Kantharyar Centre
×

“ကဲ… သားေရ…လာစားလွည့္ေတာ့… ဒီမွာ သားဖို႕ အမဲသားတစ္ဆြဲ.. အေမ၀ယ္လာတယ္..”
ေျပာေျပာဆိုဆို သူမ လက္ထဲက အမဲသားဆြဲကို သစ္ပင္ေျခရင္းေအာက္ ခ်လိုက္သည္။ ျပီးေတာ့ ေဘးဘီ တစ္ခ်က္ေ၀ွ႕ၾကည့္လိုက္သည္။ ေသခ်ာသည္။ ဘယ္သူမွ ရွိမေန..။
တစ္ေအာင့္အၾကာမွာ သစ္ပင္ထက္မွ အရိပ္မဲတစ္ခု ေအာက္ကိုထိုးဆင္းလာသည္။ အပုပ္နံ႕ႏွင့္အတူ ဆိုးရြားလွေသာ အနံ႕ေပါင္းစံု ႏွာေခါင္းထဲ အလုအယက္ တိုး၀င္လာသည္။ ထုိအရိပ္မဲမွ ထိုးထြက္လာေသာ အေမႊးအမွ်င္မ်ား ႏွင့္ ရွည္လ်ားေသာ လက္တစ္စံုမွာ အမဲသားဆြဲကို သစ္ပင္ထက္သို႕ ဆြဲယူသြားခဲ့ေလေတာ့သည္။ သူမမွာေတာ့… ထိုျမင္ကြင္းကို ပီတိျဖစ္စြာ.. ေငးၾကည့္လ်က္……။
မနက္ျဖန္ဆို သူမ၏ တစ္ဦးတည္းေသာ သား၊ အသုဘခ်မည့္ေန႕ျဖစ္သည္။ သူမ ထိုေန႕ကို ဘယ္လိုျဖတ္သန္း ရမွန္းမသိ..။ ဖတဆိုးသားေလးမို႕ အခ်စ္ေတြ အကုန္ေပးအပ္ျပီး အလိုလိုက္ခ်စ္ခဲ့ေသာ္လည္း ကံၾကမၼာက သူတို႕ သားအမိကို ရက္ရက္စက္စက္ခြဲခဲ့ေလျပီ..။ သူမသားကို ေနာက္ဆံုးေတြ႕လိုက္ရတဲ့ အခ်ိန္က ေခ်ာင္းထဲမွာ ေရသြားကူးမည္ဆိုျပီး ေပ်ာ္ရႊင္စြာ ထြက္သြားခဲ့ျခင္းျဖစ္သည္။ ဒါေပမယ့္ အိမ္ကို ေတာ့ သားေလးရဲ႕ ေရစိုေဖာင္းကားေနတဲ့ ခႏၶာကိုယ္သာ ျပန္ေရာက္လာခဲ့သည္။ အသက္ ျပန္ ပါမလာခဲ့ေတာ့..။ သူမ သားေလးကိုခ်စ္သည္။ သားေလးသည္ သူမရဲ႕ တစ္ခုတည္းေသာ ေမွ်ာ္လင့္ ခ်က္ျဖစ္သည္။ သူမ သားေလးကို ဘယ္လိုနည္းနဲ႕မွ အဆံုးရႈံးမခံႏိုင္။ သူမ အလြန္ေၾကာက္မက္ဖြယ္ ေကာင္းေသာ ဆံုးျဖတ္ခ်က္တစ္ခုကို ခ်လိုက္သည္။

သူမ ခပ္ျမန္ျမန္ပဲ အိမ္ေနာက္ရွိ သစ္ပင္ၾကီးေအာက္မွာ တြင္းတစ္တြင္း အျမန္တူးလိုက္သည္။ ထို႕ေနာက္ ဘယ္သူမွ မရိပ္မိခင္ အေခါင္းထဲမွ သားအေလာင္းကို ထုတ္ျပီး အေခါင္းထဲတြင္ ေစာင္ေတြ ေခါင္းအံုးတြင္ ထည့္ထားလိုက္သည္။ သားအေလာင္းကိုေတာ့ သူမ ကၽြင္းတူးထားတဲ့ အိမ္ ေနာက္က သစ္ပင္ၾကီးရွိရာသို႕ မခ်ီသြားခဲ့ကာ ထိုကၽြင္းထဲတြင္ ျမွပ္လုိက္သည္။ သူမ ေက်နပ္စြာ တစ္ခ်က္ျပံဳးလုိက္သည္။

