Property Expo
×

ေနာက္ဇာတ္လမ္းတစ္ခုက ဘာတုန္းဆိုရင္ ရဟန္းေတာ္တစ္ပါး။
သူ႔ဘြဲ႕က မူရင္းကေတာ့ “ဓာန”ေပါ့။ ေရွ႕ကေနၿပီးေတာ့ “ေကာ႑” ဆိုတဲ့ စကားလံုး
ထည့္ၿပီးေခၚၾကတယ္။ ဘယ္လို အဓိပၸာယ္ရတုန္းဆိုေတာ့ “သူယုတ္မာ” အဓိပၸာယ္ရတယ္။
ေကာ႑ဒါန ဆိုတဲ့ ေကာ႑ ဆိုတာ သူယုတ္မာႀကီးေပါ့။

အဲဒီ ကိုယ္ေတာ္ရဲ႕ “ဝဋ္ေႂကြး”က ဘယ္ေလာက္ေၾကာက္စရာ ေကာင္းတုန္းဆိုေတာ့
လူ႔ဘဝေနတုန္းက ဘာမွမျဖစ္ဘူး။ရဟန္းဝတ္လိုက္တဲ့အခါကစၿပီးေတာ့
သူ႔ေနာက္မွာ “အရိပ္” ေပၚေနတယ္။ “အမ်ိဳးသမီး” တစ္ေယာက္က အၿမဲလိုက္ေနတယ္။
သူက မျမင္ရဘူး။ပတ္ဝန္းက်င္က လူေတြက အကုန္ျမင္ရတယ္ေနာ္။
အဲဒီကိုယ္ေတာ္ရဲ႕ ေနာက္က အမ်ိဳးသမီးငယ္တစ္ေယာက္က အၿမဲတမ္းပါတယ္။

●ဆြမ္းေလာင္းတဲ့ ဒကာ၊ ဒကာမေတြက ေျပာတယ္။“ဒါက ကိုယ္ေတာ့္အတြက္၊
ဒါက ကိုယ္ေတာ့္ရဲ႕ဒကာမအတြက္” ဆိုၿပီးေတာ့ တခ်ိဳ႕ကလည္း ေျပာင္ေျပာင္ ေလွာင္ေလွာင္
ေလာင္းလွဴလိုက္ၾကတယ္။
●သူကေတာ့ နားမလည္ဘူးေပါ့။ သူ႔ေနာက္က အမ်ိဳးသမီး တစ္ေယာက္ပါေနတာ
သူမသိဘူး၊ ျမင္လည္း မျမင္ရဘူး။

သို႔ေသာ္ မေကာင္းသတင္း ဟိုးေလးတေက်ာ္ ျဖစ္ေနရတယ္။ ဘယ္လိုမွ ေျဖရွင္းလို႔မရႏိုင္တဲ့ျပႆနာ ျဖစ္လာတယ္။ေနာက္ဆံုးမွာ ဘုရင့္ နန္းေတာ္ထိေအာင္
ဒီသတင္း ေပါက္သြားတယ္။ ေပါက္သြားေတာ့ “ေကာသလမင္းႀကီး”ကိုယ္တိုင္ လာေရာက္စံုစမ္းတယ္။

အဲဒီ ရဟန္းေတာ္ေနာက္က အမ်ိဳးသမီးတစ္ေယာက္အၿမဲတမ္းပါတယ္။ ေက်ာင္းအခန္းထဲ ဝင္သြားလည္း
ပါသြားတာပဲ။ အၿမဲတမ္း အတူတူ ေနတယ္လို႔ ထင္ရတယ္။ လူေကာင္ထည္ႀကီးကို
ျမင္ေနရတာဆိုေတာ့ ဘယ္သူမွ မယံုဘူးေပါ့ေနာ္။ အဲဒါ တကယ့္အျဖစ္အပ်က္ေနာ္။

ေကာသလမင္းႀကီးၾကားလို႔ လာစံုစမ္းတဲ့အခါအဲဒီကိုယ္ေတာ္ ေက်ာင္းထဲဝင္သြားတဲ့အခါ
သူ႕ေနာက္က အမ်ိဳးသမီးတစ္ေယာက္ကို ျမင္ရတယ္။ ေက်ာင္းေပၚ တက္ၾကည့္ေတာ့ အဲဒီအမ်ိဳးသမီး
မေတြ႕ရျပန္ဘူး။ တစ္ခါ ေအာက္ျပန္ဆင္းလိုက္ျပန္ေတာ့ျမင္ျပန္ေရာ။

