Kantharyar Centre
×

မိကိုယ္မိမိ ယံုၾကည္မႈေတာ႕ ရႇိခ်င္ပါရဲ့။ ဒါေပမဲ႕ အဲဒီလိုယံုၾကည္မႈရႇိလာေအာင္ ဘယ္လုိလုပ္ရမႇန္းမသိျဖစ္ေနပါသလား။ မိမိကိုယ္မိမိ အမႇန္တကယ္ ယံုၾကည္မႈရလာေအာင္ ေန့ခ်င္းညခ်င္း လုပ္လုိ့မရပါဘူး။ လိုအပ္တာေတြကို တစ္ခုခ်င္း ေဇာက္ခ်လုပ္ဖို့လိုတယ္။ ဒါမႇလည္း မိမိဟာ အျခားသူေတြရဲ့ေလးစားမႈနဲ့ ခင္မင္မႈေမတၲာတရားနဲ့ဆိုတာ သေဘာေပါက္ ခံယူလာမႇာျဖစ္ပါတယ္။

၁။ မိမိရဲ႕ခ်ဳိ႕တဲ့ခ်က္ေတြ၊ လိုအပ္တာတြကို သိေအာင္လုပ္ပါ။

စိတ္ထဲမႇာက်ိတ္ၿပီး ခံစားေနတာမ်ဳိးရႇိသလား။ ဘာေၾကာင့္ မိမိဘာသာမိမိ စိက္လက္မသက္မသာျဖစ္ေနရတာလဲ။ ရႇက္ မိေနရတာလဲ။ မ်က္ႏႇာမႇာ ၀က္ၿခံေပါက္ေနတာကအစ တႏံု့ ႏံု့ေနာင္တရၿပီး စိတ္မခ်မ္းမသာျဖစ္ေနတာမ်ဳိးအထိ အ ေၾကာင္းအမ်ဳိးမ်ဳိးျဖစ္ႏိုင္တယ္။ ေက်ာင္းေနဖက္ေတြေၾကာင့္၊ ဒါမႇမဟုတ္ စိတ္ထဲမႇာစြဲနစ္ေနတဲ့ မေကာင္းတဲ့ အေတြ႕အႀကံဳ အရ ခံစားခ်က္တစ္ခုခုေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ ငါဟာ အလကားပဲ၊ ရႇက္စရာေကာင္းတယ္။ သူမ်ားေတြနဲ့ယႇဥ္ရင္ ငါကညံ့ေနတယ္ စသျဖင့္ ဘယ္လိုပဲခံစားေနရပါေစ အဲဒါ ေတြကို ပီပီျပင္ျပင္ သဲသဲကြဲကြဲ သိဖို့လိုတယ္။ အဲဒီလိုသိသြား ရင္ အဲဒါကိုခ်ေရးလုိက္ပါ။ ဒီစာရြက္ေလးေတြကို ဆုတ္ၿဖဲ ပစ္လုိက္ႏိုင္တယ္။ ဒီအခ်က္ေတြနဲ့ပတ္သက္ၿပီး အေကာင္း ျမင္လာဖုိ့ စလုိက္တာျဖစ္တယ္။