ည ၁၂း၀၀…၊ တစ္ေလာကလံုး ေမွာင္မည္းတိတ္ဆိတ္ေနသည္။ သူမ အိပ္ယာထဲမွ ရုတ္တရက္ ထထိုင္လုိက္သည္။ သူမ ခ်က္ခ်င္းပဲ အိမ္ျပင္ကို ထြက္လုိက္သည္။ သူမရဲ႕ ဦးတည္ရာကား သားေလး ကို ျမွပ္ထားတဲ့ အိမ္ေနာက္မွ သစ္ပင္ၾကီး။ သားေလး ဒီအခ်ိန္ဆို တစ္ေယာက္တည္း ပ်င္းေနေလာက္ျပီ.။ သူမ သားေလးနဲ႕သြားေတြ႕မည္။ သူမ နဲ႕ သားေလး စကားေတြ တ၀ၾကီး ေျပာၾကမည္။


“သားေလး…”
တစ္ေလာကလံုး တိတ္ဆိတ္ျငိမ္သက္ေမွာင္မည္းေနျပီး တိရစၦာန္အခ်ိဳ႕၏ ေအာ္သံကိုပင္ မၾကားရ ေလာက္ေအာင္ တိတ္ဆိတ္ေနသည္။
“သားေလး..၊ ေမေမပါ…၊ ေမေမတို႕ စကားေျပာရေအာင္ေလကြယ္…”
“သားေလး…၊ လာပါကြယ္…၊ ေမေမ့ကို သနားပါအံုး..၊ ေမေမ့ကို ဆင္းေတြ႕ပါအံုး သားေလးရယ္…”
သစ္ပင္ေပၚမွ အရြက္တစ္ခ်ိဳ႕ လႈပ္ခါသြားၾကသည္။ ဆိုး၀ါးလွတဲ့ အပုပ္နံ႕နဲ႕အတူ မီးခိုးလား လူလား မကြဲျပားေသာ တစ္စံုတစ္ခု သစ္ပင္မွ ေလ်ာဆင္းလာသည္။ သစ္ပင္ေအာက္ေရာက္မွ သူမ ေသခ်ာ ၾကည့္မိသည္။ ထိုအရာသည္ သူမ၏ ခ်စ္လွစြာေသာသား တစ္ျဖစ္လဲ သူမ ကိုယ္တိုင္ ဖန္ဆင္းလိုက္ေသာ သရဲတစ္ေကာင္ ျဖစ္ေနေလေတာ့သည္။


ယခင္က ခ်စ္စရာေကာင္းလွေသာ သူမ၏သားသည္ မ်က္ႏွာတစ္ခုလံုး ေရမ်ားျဖင့္ ေဖာေရာင္ေနျပီး အျပာေရာင္သန္းေနသည္။ ေခါင္းေပၚမွာ ရွိေသာ ဆံပင္မ်ားကလည္း ေရေတြ စိုရႊဲေနသည္။ ေဘာလံုး တစ္လံုးပိုက္ထားသကဲ့သို႕ ေရမ်ားေၾကာင့္ ဗိုက္ပူလ်က္ရွိျပီး ခႏၶာကိုယ္ရွိ အခ်ိဳ႕ေနရာမ်ားတြင္ အေရခြံ မ်ား ျပဲလွန္ထြက္ေနကာ အသားအေရာင္မွာလည္း ျဖဴဖတ္ ျဖဴေရာ္ ျဖစ္ေနေလသည္။ သူမ သား၏ ရုပ္ကို သူမ အေတာ္ျပန္ဖမ္းယူရသည္။ ကိစၥေတာ့ မရွိ။ သူမ ဒီကိစၥကို ၾကိဳတင္ ေမွ်ာ္လင့္ထားျပီးျဖစ္ သည္။
သူမ ၀မ္းသာစြာ ျပံဳးလိုက္သည္။ သူမ ရည္ရြယ္ထားတာ အထေျမာက္သြားျပီ။ သူမနဲ႕ သားေလး မခြဲရေတာ့ဘူး..။ ကဲ..ဘာတတ္ႏိုင္ေသးလဲ..။ သူမ မေသေသးသေရႊ႕ ဒီလိုမ်ိဳး သားေလးကို ေန႕တိုင္း အစာေကၽြးမယ္..၊ စကားေျပာမယ္..။


