆာင္တိုင္  မီးပံုးပ်ံၿပိဳင္ပြဲကို ႏိုဝင္ဘာ ၆ ရက္ မွ ၁၅ ရက္အထိ ဆယ္ရက္တုိင္ က်င္းပမည္ျဖစ္ၿပီး ေန႔လႊတ္၊ ည လႊတ္ ၿပိဳင္ပြဲဝင္ မီးပံုးပ်ံအလံုးေပါင္း ၄၀၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပံုးပ်ံၿပိဳင္ပြဲ က်င္းပေရးေကာ္မတီမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် လာရောက်လွှတ်တင်ရိုက်ကူး မည့် ဒရုန်းကင်မရာများအားလုံး ပျံသန်းခွင့် မှတ်ပုံတင်ရမည်ဖြစ် ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

သတင်းမီဒီယာသမားများ၊ အပျော်တမ်း ဒရုန်းကင်မရာ ပျံ သန်းသူများနှင့် စီးပွားဖြစ် ဒရုန်းရုပ်သံ ရိုက်ကူးကြမည့် မည်သည့်အဖွဲ့အစည်းမဆို ဒရုန်းကင်မရာ ပျံသန်းရိုက်ကူးခွင့်ကို တောင်ကြီးတန်ဆောင်တိုင် လုံခြုံရေး ဆပ်ကော်မတီထံတွင် မှတ်ပုံတင်ရမည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရဲဦးစီး (၁) ဒုတိယရဲမှူးကြီး ဆန်းလွင်က ပြောသည်။

‘‘အခုခေတ်ကာလမှာ ဒရုန်း တွေက ခေတ်စားလာပါတယ်။ အပျော်တမ်းရိုက်သူတွေရော၊ မီဒီယာတွေရော ဒရုန်းကင်မရာတွေကများလာတယ်။ အဓိကကတော့ တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက် မှတ်ပုံတင်ခိုင်းရတာပါ။ မှတ်ပုံတင်ကြေးလည်း အခမဲ့ပါပဲ’’ဟု ဒုတိယရဲမှူးကြီး ဆန်းလွင်က ပြောသည်။

ဒရုန်းကင်မရာ ပျံသန်းရိုက် ကူးခွင့် မှတ်ပုံတင်လိုသူများသည် တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲ မတိုင်မီ နိုဝင်ဘာ ၃ ရက်မှ ၅ ရက် အထိ တန်ဆောင်တိုင် ပွဲတော် လုံခြုံရေး ဆပ်ကော်မတီထံတွင် မှတ်ပုံတင်နိုင်ကြောင်း ရှမ်းပြည် နယ် ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန် ထားသည်။

 မှတ်ပုံတင်ခြင်း မရှိဘဲ ပျံ သန်းရိုက်ကူးပါက ပျက်ကျရန် ဆောင်ရွက်တားဆီးမည်ဖြစ်ပြီး ပစ္စည်းသိမ်းဆည်းခြင်းနှင့် ဥပဒေ အရ အရေးယူခြင်းများပါ ပြုလုပ် မည်ဟု ဒုတိယရဲမှူးကြီး ဆန်းလွင်က ပြောသည်။

 ထို့အပြင် ဒရုန်းကင်မရာ ရိုက်ကူး ပျံသန်းခွင့်ကို အာရုံခံ စနစ်ကောင်းမွန်သည့် Plantom 4 အမျိုးအစားကိုသာ ခွင့်ပြုမည် ဖြစ်ပြီး မီးပုံးပျံ လွှတ်တင်သည့် ဧရိယာအပြင်ဘက် မီတာ ၁၀၀ အကွာအဝေးမှသာ လွှတ်တင်ခွင့် ပြုမည်ဖြစ်သည်။

တောင်ကြီးတန်ဆောင်တိုင်  မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၆ ရက် မှ ၁၅ ရက်အထိ ဆယ်ရက်တိုင် ကျင်းပမည်ဖြစ်ပြီး နေ့လွှတ်၊ ည လွှတ် ပြိုင်ပွဲဝင် မီးပုံးပျံအလုံးပေါင်း ၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးကော်မတီမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top