Property Expo
×

သူငယ္ခ်င္းျဖစ္သူ၏ ေကာ္ဖီခြက္ အတြင္း၌ ဆုိင္ရာႏုိက္အဆိပ္ ခတ္ခဲ့ၿပီး သတ္ခဲ့ေၾကာင္း စြပ္စြဲခံထားရေသာ အင္ဒိုနီးရွား အမ်ဳိးသမီး တစ္ဦးအား ေထာင္အႏွစ္ ၂၀ ခ်မွတ္ရန္ အစိုးရေရွ႕ေနမ်ားက ေအာက္တိုဘာ ၅ ရက္တြင္ ေျပာၾကားခဲ့သည္။
ၾသစေၾတးလ်တြင္ အျမဲတမ္း ေနထုိင္ခြင့္ ရထားသူ ဂ်က္စီကာကူမာလာ၀မ္ဆိုက ၿပီးခဲ့သည့္ ဇန္န၀ါရီ၌ ျဖစ္ပြားခဲ့ေသာ ေကာလိပ္ေက်ာင္းေနဖက္ သူငယ္ခ်င္း ၀ါရန္မီရာနာဆာလီဟင္ ေသဆုံးမႈအတြက္ လူသတ္မႈ က်ဴးလြန္ခဲ့ျခင္း မရွိေၾကာင္း ျငင္းဆိုထားသည္။ အသက္ ၂၇ ႏွစ္အရြယ္ ၀မ္ဆိုသည္ သူငယ္ခ်င္းျဖစ္သူ ဆာလီဟင္ကို သတ္ရန္ ဆုံးျဖတ္ထားၿပီး အစီအစဥ္ကို ရက္စက္စြာ ခ်မွတ္ထားေၾကာင္း အစိုးရေရွ႕ေန မီလာနီ၀ူ၀မ္က ေျပာၾကားခဲ့သည္။

ဓားစာခံ ျဖစ္သူ၏ အသက္ကို တစ္ခါတည္း မသတ္လိုဘဲ မေသမခ်င္း ဖိစီးႏွိပ္စက္သည္ကို ခံစားေစရန္အတြက္ ဆုိင္ရာႏုိက္ အဆိပ္ကို အသုံးျပဳခဲ့ျခင္းျဖစ္ေၾကာင္း ၀ူ၀မ္က ေျပာၾကားခဲ့သည္။ “အဆိပ္ေကာ္ဖီ” အမႈသည္ အင္ဒိုနီးရွားတြင္ အင္တာနက္၌ အလြန္ ေခတ္စားခဲ့ၿပီး ၀မ္ဆို၏အမႈကို ၾကားနာမႈအား အခ်ဳိ႕႐ုပ္သံမ်ားက တုိက္႐ုိက္ ထုတ္လႊင့္ခဲ့ၾကသည္။

အသက္ ၂၇ ႏွစ္အရြယ္ပင္ ျဖစ္ေသာ ဆာလီဟင္က ၀မ္ဆိုကို မူးယစ္ေဆးသုံးစြဲေနေသာ ရည္းစားျဖစ္သူႏွင့္ လမ္းခြဲရန္ အၾကံျပဳခဲ့ၿပီးေနာက္ ၀မ္ဆုိသည္ ဆာလီဟင္ကိုသတ္ရန္ ဆုံးျဖတ္ထားေၾကာင္း အစိုးရေရွ႕ေနမ်ားက စြပ္စဲြခဲ့သည္။ ၀မ္ဆုိသည္ ဆာလီဟင္ကို ေကာ္ဖီဆုိင္သို႔ ခ်ိန္းဆိုခဲ့ၿပီး ဆာလီဟင္၏ ဗီယက္နမ္ေကာ္ဖီေအးထဲသို႔ ဆုိင္ရာႏုိက္ အဆိပ္ ခတ္ခဲ့ေၾကာင္း တရား႐ုံး၌ ၾကားနာမႈမ်ားက ေဖာ္ျပခဲ့သည္။