“သားေလး…၊ ေမေမ..နဲ႕ သားေလး မခြဲရေအာင္ …ေမေမ စီစဥ္ထားတာေလ… မေကာင္းဘူးလား..”
“ကၽြန္ေတာ့္ကို သြားခြင့္ေပးပါေမေမ..၊ ကၽြန္ေတာ္ ဒီလိုဘ၀နဲ႕ မေနခ်င္ဘူး..”
“မသြားပါနဲ႕ သားရယ္..၊ ေမေမ့ကို တစ္ေယာက္တည္း ထားခဲ့မလို႕လား..”
“ကၽြန္ေတာ္ ဒီလိုဘ၀နဲ႕ မေနရပါေစနဲ႕၊ ဒီလိုဘ၀မွာ ကၽြန္ေတာ္ခႏၶာကိုယ္ဟာ စကၠန္႕တုိင္း ေ၀ဒနာေတြ အျပင္းအထန္ ခံစားရပါတယ္..၊ သားကို သြားခြင့္ျပဳပါ…”
“သားကို ေမေမ မခြဲႏိုင္ဘူး…၊ အဲ့ဒီေတာ့..၊ ေမေမ သြားခြင့္မျပဳႏိုင္ဘူးသား..”
“သားကို သြားခြင့္ျပဳပါ…”
“မနက္ျဖန္ ဒီလိုအခ်ိန္ အေမ အစာ လာေကၽြးမယ္..”
သူမ လွည့္ထြက္လာခဲ့သည္။ သူမထံမွ ထြက္သြားဖို႕ေတာင္းဆိုေနသည့္ သား အသံကို သူမ နားမေထာင္ခ်င္ေတာ့…။ အရာအားလံုးသည္ နဂိုအေျခအေနအတိုင္း ျပန္လည္ တိတ္ဆိတ္ျငိမ္သက္ သြားခဲ့သည္။
အခ်ိန္ကာလတို႕သည္ တစ္ခုျပီးတစ္ခု အစီအစဥ္တက် ေက်ာ္ျဖတ္လာခဲ့သလို သူမ၏ အိမ္ေနာက္ေဖး မွ သစ္ပင္သည္လည္း အေတာ္အတန္ပင္ ၾကီးထြားလာျပီး ၄င္း၏ အကိုင္းအခက္မ်ားမွာ လမ္းေပၚသို႕ ပင္ အုပ္ဆိုင္းလ်က္ရွိေနေတာ့သည္။
သူမ လုပ္ေနက် ၀တၱရားအတိုင္း ၁၂း၀၀ ထိုးသည္နဲ႕ အမဲသားဆြဲကို ဆြဲျပီး သစ္ပင္ၾကီးဆီသို႕ ထြက္ခဲ့ သည္။ ထို႕ေနာက္ သစ္ပင္ေျခရင္းတြင္ အမဲသားထုပ္ကို ခ်ထားလိုက္သည္။ တေအာင့္အၾကာ ေလျပင္းေတြ တ၀ွီး၀ွီးတိုက္ခတ္လာသည္။ သူမ ပတ္၀န္းက်င္တစ္ခုလံုး တိမ္မည္းမ်ား ဖံုးအုပ္သြားသလို ခံစားရသည္။ သူမ ျပံဳးလိုက္သည္။ ေၾသာ္.. သူမ သားေလးေတာင္မွ အေတာ္ အေကာင္ၾကီးလာ ေနျပီပဲေလ…။ မ်က္စိတစ္မွိတ္အတြင္းမွာပင္ သူမ၏ မ်က္စိေရွ႕မွ အမဲသားဆြဲ ေပ်ာက္သြားခဲ့သည္။ သို႕ေသာ္ ယခင္လို တိမ္မည္းမ်ား မေပ်ာက္သြား..။ ေလျပင္းမ်ား ပိုမို တိုက္လာသလို… တိမ္မည္းတို႕သည္လည္း ပုိမိုမ်ားျပားလာသည္ဟုထင္မိသည္။ တစ္ခုခုေတာ့ မွားေန ျပီထင္သည္။ ယခင္ကဆို အမဲသားထုပ္ယူ ျပီး သည္ႏွင့္ သားေလး အပင္ေပၚ ျပန္တက္သြားေနၾက..။ ဒီေန႕ သူဘာကို စိတ္အလိုမက်သည္ မသိ..။