၂။ ခင္မင္ရင္းႏႇီးရသူေတြနဲ့ ခ်စ္ရတဲ့သူေတြကိုဖြင့္ေျပာပါ။

ေျပာ ခ်င္တာေလးေတြကို ေျပာျပလုိက္ဖို့ အဆင္သင့္လုပ္ထားၿပီး ေန့စဥ္ႀကံဳတုိင္း နည္းနည္းခ်င္းေျပာၾကပါ။ ယူပစ္သလို ခ်က္ခ်င္းႀကီးေတာ့ ေျပေပ်ာက္သြားမႇာ မဟုတ္ဘူး။ ျပႆနာ တစ္ခုခ်င္းနားလည္သြားဖို့ တစ္ခုၿပီးမႇတစ္ခုဆက္ရႇင္းပါ။ အတိတ္က ခံစားခဲ့ရတဲ့ကိစၥက ဒီကေန့မႇာ ဆီေလ်ာ္သက္ ဆိုင္မႈရႇိေနေသးလားဆိုတာ စိစစ္ၾကည့္ပါ။ မေကာင္းတဲ့ ခံစားခ်က္မႇန္သမ်ကို ေဖ်ာက္ဖ်က္ပစ္ရမယ္လုိ့ မဆိုလိုဘူး။ (ေဖ်ာက္လုိ့မရမႇန္း အႀကိမ္မ်ားစြာ ရႇိခဲ့ဖူးမႇာပါပဲ)။ မိမိရဲ႕ လက္ေတြ႕အအျဖစ္မႇန္ကို လက္ခံလုိက္ဖို့လိုတယ္။ အတိတ္ ကအေၾကာင္းေတြြ၊ အေျခအေနေတြကို အရႇိကိုအရႇိအတုိင္း လက္ခံလုိက္ပါ။ ဒီလိုလက္ခံရာမႇာ ဒါေတြဟာ အလကား ဟာေတြ၊ မေကာင္းတာေတြလို့လည္း မေတြးသင့္ဘူး။

၃။အမႇားရႇိရင္ အမႇန္ျပင္။

ဘယ္သူမႇ ေျခာက္ျပစ္ကင္းသဲလဲစင္ မဟုတ္ ပါဘူး။ မိမိကိုယ္မိမိ ယံုၾကည္မႈ အျပည့္ရႇိပါတယ္ဆိုတဲ့သူေတြေတာင္ ‘တုိ့မႇာ ခ်ဳိ႕တဲ့ခ်က္ေတြ၊ ဟာကြက္ေတြ ရႇိလာပါလား’ဆိုတဲ့ အသိကရႇိ ေနတယ္။ ဒါကေတာ့ လူ့ဘ၀မႇာ အမႇန္တရားပဲ။ ဘ၀ဆိုတာ အဖုအ ထစ္ဆူးေျငာင့္ခလုတ္ေတြ အမ်ားႀကီးပဲ။ ဒါေတြဟာလည္း အၿမဲမ ေျပာင္းလဲဘဲ တည္ရႇိေနၾကတာမဟုတ္ဘူး။

၄။မိမိကြၽမ္းက်င္တဲ့၊ ေအာင္ျမင္တဲ့ေနရာကိုသိထားပါ။

လူတုိင္းဟာ တစ္ခုခုမႇာ ေတာ္ၾကတာခ်ည္းပါပဲ။ ဒီေတာ့ သင္လည္း ဘယ္ေနရာမႇာ ေတာ္သလဲဆိုတာ သိေအာင္လုပ္ၿပီး အဲဒီေတာ္တဲ့အခ်က္ေတြကို အာ ႐ံုစိုက္ပါ။ ဂုဏ္လည္းယူပါ။ ဒီအတြက္ မိမိကိုယ္မိမိ ခ်ီးက်ဴးစမ္းပါ။ သိမ္ငယ္စိတ္ဆိုတာ မိမိဘာသာလုပ္ထားတာျဖစ္တယ္။ မိမိကိုယ္မိမိ သားေကာင္အျဖစ္ အလုပ္မခံပါနဲ့။ စိတ္ထဲကခံစားရခ်က္ေတြကို အႏုပညာ၊ ေတးဂီတ၊ စာေရးျခင္းစတဲ့ နည္းေတြနဲ့ ေဖာ္ထုတ္ေပးပါ။ ၀ါသနာပါတာ တစ္ခုခုကိုရႇာပါ။ လူတိုင္းမႇာ ၀ါသနာတို့၊ အစြမ္းအစ တို့ဆုိတာရႇိတယ္။ ကိုယ့္၀ါသနာ၊ ကိုယ့္အစြမ္းအစကို ဖြံ႕ၿဖိဳးေအာင္လုပ္ပါ။ ၀ါသနာပါတာတူတဲ့သူေတြနဲ့ ေပါင္း လုပ္ပါ။ ၀ါသနာပါတာလုပ္ေနရရင္ မိမိကိုယ္မိမိ ယံုၾကည္မႈမရႇိ ျဖစ္ေနတာေလ်ာ့ပါ။ ေပ်ာက္ကင္းသြားႏိုင္တယ္။ ေအာင္ျမင္ေအာင္လုပ္တတ္တယ္ဆိုတဲ့အသိေၾကာင့္ မိမိကိုယ္မိမိ ယံုၾကည္မႈရႇိလာႏိုင္တယ္။ ဒါ့အျပင္ အတူတူလက္တြဲ လို့ရတဲ့ မိတ္ေဆြအေပါင္းအသင္းေတြနဲ့လည္း ေတြ႕ႀကံဳလာႏိုင္တယ္။