ဆာလီဟင္သည္ ယင္းေကာ္ဖီေသာက္ၿပီးေနာက္ လဲက်သြားခဲ့ၿပီး တစ္ကုိယ္လုံး အျပင္းအထန္ လႈပ္ခါခဲ့သည္။ ယင္းေနာက္ ေဆး႐ုံသို႔ ေရာက္ၿပီး မၾကာမီ ေသဆုံးသြားခဲ့သည္။ ေကာ္ဖီခြက္ အတြင္းသို႔ အဆိပ္ခတ္သည္ကို စီစီတီဗီြ လုံျခံဳေရး ကင္မရာ ႐ုိက္ကူးမႈအား ေရွာင္ရွားရန္အတြက္ ၀မ္ဆုိသည္ စားပြဲေပၚတြင္ အိတ္မ်ားခ်ထား၍ ဖုံးကြယ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

၀မ္ဆုိက ယင္းကဲ့သို႔ အိတ္မ်ားခ်ထားမႈ အပါအ၀င္ ထိုေန႔က အျခား ျဖစ္ရပ္မ်ားႏွင့္ ပတ္သက္၍ အေသးစိတ္မ်ားကို မမွတ္မိႏိုင္ေတာ့ေၾကာင္း တရား႐ုံးကို ေျပာၾကားခဲ့သည္။ တရားခံ၏ ေရွ႕ေနအဖြဲ႕က ၎တို႔၏ အမႈသည္အေပၚ စြပ္စြဲခ်က္မ်ားသည္ အားနည္းၿပီး အျပစ္ရွိေၾကာင္း ထင္ရွား ျပသရန္အတြက္ သက္ေသအေထာက္အထား မရွိဟု အခုိင္အမာ ေျပာၾကားခဲ့သည္။ ဇြန္လက ႐ုံးတင္စစ္ေဆးမႈမ်ား စတင္ခဲ့ၿပီးေနာက္ တရားခံေရွ႕ေန အဖြဲ႕က မႈခင္းစုံစမ္းစစ္ေဆးမႈ ကြၽမ္းက်င္သူ သုံးဦးကို ဆင့္ေခၚခဲ့ၿပီး ဆာလီဟင္ ေသဆုံးမႈသည္ ဆုိင္ရာႏုိက္ အဆိပ္သင့္မႈေၾကာင့္ျဖစ္ေၾကာင္း သက္ေသမရွိဟု ၾကားနာထားသည္။ ယမန္ႏွစ္ကအထိ ဆစ္ဒနီတြင္ ေနထုိင္ခဲ့ေသာ ၀မ္ဆုိသည္ ဆာလီဟင္ႏွင့္အတူ ဒီဇုိင္းေကာလိပ္တစ္ခု၌ ပညာသင္ၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Uniocode Version
သူငယ်ချင်းဖြစ်သူ၏ ကော်ဖီခွက် အတွင်း၌ ဆိုင်ရာနိုက်အဆိပ် ခတ်ခဲ့ပြီး သတ်ခဲ့ကြောင်း စွပ်စွဲခံထားရသော အင်ဒိုနီးရှား အမျိုးသမီး တစ်ဦးအား ထောင်အနှစ် ၂၀ ချမှတ်ရန် အစိုးရရှေ့နေများက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
သြစတြေးလျတွင် အမြဲတမ်း နေထိုင်ခွင့် ရထားသူ ဂျက်စီကာကူမာလာဝမ်ဆိုက ပြီးခဲ့သည့် ဇန်နဝါရီ၌ ဖြစ်ပွားခဲ့သော ကောလိပ်ကျောင်းနေဖက် သူငယ်ချင်း ဝါရန်မီရာနာဆာလီဟင် သေဆုံးမှုအတွက် လူသတ်မှု ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။ အသက် ၂၇ နှစ်အရွယ် ဝမ်ဆိုသည် သူငယ်ချင်းဖြစ်သူ ဆာလီဟင်ကို သတ်ရန် ဆုံးဖြတ်ထားပြီး အစီအစဉ်ကို ရက်စက်စွာ ချမှတ်ထားကြောင်း အစိုးရရှေ့နေ မီလာနီဝူဝမ်က ပြောကြားခဲ့သည်။