“သားေရ…..သား…”
ေလျပင္းမ်ား ပိုမိုတိုက္ခတ္လာသလို တိမ္မဲမ်ားေၾကာင့္ သူမ ပတ္၀န္းက်င္ တစ္ခုလည္း ေမွာင္မည္း သြားသလို သူမသည္လည္း မီးမရွိတဲ့ အလံုပိတ္ အခန္းထဲ ေရာက္ေနသလို ခံစားလာရသည္။ သူမ ေၾကာက္စိတ္၀င္ေလျပီ..။ သူမကို သား ရန္ျပဳေတာ့မည္။ အခ်ိန္လြန္မွ ရတဲ့ေနာင္တတို႕ ေခါင္းထဲ ေရာက္လာခ်ိန္ ေနာက္က်သြားခဲ့ေလျပီ..။ သူမ ထြက္ေျပးဖို႕ၾကိဳးစားလိုက္သည္။ အိပ္မက္ထဲမွာ ေျပးေနရသလို ေျပးရတာ အားမပါလွပဲ ဒီ တိမ္တိုက္မဲထဲကေန မထြက္ႏိုင္ျဖစ္ေနသည္။ ထိုစဥ္ တိမ္တိုက္မဲ တစ္ေနရာမွ ေၾကာက္မက္ဖြယ္အသြင္ေဆာင္ေနေသာ သားရဲ႕ မ်က္နွာကို ျမင္ေတြ႕လိုက္ ရသည္။
သူမေအာ္ဖို႕ၾကိဳးစားေသာ္လည္း အသံမွာ လည္ပင္း၀တြင္သာ ေပ်ာက္သြားခဲ့သည္။ ခၽြန္ထက္ ေနေသာ သြားမ်ား စီတန္းေနေသာ သား၏ပါးစပ္မွာ တျဖည္းျဖည္းက်ယ္လာခဲ့ျပီး သူမခႏၶာကိုယ္ကို ၀ါးျမိဳရန္ တစ္ျဖည္းျဖည္း အံု႕မိုးလာခဲ့ေတာ့သည္။ သူမ စိတ္ေလ်ာ့လုိက္သည္။ ဒီကိစၥတို႕သည္ သူမေၾကာင့္ ျဖစ္လာရသည္ပဲေလ..။ သူမ မ်က္လံုးမိွတ္ထားလိုက္ေတာ့သည္။
ေနာက္တစ္ေန႕နံနက္…၊ ျခံေနာက္က သစ္ပင္ၾကီးေအာက္တြင္ ေၾကာက္ရႊံ႕ထိတ္လန္႕စြာ မ်က္လံုးျပဴးျပီး အသက္ကင္းမဲ့ေနေသာ သူမခႏၶာကိုယ္ကို လူအမ်ား ထူးဆန္းအံ့ၾသစြာ ၀ုိင္းအံု ၾကည့္ေနၾကေလေတာ့သည္။
မွတ္ခ်က္ – ျဖစ္ရပ္မွန္ တစ္ခုအား ဇာတ္လမ္းဆင္ကာ ေရးသားပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Aung Htun Oo