၅။ဒါေလာက္ရႇိတာပဲ ေတာ္လႇၿပီလုိ့ သေဘာထားပါ။

မိမိကိုယ္မိမိ မယံုၾကည္ျခင္းရဲ႕အေၾကာင္းရင္းေတြထဲမႇာ မ်ားေသာအားျဖင့္ ရႇိသင့္ တယ္လို့ထင္ထားတဲ့အရာေတြ မိမိမႇာခ်ဳိ႕တဲ့ေနတယ္ဆိုတဲ့ ခံစား ခ်က္ျဖစ္ေလ့ရႇိတယ္။ ခံစားခ်က္နဲ့ပတ္သက္လို့ပဲျဖစ္ျဖစ္ ကံအက်ဳိး ေပးတို့၊ ေငြေရးေၾကးေရးတုိ့နဲ့ပတ္သက္လုိ့ပဲျဖစ္ျဖစ္ ကိုယ့္မႇာခ်ဳိ႕တဲ့ ေနတယ္ဆိုတဲ့စိတ္မ်ဳိး ေပၚေပါက္ေနတတ္တယ္။ ဒါေၾကာင့္ ကိုယ့္ မႇာရႇိတာေလးနဲ့ပဲ ေရာင့္ရဲေနရင္ စိတ္ခ်မ္းသာမႈရၿပီး မိမိကိုယ္မိမိ ယံုၾကည္ခ်က္ရႇိေရးကိုလည္း အေထာက္အကူျပဳမႇာ ျဖစ္ပါတယ္။

၆။အေကာင္းဘက္ကို ျမင္ေအာင္ၾကည့္ပါ။

သူမ်ားေတြနဲ့ အျမင္မတူေပမဲ့ အေကာင္းဘက္ကို ျမင္ေအာင္ၾကည့္ပါ။ ကိုယ့္ကိုယ္ကိုယ္ သနားစရာ လို့ မျမင္သင့္သလို သူမ်ားေတြရဲ႕သနားတာကိုလည္း မခံခ်င္ပါနဲ့။ အဲဒီလိုမဟုတ္ရင္ တျခားသူေတြက အထင္ေသးမႇာပါပဲ။ ဒါေၾကာင့္ ကိုယ့္အေၾကာင္းကို အေကာင္းျမင္႐ႈေထာင့္ကေနေျပာပါ။ ကိုယ့္အစြမ္း အစနဲ့ အရည္အေသြးေတြကို ျပဖို့မေၾကာက္ၾကနဲ့။ ဒါဆိုရင္ သင္ဟာ အျပဳသေဘာေဆာင္တဲ့ဘက္ကို ဦးလႇည့္သြားႏိုင္ပါတယ္။



၇။သူမ်ားက မိမိကို ခင္မင္မႈအရ ခ်ီးမႊမ္းေျပာဆိုတာေတြကို ယဥ္ယဥ္ ေက်းေက်း တံု့ျပန္ပါ။

”အင္း၊ ဟုတ္တယ္” ဆုိၿပီး မ်က္ႏႇာလႊဲခဲပစ္ သေဘာမထားပါနဲ့။ ႏႇလံုးသားထဲကပါ လိႈက္လိႈက္လႇဲလႇဲခံယူၿပီး အျပဳသေဘာေဆာင္တဲ့ သေဘာထားနဲ့ တံု့ျပန္ပါ။ (ေက်းဇူးတင္ပါ တယ္လို့ ၿပံဳးၿပီးျပလုိက္ရင္လည္း ေကာင္းတာပါပဲ)။