ဘုရင္ႀကီးကေျပာတယ္။“ကိုယ္ေတာ့္ေနာက္က အမ်ိဳးသမီးတစ္ေယာက္ရွိတယ္”လို႔။ အဲဒီကိုယ္ေတာ္က“မရွိပါဘူးတဲ့။ သူတစ္ခါမွ မျမင္ရဘူး။ သူ ဒီလိုပဲ အေျပာခံရတယ္။
သူတစ္ေယာက္တည္းပါ။ဘယ္ေတာ့ မွ အမ်ိဳးသမီးတစ္ေယာက္နဲ႔တြဲေနတာ မရွိပါဘူး”
လို႔ ျငင္းတယ္။ ျငင္းေပမယ့္ ဘယ္လိုမွမရဘူး။ကိုယ္ေတာ္ေတြက တိုင္ၾကတန္းၾကတာ။
ေနာက္က အမ်ိဳးသမီးတစ္ေယာက္ ပါေနတယ္ဆိုေတာ့ ဒို႔သာသနာ နာမည္ပ်က္ေတာ့မွာပဲဆိုၿပီး
ဘုရင္ထိေအာင္ တိုင္ၾကတယ္။ ဘုရင္ႀကီးကိုယ္တိုင္ လာစံုစမ္းတာ။

ေနာက္ဆံုးက်ေတာ့ ဘုရင္ႀကီးက အမ်ိဳးမ်ိဳးစူးစမ္းတဲ့အခါက်ေတာ့ ေတြ႕လိုက္ ေပ်ာက္သြားလိုက္၊
ေတြ႕လိုက္ ေပ်ာက္သြားလိုက္၊ ထြက္မသြားႏိုင္ေအာင္ဝိုင္းထား ရွာျပန္ေတာ့လည္းမေတြ႕။ ေအာက္ဆင္းၿပီး
ျပန္ၾကည့္ေတာ့ ဒီအမ်ိဳးသမီးပံုက ေပၚေနျပန္ေရာ။

ဪ၊ အဲလိုလုပ္ေတာ့ ဘုရင္ႀကီးက ဒါ အေၾကာင္းတစ္ခုခုေတာ့ ရွိမွာပဲဆိုၿပီး ဘုရင္ႀကီးက
ဆံုးျဖတ္လိုက္တယ္။

အဲဒီ ကိုယ္ေတာ္ကို“အရွင္ဘုရားတဲ့၊ ဒီပံုစံနဲ႔ ဆိုရင္ ကိုယ္ေတာ့္ကို ဆြမ္းေလာင္းမယ့္သူရွိမွာ မဟုတ္ဘူးတဲ့။
သူ႔နန္းေတာ္ထဲႂကြၿပီး ဆြမ္းစားပါ” ဆိုၿပီးေတာ့ ပင့္သြားတယ္။ ဘုရင္ႀကီးကေတာ့ နားလည္သြားတယ္ေပါ့ေနာ္။ က်န္တဲ့ ရဟန္းေတြက မေက်နပ္ဘူး။ျမတ္စြာဘုရားက ရွင္းျပတယ္။

■အတိတ္ဘဝတုန္းက၊ သံသရာခရီးသြားတုန္းက သူအမွားတစ္ခု လုပ္ခဲ့တယ္။
အဲဒီတုန္းက သူက နတ္သားတစ္ေယာက္ ျဖစ္ခဲ့တယ္။နတ္သားတစ္ေယာက္ျဖစ္ေတာ့ အဲဒီအခ်ိန္မွာ
ရဟန္းေတာ္ႏွစ္ပါးဟာ ညီအစ္ကိုလိုပဲ သိပ္ရင္းႏွီးၾကတယ္။ သူတို႔ႏွစ္ပါး ခရီးသြားအတူတူ၊ ေနအတူတူ၊
အဲဒီအက်င့္ေကာင္း၊ အေနအထိုင္ေကာင္းရဟန္းေတာ္ႏွစ္ပါး တူတူသြားတာ ဒီရဟန္းေတာ္ႏွစ္ပါး
ဟာ အၿမဲတမ္း ပူးတြဲပူးတြဲေနတယ္ေပါ့ေလ။ အဲဒီနတ္က “ဒီကိုယ္ေတာ္ႏွစ္ပါးဟာ ဘယ္ေတာ့မဆို
ပူးတြဲပူးတြဲ လုပ္ေနတယ္။ ငါ ကြဲေအာင္လုပ္ဦးမယ္” ဆိုၿပီးေတာ့ ခရီးသြားေနတဲ့အခ်ိန္မွာ
ထင္ေယာင္ထင္မွား ျဖစ္ေအာင္ လုပ္ခဲ့တာ။

