Property Expo
×

ခရမ္းခ်ဥ္သီးမွာ ဗီတာမင္နဲ႔သတၱဳဓာတ္ေပါင္းမ်ားစြာ ပါဝင္ေနလို႔ က်န္းမာေရးအတြက္ စားသံုးေပးသင့္ပါတယ္။ ခရမ္းခ်ဥ္သီးကို အပူေပးခ်က္လိုက္တာမ်ိဳးထက္ လတ္လတ္ဆတ္ဆတ္ စားသံုးေပးရင္ေတာ့ အေကာင္းဆံုးပါပဲ။ ဒီေတာ့ ခရမ္းခ်ဥ္သီးကို ေဖ်ာ္ရည္လုပ္ေသာက္ၾကည့္ရေအာင္ပါ။ ေသြးအားနည္းတတ္သူေတြအေနနဲ႔ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ကို မၾကာခဏေသာက္ေပးမယ္ဆုိရင္ ေသြးအားေကာင္းလာၿပီး က်န္းမာလာမွာျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား - ခရမ္းခ်ဥ္သီးမွည့္ ၃ လံုး၊ တ႐ုတ္နံနံႀကီး ၂ ပင္၊ သၾကားအနည္းငယ္၊ ဆားအနည္းငယ္၊ သခြားသီးတစ္ပိုင္း၊ သံပရာသီး ၂ကြင္း ။

ျပဳလုပ္နည္း - ခရမ္းခ်ဥ္သီးေတြကို ပါးပါးလွီးပါ။ အခြံမႀကိဳက္ရင္ အခြံႏႊာၿပီးမွလွီးလည္း ရပါတယ္။ သခြားသီးနဲ႔ တ႐ုတ္နံနံႀကီးကိုလည္း ပါးပါးလွီးၿပီး သံပရာသီးနဲ႔ေရာကာ ခရမ္းခ်ဥ္သီးနဲ႔အတူ blender ထဲမွာ ေဖ်ာ္ရပါမယ္။ အရသာအတြက္ သၾကားနဲ႔ဆား အနည္းငယ္စီျဖည့္ၿပီး ႏွံ႔ေအာင္ေမႊပါ။ တကယ္လို႔ အန႔ံပိုေကာင္းခ်င္ရင္ေတာ့ ပ်ားရည္နည္းနည္းျဖည့္စြက္ေပးနုိင္ပါတယ္။ ဒါဆုိရင္ က်န္းမာေရးနဲ႔ညီညႊတ္တဲ့ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္တစ္ခြက္ ရပါၿပီ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version


ခရမ်းချဉ်သီးမှာ ဗီတာမင်နဲ့သတ္တုဓာတ်ပေါင်းများစွာ ပါဝင်နေလို့ ကျန်းမာရေးအတွက် စားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးကို အပူပေးချက်လိုက်တာမျိုးထက် လတ်လတ်ဆတ်ဆတ် စားသုံးပေးရင်တော့ အကောင်းဆုံးပါပဲ။ ဒီတော့ ခရမ်းချဉ်သီးကို ဖျော်ရည်လုပ်သောက်ကြည့်ရအောင်ပါ။ သွေးအားနည်းတတ်သူတွေအနေနဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို မကြာခဏသောက်ပေးမယ်ဆိုရင် သွေးအားကောင်းလာပြီး ကျန်းမာလာမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ - ခရမ်းချဉ်သီးမှည့် ၃ လုံး၊ တရုတ်နံနံကြီး ၂ ပင်၊ သကြားအနည်းငယ်၊ ဆားအနည်းငယ်၊ သခွားသီးတစ်ပိုင်း၊ သံပရာသီး ၂ကွင်း ။

ပြုလုပ်နည်း - ခရမ်းချဉ်သီးတွေကို ပါးပါးလှီးပါ။ အခွံမကြိုက်ရင် အခွံနွှာပြီးမှလှီးလည်း ရပါတယ်။ သခွားသီးနဲ့ တရုတ်နံနံကြီးကိုလည်း ပါးပါးလှီးပြီး သံပရာသီးနဲ့ရောကာ ခရမ်းချဉ်သီးနဲ့အတူ blender ထဲမှာ ဖျော်ရပါမယ်။ အရသာအတွက် သကြားနဲ့ဆား အနည်းငယ်စီဖြည့်ပြီး နှံ့အောင်မွှေပါ။ တကယ်လို့ အနံ့ပိုကောင်းချင်ရင်တော့ ပျားရည်နည်းနည်းဖြည့်စွက်ပေးနိုင်ပါတယ်။ ဒါဆိုရင် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက် ရပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top