၈။မႇန္ထဲမႇာၾကည့္ၿပီး၊ ၿပံဳးပါ။

ဦးေႏႇာက္ဟာ မ်က္ႏႇာရဲ႕အမူအရာကိုလုိက္ ၿပီး ခံစားခ်က္ကို မႇတ္သားထားေလ့ရႇိတတ္တယ္။ ဒါေၾကာင့္ ေန့ စဥ္ မႇန္ထဲၾကည့္ၿပီး ၿပံဳးတာနဲ့ ပိုၿပီးစိတ္ခ်မ္းသာလာႏိုင္ၿပီး ေရရႇည္မႇာ ယံုၾကည္မႈလည္း တက္လာႏိုင္တယ္။

၉။သ႐ုပ္ေဆာင္ပါ။

အထက္ပါအတုိင္း မႇန္ထဲၾကည့္ၿပီး ေပ်ာ္ေအာင္လုပ္ သလိုပဲ မိမိကိုယ္မိမိ ယံုၾကည္မႈရႇိတယ္လို့မႇတ္ယူၿပီး သ႐ုပ္ေဆာင္ ေနရင္ တကယ္ပဲ ယံုၾကည္မႈရႇိသူတစ္ေယာက္ျဖစ္လာႏိုင္တယ္။ အဲဒီလို တကယ္လုပ္ၿပီး ခံစားၾကည့္ပါ။

၁၀။မိမိရဲ႕မူ၊ မိမိရဲ႕ခံယူထားခ်က္ကို အၿမဲစြဲကိုင္ထားပါ။

ဒါကေတာ့ ခက္ခဲႏိုင္တယ္။ ဒါေပမဲ့ ယံုၾကည္ခ်က္၊ ခံယူခ်က္ဆိုတာမရႇိရင္ တျခားဘာမႇလည္း ရႇိမႇာမဟုတ္ဘူး။ ခိုင္ခိုင္မာမာ စြဲကိုင္ရပ္တည္ စရာမရႇိရင္ ဘာဒဏ္မႇမခံႏိုင္ဘဲ ၿပိဳလဲသြားမႇာပဲ။ ဘ၀မႇာ ဘာေတြပဲ ျဖစ္ခဲ့ျဖစ္ခဲ့၊ ခံယူခ်က္၊ ယံုၾကည္ခ်က္ေတြကို အတတ္ႏိုင္ဆံုးစြဲကိုင္ထား ႏိုင္တယ္။

၁၁။သူမ်ားကို ကူညီပါ။

ကိုယ့္အနီးအနားတစ္၀ိုက္က လူေတြကို ဘယ္ သူ့ကိုပဲျဖစ္ျဖစ္ ၾကင္နာမႈက႐ုဏာထားတဲ့စိတ္ရႇိၿပီး ကူညီသင့္ တယ္။

၁၂။ေျခာက္ျပစ္ကင္းသဲလဲစင္ျဖစ္ေအာင္ မႀကိဳးစားပါနဲ့။

အဲဒီလို ျဖစ္ေအာင္ ႀကိဳးစားေနရင္ ဘာမႇလုပ္ျဖစ္မႇာမဟုတ္ေတာ့ဘူး။ မိမိရဲ႕ရည္ ရြယ္ခ်က္ပန္းတိုင္ေတြနဲ့လည္း ေ၀းေနမႇာျဖစ္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : lwin pyin

#Unicode Version

မိကိုယ်မိမိ ယုံကြည်မှုတော့ ရှိချင်ပါရဲ့။ ဒါပေမဲ့ အဲဒီလိုယုံကြည်မှုရှိလာအောင် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေပါသလား။ မိမိကိုယ်မိမိ အမှန်တကယ် ယုံကြည်မှုရလာအောင် နေ့ချင်းညချင်း လုပ်လို့မရပါဘူး။ လိုအပ်တာတွေကို တစ်ခုချင်း ဇောက်ချလုပ်ဖို့လိုတယ်။ ဒါမှလည်း မိမိဟာ အခြားသူတွေရဲ့လေးစားမှုနဲ့ ခင်မင်မှုမေတ္တာတရားနဲ့ဆိုတာ သဘောပေါက် ခံယူလာမှာဖြစ်ပါတယ်။