ရဟန္းေတာ္တစ္ပါးက “ကိုယ္ေတာ္၊ ေနာက္ေဖး ေနာက္ဖီ သြားခ်င္လို႔”။
(ခုေခတ္လို ေျပာရင္ေတာ့ က်န္းမာေရးေပါ့ေနာ္။) ေျပာၿပီး အဲဒီျခံဳၾကားကို ခဏဝင္တယ္။
ဟို ကိုယ္ေတာ္က ေရွ႕နားကေစာင့္။ ျခံဳၾကား ဝင္ၿပီး ေနာက္ေဖးေနာက္ဖီသြားၿပီးေတာ့ ျပန္ထြက္လာတဲ့အခါ အဲဒီနတ္သားက ဘာလုပ္တုန္းဆိုေတာ့ အမ်ိဳးသမီးေယာင္ ဖန္တီးျပၿပီးေတာ့ ဆံပင္ကို
ျပင္ၿပီး ထံုးတာတို႔၊ အဝတ္ျပင္ဝတ္တာတို႔ဖိုး႐ိုးဖားယားေတြ ပံုစံအမ်ိဳးမ်ိဳး လုပ္ျပတယ္ေပါ့။
ဟို ေစာင့္ေနတဲ့ ကိုယ္ေတာ္ျမင္ေအာင္ျပတာ။ ျပေတာ့ ဟိုကိုယ္ေတာ္ ကလဲ မ်က္စိနဲ႔ျမင္လိုက္တာ
တကယ္ျမင္လိုက္တာပဲ၊ထင္ထင္ရွားရွားႀကီးျမင္တယ္။

ကာယကံရွင္ ကိုယ္ေတာ္ကေတာ့ ဘာမွမသိရွာဘူး။ ေစာင့္ေနတဲ့ ကိုယ္ေတာ့္အနားနားလဲေရာက္ေရာ
ဟိုကိုယ္ေတာ္က ေျပာတာ၊ “ဟာ၊ ကိုယ္ေတာ္၊ကိုယ္ေတာ္ ဒုႆီလပဲ၊
ကိုယ္ေတာ္အက်င့္ပ်က္ႀကီးပဲ၊လူယုတ္မာႀကီးပဲ၊ ကိုယ္ေတာ္နဲ႔အတူတူ မေနႏိုင္ဘူး”ဆီးေျပာတယ္။

ဟိုကိုယ္ေတာ္ကလည္း ငါ ဘာမွမလုပ္ဘဲနဲ႔ဘာျဖစ္လို႔ ဒီလိုစြပ္စြဲရတာတုန္းဆိုၿပီးေတာ့
ႏွစ္ပါး ကြဲသြားၾကတာ။

အဲဒါ သက္သက္ဝင္ၿပီးေတာ့ “ကြဲေအာင္” လုပ္တဲ့ သေဘာပဲေနာ္။
အဲဒီနတ္သား ေသသြားတဲ့အခါ “ငရဲ” က်ၿပီး၊ခု ေဂါတမ ျမတ္စြာဘုရားလက္ထက္ အခါက်ေတာ့
“ေကာ႑ဒါန” လာျဖစ္တယ္။ ေကာ႑ဒါန ဘဝမွာသူဟာ အရွက္တကြဲ အက်ိဳးနည္း ျဖစ္ေနရတယ္။