#Unicode Version
“ကဲ… သားရေ…လာစားလှည့်တော့… ဒီမှာ သားဖို့ အမဲသားတစ်ဆွဲ.. အမေဝယ်လာတယ်..”
ပြောပြောဆိုဆို သူမ လက်ထဲက အမဲသားဆွဲကို သစ်ပင်ခြေရင်းအောက် ချလိုက်သည်။ ပြီးတော့ ဘေးဘီ တစ်ချက်ဝှေ့ကြည့်လိုက်သည်။ သေချာသည်။ ဘယ်သူမှ ရှိမနေ..။
တစ်အောင့်အကြာမှာ သစ်ပင်ထက်မှ အရိပ်မဲတစ်ခု အောက်ကိုထိုးဆင်းလာသည်။ အပုပ်နံ့နှင့်အတူ ဆိုးရွားလှသော အနံ့ပေါင်းစုံ နှာခေါင်းထဲ အလုအယက် တိုးဝင်လာသည်။ ထိုအရိပ်မဲမှ ထိုးထွက်လာသော အမွှေးအမျှင်များ နှင့် ရှည်လျားသော လက်တစ်စုံမှာ အမဲသားဆွဲကို သစ်ပင်ထက်သို့ ဆွဲယူသွားခဲ့လေတော့သည်။ သူမမှာတော့… ထိုမြင်ကွင်းကို ပီတိဖြစ်စွာ.. ငေးကြည့်လျက်……။
မနက်ဖြန်ဆို သူမ၏ တစ်ဦးတည်းသော သား၊ အသုဘချမည့်နေ့ဖြစ်သည်။ သူမ ထိုနေ့ကို ဘယ်လိုဖြတ်သန်း ရမှန်းမသိ..။ ဖတဆိုးသားလေးမို့ အချစ်တွေ အကုန်ပေးအပ်ပြီး အလိုလိုက်ချစ်ခဲ့သော်လည်း ကံကြမ္မာက သူတို့ သားအမိကို ရက်ရက်စက်စက်ခွဲခဲ့လေပြီ..။ သူမသားကို နောက်ဆုံးတွေ့လိုက်ရတဲ့ အချိန်က ချောင်းထဲမှာ ရေသွားကူးမည်ဆိုပြီး ပျော်ရွှင်စွာ ထွက်သွားခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် အိမ်ကို တော့ သားလေးရဲ့ ရေစိုဖောင်းကားနေတဲ့ ခန္ဓာကိုယ်သာ ပြန်ရောက်လာခဲ့သည်။ အသက် ပြန် ပါမလာခဲ့တော့..။ သူမ သားလေးကိုချစ်သည်။ သားလေးသည် သူမရဲ့ တစ်ခုတည်းသော မျှော်လင့် ချက်ဖြစ်သည်။ သူမ သားလေးကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်။ သူမ အလွန်ကြောက်မက်ဖွယ် ကောင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။


သူမ ခပ်မြန်မြန်ပဲ အိမ်နောက်ရှိ သစ်ပင်ကြီးအောက်မှာ တွင်းတစ်တွင်း အမြန်တူးလိုက်သည်။ ထို့နောက် ဘယ်သူမှ မရိပ်မိခင် အခေါင်းထဲမှ သားအလောင်းကို ထုတ်ပြီး အခေါင်းထဲတွင် စောင်တွေ ခေါင်းအုံးတွင် ထည့်ထားလိုက်သည်။ သားအလောင်းကိုတော့ သူမ ကျွင်းတူးထားတဲ့ အိမ်နောက်က သစ်ပင်ကြီးရှိရာသို့ မချီသွားခဲ့ကာ ထိုကျွင်းထဲတွင် မြှပ်လိုက်သည်။ သူမ ကျေနပ်စွာ တစ်ချက်ပြုံးလိုက်သည်။


ည ၁၂း၀၀…၊ တစ်လောကလုံး မှောင်မည်းတိတ်ဆိတ်နေသည်။ သူမ အိပ်ယာထဲမှ ရုတ်တရက် ထထိုင်လိုက်သည်။ သူမ ချက်ချင်းပဲ အိမ်ပြင်ကို ထွက်လိုက်သည်။ သူမရဲ့ ဦးတည်ရာကား သားလေး ကို မြှပ်ထားတဲ့ အိမ်နောက်မှ သစ်ပင်ကြီး။ သားလေး ဒီအချိန်ဆို တစ်ယောက်တည်း ပျင်းနေလောက်ပြီ.။ သူမ သားလေးနဲ့သွားတွေ့မည်။ သူမ နဲ့ သားလေး စကားတွေ တဝကြီး ပြောကြမည်။


“သားလေး…”
တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်မှောင်မည်းနေပြီး တိရစ္ဆာန်အချို့၏ အော်သံကိုပင် မကြားရ လောက်အောင် တိတ်ဆိတ်နေသည်။
“သားလေး..၊ မေမေပါ…၊ မေမေတို့ စကားပြောရအောင်လေကွယ်…”
“သားလေး…၊ လာပါကွယ်…၊ မေမေ့ကို သနားပါအုံး..၊ မေမေ့ကို ဆင်းတွေ့ပါအုံး သားလေးရယ်…”
သစ်ပင်ပေါ်မှ အရွက်တစ်ချို့ လှုပ်ခါသွားကြသည်။ ဆိုးဝါးလှတဲ့ အပုပ်နံ့နဲ့အတူ မီးခိုးလား လူလား မကွဲပြားသော တစ်စုံတစ်ခု သစ်ပင်မှ လျောဆင်းလာသည်။ သစ်ပင်အောက်ရောက်မှ သူမ သေချာ ကြည့်မိသည်။ ထိုအရာသည် သူမ၏ ချစ်လှစွာသောသား တစ်ဖြစ်လဲ သူမ ကိုယ်တိုင် ဖန်ဆင်းလိုက်သော သရဲတစ်ကောင် ဖြစ်နေလေတော့သည်။