၁။ မိမိရဲ့ချို့တဲ့ချက်တွေ၊ လိုအပ်တာတွကို သိအောင်လုပ်ပါ။

စိတ်ထဲမှာကျိတ်ပြီး ခံစားနေတာမျိုးရှိသလား။ ဘာကြောင့် မိမိဘာသာမိမိ စိက်လက်မသက်မသာဖြစ်နေရတာလဲ။ ရှက် မိနေရတာလဲ။ မျက်နှာမှာ ဝက်ခြံပေါက်နေတာကအစ တနုံ့ နုံ့နောင်တရပြီး စိတ်မချမ်းမသာဖြစ်နေတာမျိုးအထိ အ ကြောင်းအမျိုးမျိုးဖြစ်နိုင်တယ်။ ကျောင်းနေဖက်တွေကြောင့်၊ ဒါမှမဟုတ် စိတ်ထဲမှာစွဲနစ်နေတဲ့ မကောင်းတဲ့ အတွေ့အကြုံ အရ ခံစားချက်တစ်ခုခုကြောင့်လည်း ဖြစ်နိုင်တယ်။ ငါဟာ အလကားပဲ၊ ရှက်စရာကောင်းတယ်။ သူများတွေနဲ့ယှဉ်ရင် ငါကညံ့နေတယ် စသဖြင့် ဘယ်လိုပဲခံစားနေရပါစေ အဲဒါ တွေကို ပီပီပြင်ပြင် သဲသဲကွဲကွဲ သိဖို့လိုတယ်။ အဲဒီလိုသိသွား ရင် အဲဒါကိုချရေးလိုက်ပါ။ ဒီစာရွက်လေးတွေကို ဆုတ်ဖြဲ ပစ်လိုက်နိုင်တယ်။ ဒီအချက်တွေနဲ့ပတ်သက်ပြီး အကောင်း မြင်လာဖို့ စလိုက်တာဖြစ်တယ်။

၂။ ခင်မင်ရင်းနှီးရသူတွေနဲ့ ချစ်ရတဲ့သူတွေကိုဖွင့်ပြောပါ။

ပြော ချင်တာလေးတွေကို ပြောပြလိုက်ဖို့ အဆင်သင့်လုပ်ထားပြီး နေ့စဉ်ကြုံတိုင်း နည်းနည်းချင်းပြောကြပါ။ ယူပစ်သလို ချက်ချင်းကြီးတော့ ပြေပျောက်သွားမှာ မဟုတ်ဘူး။ ပြဿနာ တစ်ခုချင်းနားလည်သွားဖို့ တစ်ခုပြီးမှတစ်ခုဆက်ရှင်းပါ။ အတိတ်က ခံစားခဲ့ရတဲ့ကိစ္စက ဒီကနေ့မှာ ဆီလျော်သက် ဆိုင်မှုရှိနေသေးလားဆိုတာ စိစစ်ကြည့်ပါ။ မကောင်းတဲ့ ခံစားချက်မှန်သမျကို ဖျောက်ဖျက်ပစ်ရမယ်လို့ မဆိုလိုဘူး။ (ဖျောက်လို့မရမှန်း အကြိမ်များစွာ ရှိခဲ့ဖူးမှာပါပဲ)။ မိမိရဲ့ လက်တွေ့အအဖြစ်မှန်ကို လက်ခံလိုက်ဖို့လိုတယ်။ အတိတ် ကအကြောင်းတွေ၊ အခြေအနေတွေကို အရှိကိုအရှိအတိုင်း လက်ခံလိုက်ပါ။ ဒီလိုလက်ခံရာမှာ ဒါတွေဟာ အလကား ဟာတွေ၊ မကောင်းတာတွေလို့လည်း မတွေးသင့်ဘူး။