ေနာက္ဆံုးမွာ သူ႕ကို လူယုတ္မာႀကီး၊ လူယုတ္မာႀကီးနဲ႔ ေခၚတဲ့အခါ သူကလည္း ျပန္ေျပာလာတယ္၊
ျပန္ဆဲလာတယ္။ ျမတ္စြာဘုရားက ဆံုးမတယ္။“မင္းဟိုတုန္းကလည္း မဟုတ္တဲ့ အယူအဆ၊
အေတြးအေခၚေတြေၾကာင့္မို႔ ဒီလို ဒုကၡေရာက္တယ္၊ ခုလဲ ရဟန္းေကာင္းေတြနဲ႔ တုန္႔ျပန္ၿပီး
ရန္ျဖစ္ေနမယ္ဆိုရင္ ပိုၿပီးဆိုးသြားလိမ့္မယ္”လို႔ ဆံုးမၿပီး သည္းခံဖို႔ရာ ေဟာတယ္။
ေနာက္ဆံုးက်ေတာ့ သူဟာ ရဟႏၲာ ျဖစ္သြားတယ္။ အဲဒီအခါမွာ ခုနက အမ်ိဳးသမီးပံုရိပ္ႀကီး
ေပ်ာက္သြားတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:satekuupuyar

#Unicode Version
နောက်ဇာတ်လမ်းတစ်ခုက ဘာတုန်းဆိုရင် ရဟန်းတော်တစ်ပါး။
သူ့ဘွဲ့က မူရင်းကတော့ “ဓာန”ပေါ့။ ရှေ့ကနေပြီးတော့ “ကောဏ္ဍ” ဆိုတဲ့ စကားလုံး
ထည့်ပြီးခေါ်ကြတယ်။ ဘယ်လို အဓိပ္ပာယ်ရတုန်းဆိုတော့ “သူယုတ်မာ” အဓိပ္ပာယ်ရတယ်။
ကောဏ္ဍဒါန ဆိုတဲ့ ကောဏ္ဍ ဆိုတာ သူယုတ်မာကြီးပေါ့။

အဲဒီ ကိုယ်တော်ရဲ့ “ဝဋ်ကြွေး”က ဘယ်လောက်ကြောက်စရာ ကောင်းတုန်းဆိုတော့
လူ့ဘဝနေတုန်းက ဘာမှမဖြစ်ဘူး။ရဟန်းဝတ်လိုက်တဲ့အခါကစပြီးတော့
သူ့နောက်မှာ “အရိပ်” ပေါ်နေတယ်။ “အမျိုးသမီး” တစ်ယောက်က အမြဲလိုက်နေတယ်။
သူက မမြင်ရဘူး။ပတ်ဝန်းကျင်က လူတွေက အကုန်မြင်ရတယ်နော်။
အဲဒီကိုယ်တော်ရဲ့ နောက်က အမျိုးသမီးငယ်တစ်ယောက်က အမြဲတမ်းပါတယ်။

●ဆွမ်းလောင်းတဲ့ ဒကာ၊ ဒကာမတွေက ပြောတယ်။“ဒါက ကိုယ်တော့်အတွက်၊
ဒါက ကိုယ်တော့်ရဲ့ဒကာမအတွက်” ဆိုပြီးတော့ တချို့ကလည်း ပြောင်ပြောင် လှောင်လှောင်
လောင်းလှူလိုက်ကြတယ်။
●သူကတော့ နားမလည်ဘူးပေါ့။ သူ့နောက်က အမျိုးသမီး တစ်ယောက်ပါနေတာ
သူမသိဘူး၊ မြင်လည်း မမြင်ရဘူး။

သို့သော် မကောင်းသတင်း ဟိုးလေးတကျော် ဖြစ်နေရတယ်။ ဘယ်လိုမှ ဖြေရှင်းလို့မရနိုင်တဲ့ပြဿနာ ဖြစ်လာတယ်။နောက်ဆုံးမှာ ဘုရင့် နန်းတော်ထိအောင်
ဒီသတင်း ပေါက်သွားတယ်။ ပေါက်သွားတော့ “ကောသလမင်းကြီး”ကိုယ်တိုင် လာရောက်စုံစမ်းတယ်။

အဲဒီ ရဟန်းတော်နောက်က အမျိုးသမီးတစ်ယောက်အမြဲတမ်းပါတယ်။ ကျောင်းအခန်းထဲ ဝင်သွားလည်း
ပါသွားတာပဲ။ အမြဲတမ်း အတူတူ နေတယ်လို့ ထင်ရတယ်။ လူကောင်ထည်ကြီးကို
မြင်နေရတာဆိုတော့ ဘယ်သူမှ မယုံဘူးပေါ့နော်။ အဲဒါ တကယ့်အဖြစ်အပျက်နော်။