ယခင်က ချစ်စရာကောင်းလှသော သူမ၏သားသည် မျက်နှာတစ်ခုလုံး ရေများဖြင့် ဖောရောင်နေပြီး အပြာရောင်သန်းနေသည်။ ခေါင်းပေါ်မှာ ရှိသော ဆံပင်များကလည်း ရေတွေ စိုရွှဲနေသည်။ ဘောလုံး တစ်လုံးပိုက်ထားသကဲ့သို့ ရေများကြောင့် ဗိုက်ပူလျက်ရှိပြီး ခန္ဓာကိုယ်ရှိ အချို့နေရာများတွင် အရေခွံ များ ပြဲလှန်ထွက်နေကာ အသားအရောင်မှာလည်း ဖြူဖတ် ဖြူရော် ဖြစ်နေလေသည်။ သူမ သား၏ ရုပ်ကို သူမ အတော်ပြန်ဖမ်းယူရသည်။ ကိစ္စတော့ မရှိ။ သူမ ဒီကိစ္စကို ကြိုတင် မျှော်လင့်ထားပြီးဖြစ် သည်။
သူမ ဝမ်းသာစွာ ပြုံးလိုက်သည်။ သူမ ရည်ရွယ်ထားတာ အထမြောက်သွားပြီ။ သူမနဲ့ သားလေး မခွဲရတော့ဘူး..။ ကဲ..ဘာတတ်နိုင်သေးလဲ..။ သူမ မသေသေးသရွှေ့ ဒီလိုမျိုး သားလေးကို နေ့တိုင်း အစာကျွေးမယ်..၊ စကားပြောမယ်..။


“သားလေး…၊ မေမေ..နဲ့ သားလေး မခွဲရအောင် …မေမေ စီစဉ်ထားတာလေ… မကောင်းဘူးလား..”
“ကျွန်တော့်ကို သွားခွင့်ပေးပါမေမေ..၊ ကျွန်တော် ဒီလိုဘဝနဲ့ မနေချင်ဘူး..”
“မသွားပါနဲ့ သားရယ်..၊ မေမေ့ကို တစ်ယောက်တည်း ထားခဲ့မလို့လား..”
“ကျွန်တော် ဒီလိုဘဝနဲ့ မနေရပါစေနဲ့၊ ဒီလိုဘဝမှာ ကျွန်တော်ခန္ဓာကိုယ်ဟာ စက္ကန့်တိုင်း ဝေဒနာတွေ အပြင်းအထန် ခံစားရပါတယ်..၊ သားကို သွားခွင့်ပြုပါ…”
“သားကို မေမေ မခွဲနိုင်ဘူး…၊ အဲ့ဒီတော့..၊ မေမေ သွားခွင့်မပြုနိုင်ဘူးသား..”
“သားကို သွားခွင့်ပြုပါ…”
“မနက်ဖြန် ဒီလိုအချိန် အမေ အစာ လာကျွေးမယ်..”
သူမ လှည့်ထွက်လာခဲ့သည်။ သူမထံမှ ထွက်သွားဖို့တောင်းဆိုနေသည့် သား အသံကို သူမ နားမထောင်ချင်တော့…။ အရာအားလုံးသည် နဂိုအခြေအနေအတိုင်း ပြန်လည် တိတ်ဆိတ်ငြိမ်သက် သွားခဲ့သည်။
အချိန်ကာလတို့သည် တစ်ခုပြီးတစ်ခု အစီအစဉ်တကျ ကျော်ဖြတ်လာခဲ့သလို သူမ၏ အိမ်နောက်ဖေး မှ သစ်ပင်သည်လည်း အတော်အတန်ပင် ကြီးထွားလာပြီး ၎င်း၏ အကိုင်းအခက်များမှာ လမ်းပေါ်သို့ ပင် အုပ်ဆိုင်းလျက်ရှိနေတော့သည်။
သူမ လုပ်နေကျ ဝတ္တရားအတိုင်း ၁၂း၀၀ ထိုးသည်နဲ့ အမဲသားဆွဲကို ဆွဲပြီး သစ်ပင်ကြီးဆီသို့ ထွက်ခဲ့ သည်။ ထို့နောက် သစ်ပင်ခြေရင်းတွင် အမဲသားထုပ်ကို ချထားလိုက်သည်။ တအောင့်အကြာ လေပြင်းတွေ တဝှီးဝှီးတိုက်ခတ်လာသည်။ သူမ ပတ်ဝန်းကျင်တစ်ခုလုံး တိမ်မည်းများ ဖုံးအုပ်သွားသလို ခံစားရသည်။ သူမ ပြုံးလိုက်သည်။ သြော်.. သူမ သားလေးတောင်မှ အတော် အကောင်ကြီးလာ နေပြီပဲလေ…။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ မျက်စိရှေ့မှ အမဲသားဆွဲ ပျောက်သွားခဲ့သည်။ သို့သော် ယခင်လို တိမ်မည်းများ မပျောက်သွား..။ လေပြင်းများ ပိုမို တိုက်လာသလို… တိမ်မည်းတို့သည်လည်း ပိုမိုများပြားလာသည်ဟုထင်မိသည်။ တစ်ခုခုတော့ မှားနေ ပြီထင်သည်။ ယခင်ကဆို အမဲသားထုပ်ယူ ပြီး သည်နှင့် သားလေး အပင်ပေါ် ပြန်တက်သွားနေကြ..။ ဒီနေ့ သူဘာကို စိတ်အလိုမကျသည် မသိ..။