၃။အမှားရှိရင် အမှန်ပြင်။

ဘယ်သူမှ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ် ပါဘူး။ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိပါတယ်ဆိုတဲ့သူတွေတောင် ‘တို့မှာ ချို့တဲ့ချက်တွေ၊ ဟာကွက်တွေ ရှိလာပါလား’ဆိုတဲ့ အသိကရှိ နေတယ်။ ဒါကတော့ လူ့ဘဝမှာ အမှန်တရားပဲ။ ဘဝဆိုတာ အဖုအ ထစ်ဆူးငြောင့်ခလုတ်တွေ အများကြီးပဲ။ ဒါတွေဟာလည်း အမြဲမ ပြောင်းလဲဘဲ တည်ရှိနေကြတာမဟုတ်ဘူး။

၄။မိမိကျွမ်းကျင်တဲ့၊ အောင်မြင်တဲ့နေရာကိုသိထားပါ။

လူတိုင်းဟာ တစ်ခုခုမှာ တော်ကြတာချည်းပါပဲ။ ဒီတော့ သင်လည်း ဘယ်နေရာမှာ တော်သလဲဆိုတာ သိအောင်လုပ်ပြီး အဲဒီတော်တဲ့အချက်တွေကို အာ ရုံစိုက်ပါ။ ဂုဏ်လည်းယူပါ။ ဒီအတွက် မိမိကိုယ်မိမိ ချီးကျူးစမ်းပါ။ သိမ်ငယ်စိတ်ဆိုတာ မိမိဘာသာလုပ်ထားတာဖြစ်တယ်။ မိမိကိုယ်မိမိ သားကောင်အဖြစ် အလုပ်မခံပါနဲ့။ စိတ်ထဲကခံစားရချက်တွေကို အနုပညာ၊ တေးဂီတ၊ စာရေးခြင်းစတဲ့ နည်းတွေနဲ့ ဖော်ထုတ်ပေးပါ။ ဝါသနာပါတာ တစ်ခုခုကိုရှာပါ။ လူတိုင်းမှာ ဝါသနာတို့၊ အစွမ်းအစ တို့ဆိုတာရှိတယ်။ ကိုယ့်ဝါသနာ၊ ကိုယ့်အစွမ်းအစကို ဖွံ့ဖြိုးအောင်လုပ်ပါ။ ဝါသနာပါတာတူတဲ့သူတွေနဲ့ ပေါင်း လုပ်ပါ။ ဝါသနာပါတာလုပ်နေရရင် မိမိကိုယ်မိမိ ယုံကြည်မှုမရှိ ဖြစ်နေတာလျော့ပါ။ ပျောက်ကင်းသွားနိုင်တယ်။ အောင်မြင်အောင်လုပ်တတ်တယ်ဆိုတဲ့အသိကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိလာနိုင်တယ်။ ဒါ့အပြင် အတူတူလက်တွဲ လို့ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း တွေ့ကြုံလာနိုင်တယ်။

၅။ဒါလောက်ရှိတာပဲ တော်လှပြီလို့ သဘောထားပါ။

မိမိကိုယ်မိမိ မယုံကြည်ခြင်းရဲ့အကြောင်းရင်းတွေထဲမှာ များသောအားဖြင့် ရှိသင့် တယ်လို့ထင်ထားတဲ့အရာတွေ မိမိမှာချို့တဲ့နေတယ်ဆိုတဲ့ ခံစား ချက်ဖြစ်လေ့ရှိတယ်။ ခံစားချက်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကံအကျိုး ပေးတို့၊ ငွေရေးကြေးရေးတို့နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကိုယ့်မှာချို့တဲ့ နေတယ်ဆိုတဲ့စိတ်မျိုး ပေါ်ပေါက်နေတတ်တယ်။ ဒါကြောင့် ကိုယ့် မှာရှိတာလေးနဲ့ပဲ ရောင့်ရဲနေရင် စိတ်ချမ်းသာမှုရပြီး မိမိကိုယ်မိမိ ယုံကြည်ချက်ရှိရေးကိုလည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်။