ကောသလမင်းကြီးကြားလို့ လာစုံစမ်းတဲ့အခါအဲဒီကိုယ်တော် ကျောင်းထဲဝင်သွားတဲ့အခါ
သူ့နောက်က အမျိုးသမီးတစ်ယောက်ကို မြင်ရတယ်။ ကျောင်းပေါ် တက်ကြည့်တော့ အဲဒီအမျိုးသမီး
မတွေ့ရပြန်ဘူး။ တစ်ခါ အောက်ပြန်ဆင်းလိုက်ပြန်တော့မြင်ပြန်ရော။

ဘုရင်ကြီးကပြောတယ်။“ကိုယ်တော့်နောက်က အမျိုးသမီးတစ်ယောက်ရှိတယ်”လို့။ အဲဒီကိုယ်တော်က“မရှိပါဘူးတဲ့။ သူတစ်ခါမှ မမြင်ရဘူး။ သူ ဒီလိုပဲ အပြောခံရတယ်။
သူတစ်ယောက်တည်းပါ။ဘယ်တော့ မှ အမျိုးသမီးတစ်ယောက်နဲ့တွဲနေတာ မရှိပါဘူး”
လို့ ငြင်းတယ်။ ငြင်းပေမယ့် ဘယ်လိုမှမရဘူး။ကိုယ်တော်တွေက တိုင်ကြတန်းကြတာ။
နောက်က အမျိုးသမီးတစ်ယောက် ပါနေတယ်ဆိုတော့ ဒို့သာသနာ နာမည်ပျက်တော့မှာပဲဆိုပြီး
ဘုရင်ထိအောင် တိုင်ကြတယ်။ ဘုရင်ကြီးကိုယ်တိုင် လာစုံစမ်းတာ။

နောက်ဆုံးကျတော့ ဘုရင်ကြီးက အမျိုးမျိုးစူးစမ်းတဲ့အခါကျတော့ တွေ့လိုက် ပျောက်သွားလိုက်၊
တွေ့လိုက် ပျောက်သွားလိုက်၊ ထွက်မသွားနိုင်အောင်ဝိုင်းထား ရှာပြန်တော့လည်းမတွေ့။ အောက်ဆင်းပြီး
ပြန်ကြည့်တော့ ဒီအမျိုးသမီးပုံက ပေါ်နေပြန်ရော။

ဪ၊ အဲလိုလုပ်တော့ ဘုရင်ကြီးက ဒါ အကြောင်းတစ်ခုခုတော့ ရှိမှာပဲဆိုပြီး ဘုရင်ကြီးက
ဆုံးဖြတ်လိုက်တယ်။

အဲဒီ ကိုယ်တော်ကို“အရှင်ဘုရားတဲ့၊ ဒီပုံစံနဲ့ ဆိုရင် ကိုယ်တော့်ကို ဆွမ်းလောင်းမယ့်သူရှိမှာ မဟုတ်ဘူးတဲ့။
သူ့နန်းတော်ထဲကြွပြီး ဆွမ်းစားပါ” ဆိုပြီးတော့ ပင့်သွားတယ်။ ဘုရင်ကြီးကတော့ နားလည်သွားတယ်ပေါ့နော်။ ကျန်တဲ့ ရဟန်းတွေက မကျေနပ်ဘူး။မြတ်စွာဘုရားက ရှင်းပြတယ်။

■အတိတ်ဘဝတုန်းက၊ သံသရာခရီးသွားတုန်းက သူအမှားတစ်ခု လုပ်ခဲ့တယ်။
အဲဒီတုန်းက သူက နတ်သားတစ်ယောက် ဖြစ်ခဲ့တယ်။နတ်သားတစ်ယောက်ဖြစ်တော့ အဲဒီအချိန်မှာ
ရဟန်းတော်နှစ်ပါးဟာ ညီအစ်ကိုလိုပဲ သိပ်ရင်းနှီးကြတယ်။ သူတို့နှစ်ပါး ခရီးသွားအတူတူ၊ နေအတူတူ၊
အဲဒီအကျင့်ကောင်း၊ အနေအထိုင်ကောင်းရဟန်းတော်နှစ်ပါး တူတူသွားတာ ဒီရဟန်းတော်နှစ်ပါး
ဟာ အမြဲတမ်း ပူးတွဲပူးတွဲနေတယ်ပေါ့လေ။ အဲဒီနတ်က “ဒီကိုယ်တော်နှစ်ပါးဟာ ဘယ်တော့မဆို
ပူးတွဲပူးတွဲ လုပ်နေတယ်။ ငါ ကွဲအောင်လုပ်ဦးမယ်” ဆိုပြီးတော့ ခရီးသွားနေတဲ့အချိန်မှာ
ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ခဲ့တာ။