“သားရေ…..သား…”
လေပြင်းများ ပိုမိုတိုက်ခတ်လာသလို တိမ်မဲများကြောင့် သူမ ပတ်ဝန်းကျင် တစ်ခုလည်း မှောင်မည်း သွားသလို သူမသည်လည်း မီးမရှိတဲ့ အလုံပိတ် အခန်းထဲ ရောက်နေသလို ခံစားလာရသည်။ သူမ ကြောက်စိတ်ဝင်လေပြီ..။ သူမကို သား ရန်ပြုတော့မည်။ အချိန်လွန်မှ ရတဲ့နောင်တတို့ ခေါင်းထဲ ရောက်လာချိန် နောက်ကျသွားခဲ့လေပြီ..။ သူမ ထွက်ပြေးဖို့ကြိုးစားလိုက်သည်။ အိပ်မက်ထဲမှာ ပြေးနေရသလို ပြေးရတာ အားမပါလှပဲ ဒီ တိမ်တိုက်မဲထဲကနေ မထွက်နိုင်ဖြစ်နေသည်။ ထိုစဉ် တိမ်တိုက်မဲ တစ်နေရာမှ ကြောက်မက်ဖွယ်အသွင်ဆောင်နေသော သားရဲ့ မျက်နှာကို မြင်တွေ့လိုက် ရသည်။
သူမအော်ဖို့ကြိုးစားသော်လည်း အသံမှာ လည်ပင်းဝတွင်သာ ပျောက်သွားခဲ့သည်။ ချွန်ထက် နေသော သွားများ စီတန်းနေသော သား၏ပါးစပ်မှာ တဖြည်းဖြည်းကျယ်လာခဲ့ပြီး သူမခန္ဓာကိုယ်ကို ဝါးမြိုရန် တစ်ဖြည်းဖြည်း အုံ့မိုးလာခဲ့တော့သည်။ သူမ စိတ်လျော့လိုက်သည်။ ဒီကိစ္စတို့သည် သူမကြောင့် ဖြစ်လာရသည်ပဲလေ..။ သူမ မျက်လုံးမှိတ်ထားလိုက်တော့သည်။
နောက်တစ်နေ့နံနက်…၊ ခြံနောက်က သစ်ပင်ကြီးအောက်တွင် ကြောက်ရွှံ့ထိတ်လန့်စွာ မျက်လုံးပြူးပြီး အသက်ကင်းမဲ့နေသော သူမခန္ဓာကိုယ်ကို လူအများ ထူးဆန်းအံ့သြစွာ ဝိုင်းအုံ ကြည့်နေကြလေတော့သည်။
မှတ်ချက် – ဖြစ်ရပ်မှန် တစ်ခုအား ဇာတ်လမ်းဆင်ကာ ရေးသားပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Aung Htun Oo
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top