၆။အကောင်းဘက်ကို မြင်အောင်ကြည့်ပါ။

သူများတွေနဲ့ အမြင်မတူပေမဲ့ အကောင်းဘက်ကို မြင်အောင်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် သနားစရာ လို့ မမြင်သင့်သလို သူများတွေရဲ့သနားတာကိုလည်း မခံချင်ပါနဲ့။ အဲဒီလိုမဟုတ်ရင် တခြားသူတွေက အထင်သေးမှာပါပဲ။ ဒါကြောင့် ကိုယ့်အကြောင်းကို အကောင်းမြင်ရှုထောင့်ကနေပြောပါ။ ကိုယ့်အစွမ်း အစနဲ့ အရည်အသွေးတွေကို ပြဖို့မကြောက်ကြနဲ့။ ဒါဆိုရင် သင်ဟာ အပြုသဘောဆောင်တဲ့ဘက်ကို ဦးလှည့်သွားနိုင်ပါတယ်။



၇။သူများက မိမိကို ခင်မင်မှုအရ ချီးမွှမ်းပြောဆိုတာတွေကို ယဉ်ယဉ် ကျေးကျေး တုံ့ပြန်ပါ။

”အင်း၊ ဟုတ်တယ်” ဆိုပြီး မျက်နှာလွှဲခဲပစ် သဘောမထားပါနဲ့။ နှလုံးသားထဲကပါ လှိုက်လှိုက်လှဲလှဲခံယူပြီး အပြုသဘောဆောင်တဲ့ သဘောထားနဲ့ တုံ့ပြန်ပါ။ (ကျေးဇူးတင်ပါ တယ်လို့ ပြုံးပြီးပြလိုက်ရင်လည်း ကောင်းတာပါပဲ)။

၈။မှန်ထဲမှာကြည့်ပြီး၊ ပြုံးပါ။

ဦးနှောက်ဟာ မျက်နှာရဲ့အမူအရာကိုလိုက် ပြီး ခံစားချက်ကို မှတ်သားထားလေ့ရှိတတ်တယ်။ ဒါကြောင့် နေ့ စဉ် မှန်ထဲကြည့်ပြီး ပြုံးတာနဲ့ ပိုပြီးစိတ်ချမ်းသာလာနိုင်ပြီး ရေရှည်မှာ ယုံကြည်မှုလည်း တက်လာနိုင်တယ်။

၉။သရုပ်ဆောင်ပါ။

အထက်ပါအတိုင်း မှန်ထဲကြည့်ပြီး ပျော်အောင်လုပ် သလိုပဲ မိမိကိုယ်မိမိ ယုံကြည်မှုရှိတယ်လို့မှတ်ယူပြီး သရုပ်ဆောင် နေရင် တကယ်ပဲ ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်လာနိုင်တယ်။ အဲဒီလို တကယ်လုပ်ပြီး ခံစားကြည့်ပါ။

၁၀။မိမိရဲ့မူ၊ မိမိရဲ့ခံယူထားချက်ကို အမြဲစွဲကိုင်ထားပါ။

ဒါကတော့ ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ယုံကြည်ချက်၊ ခံယူချက်ဆိုတာမရှိရင် တခြားဘာမှလည်း ရှိမှာမဟုတ်ဘူး။ ခိုင်ခိုင်မာမာ စွဲကိုင်ရပ်တည် စရာမရှိရင် ဘာဒဏ်မှမခံနိုင်ဘဲ ပြိုလဲသွားမှာပဲ။ ဘဝမှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ခံယူချက်၊ ယုံကြည်ချက်တွေကို အတတ်နိုင်ဆုံးစွဲကိုင်ထား နိုင်တယ်။

၁၁။သူများကို ကူညီပါ။

ကိုယ့်အနီးအနားတစ်ဝိုက်က လူတွေကို ဘယ် သူ့ကိုပဲဖြစ်ဖြစ် ကြင်နာမှုကရုဏာထားတဲ့စိတ်ရှိပြီး ကူညီသင့် တယ်။

၁၂။ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်အောင် မကြိုးစားပါနဲ့။

အဲဒီလို ဖြစ်အောင် ကြိုးစားနေရင် ဘာမှလုပ်ဖြစ်မှာမဟုတ်တော့ဘူး။ မိမိရဲ့ရည် ရွယ်ချက်ပန်းတိုင်တွေနဲ့လည်း ဝေးနေမှာဖြစ်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : lwin pyin


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top