ရဟန်းတော်တစ်ပါးက “ကိုယ်တော်၊ နောက်ဖေး နောက်ဖီ သွားချင်လို့”။
(ခုခေတ်လို ပြောရင်တော့ ကျန်းမာရေးပေါ့နော်။) ပြောပြီး အဲဒီခြုံကြားကို ခဏဝင်တယ်။
ဟို ကိုယ်တော်က ရှေ့နားကစောင့်။ ခြုံကြား ဝင်ပြီး နောက်ဖေးနောက်ဖီသွားပြီးတော့ ပြန်ထွက်လာတဲ့အခါ အဲဒီနတ်သားက ဘာလုပ်တုန်းဆိုတော့ အမျိုးသမီးယောင် ဖန်တီးပြပြီးတော့ ဆံပင်ကို
ပြင်ပြီး ထုံးတာတို့၊ အဝတ်ပြင်ဝတ်တာတို့ဖိုးရိုးဖားယားတွေ ပုံစံအမျိုးမျိုး လုပ်ပြတယ်ပေါ့။
ဟို စောင့်နေတဲ့ ကိုယ်တော်မြင်အောင်ပြတာ။ ပြတော့ ဟိုကိုယ်တော် ကလဲ မျက်စိနဲ့မြင်လိုက်တာ
တကယ်မြင်လိုက်တာပဲ၊ထင်ထင်ရှားရှားကြီးမြင်တယ်။

ကာယကံရှင် ကိုယ်တော်ကတော့ ဘာမှမသိရှာဘူး။ စောင့်နေတဲ့ ကိုယ်တော့်အနားနားလဲရောက်ရော
ဟိုကိုယ်တော်က ပြောတာ၊ “ဟာ၊ ကိုယ်တော်၊ကိုယ်တော် ဒုဿီလပဲ၊
ကိုယ်တော်အကျင့်ပျက်ကြီးပဲ၊လူယုတ်မာကြီးပဲ၊ ကိုယ်တော်နဲ့အတူတူ မနေနိုင်ဘူး”ဆီးပြောတယ်။

ဟိုကိုယ်တော်ကလည်း ငါ ဘာမှမလုပ်ဘဲနဲ့ဘာဖြစ်လို့ ဒီလိုစွပ်စွဲရတာတုန်းဆိုပြီးတော့
နှစ်ပါး ကွဲသွားကြတာ။

အဲဒါ သက်သက်ဝင်ပြီးတော့ “ကွဲအောင်” လုပ်တဲ့ သဘောပဲနော်။
အဲဒီနတ်သား သေသွားတဲ့အခါ “ငရဲ” ကျပြီး၊ခု ဂေါတမ မြတ်စွာဘုရားလက်ထက် အခါကျတော့
“ကောဏ္ဍဒါန” လာဖြစ်တယ်။ ကောဏ္ဍဒါန ဘဝမှာသူဟာ အရှက်တကွဲ အကျိုးနည်း ဖြစ်နေရတယ်။

နောက်ဆုံးမှာ သူ့ကို လူယုတ်မာကြီး၊ လူယုတ်မာကြီးနဲ့ ခေါ်တဲ့အခါ သူကလည်း ပြန်ပြောလာတယ်၊
ပြန်ဆဲလာတယ်။ မြတ်စွာဘုရားက ဆုံးမတယ်။“မင်းဟိုတုန်းကလည်း မဟုတ်တဲ့ အယူအဆ၊
အတွေးအခေါ်တွေကြောင့်မို့ ဒီလို ဒုက္ခရောက်တယ်၊ ခုလဲ ရဟန်းကောင်းတွေနဲ့ တုန့်ပြန်ပြီး
ရန်ဖြစ်နေမယ်ဆိုရင် ပိုပြီးဆိုးသွားလိမ့်မယ်”လို့ ဆုံးမပြီး သည်းခံဖို့ရာ ဟောတယ်။
နောက်ဆုံးကျတော့ သူဟာ ရဟန္တာ ဖြစ်သွားတယ်။ အဲဒီအခါမှာ ခုနက အမျိုးသမီးပုံရိပ်ကြီး
ပျောက်သွားတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:satekuupuyar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top