ဓားစာခံ ဖြစ်သူ၏ အသက်ကို တစ်ခါတည်း မသတ်လိုဘဲ မသေမချင်း ဖိစီးနှိပ်စက်သည်ကို ခံစားစေရန်အတွက် ဆိုင်ရာနိုက် အဆိပ်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဝူဝမ်က ပြောကြားခဲ့သည်။ “အဆိပ်ကော်ဖီ” အမှုသည် အင်ဒိုနီးရှားတွင် အင်တာနက်၌ အလွန် ခေတ်စားခဲ့ပြီး ဝမ်ဆို၏အမှုကို ကြားနာမှုအား အချို့ရုပ်သံများက တိုက်ရိုက် ထုတ်လွှင့်ခဲ့ကြသည်။

အသက် ၂၇ နှစ်အရွယ်ပင် ဖြစ်သော ဆာလီဟင်က ဝမ်ဆိုကို မူးယစ်ဆေးသုံးစွဲနေသော ရည်းစားဖြစ်သူနှင့် လမ်းခွဲရန် အကြံပြုခဲ့ပြီးနောက် ဝမ်ဆိုသည် ဆာလီဟင်ကိုသတ်ရန် ဆုံးဖြတ်ထားကြောင်း အစိုးရရှေ့နေများက စွပ်စွဲခဲ့သည်။ ဝမ်ဆိုသည် ဆာလီဟင်ကို ကော်ဖီဆိုင်သို့ ချိန်းဆိုခဲ့ပြီး ဆာလီဟင်၏ ဗီယက်နမ်ကော်ဖီအေးထဲသို့ ဆိုင်ရာနိုက် အဆိပ် ခတ်ခဲ့ကြောင်း တရားရုံး၌ ကြားနာမှုများက ဖော်ပြခဲ့သည်။

ဆာလီဟင်သည် ယင်းကော်ဖီသောက်ပြီးနောက် လဲကျသွားခဲ့ပြီး တစ်ကိုယ်လုံး အပြင်းအထန် လှုပ်ခါခဲ့သည်။ ယင်းနောက် ဆေးရုံသို့ ရောက်ပြီး မကြာမီ သေဆုံးသွားခဲ့သည်။ ကော်ဖီခွက် အတွင်းသို့ အဆိပ်ခတ်သည်ကို စီစီတီဗွီ လုံခြုံရေး ကင်မရာ ရိုက်ကူးမှုအား ရှောင်ရှားရန်အတွက် ဝမ်ဆိုသည် စားပွဲပေါ်တွင် အိတ်များချထား၍ ဖုံးကွယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဝမ်ဆိုက ယင်းကဲ့သို့ အိတ်များချထားမှု အပါအဝင် ထိုနေ့က အခြား ဖြစ်ရပ်များနှင့် ပတ်သက်၍ အသေးစိတ်များကို မမှတ်မိနိုင်တော့ကြောင်း တရားရုံးကို ပြောကြားခဲ့သည်။ တရားခံ၏ ရှေ့နေအဖွဲ့က ၎င်းတို့၏ အမှုသည်အပေါ် စွပ်စွဲချက်များသည် အားနည်းပြီး အပြစ်ရှိကြောင်း ထင်ရှား ပြသရန်အတွက် သက်သေအထောက်အထား မရှိဟု အခိုင်အမာ ပြောကြားခဲ့သည်။ ဇွန်လက ရုံးတင်စစ်ဆေးမှုများ စတင်ခဲ့ပြီးနောက် တရားခံရှေ့နေ အဖွဲ့က မှုခင်းစုံစမ်းစစ်ဆေးမှု ကျွမ်းကျင်သူ သုံးဦးကို ဆင့်ခေါ်ခဲ့ပြီး ဆာလီဟင် သေဆုံးမှုသည် ဆိုင်ရာနိုက် အဆိပ်သင့်မှုကြောင့်ဖြစ်ကြောင်း သက်သေမရှိဟု ကြားနာထားသည်။ ယမန်နှစ်ကအထိ ဆစ်ဒနီတွင် နေထိုင်ခဲ့သော ဝမ်ဆိုသည် ဆာလီဟင်နှင့်အတူ ဒီဇိုင်းကောလိပ်တစ်ခု၌ ပညာသင်ကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top