Property Expo
×

ဘုရင္ႀကီး ဘူမိ ေဘာအဒူယာဒက္အေပၚ ၀မ္း နည္းေၾကာင္း ျပသရန္ အမည္း ေရာင္အက်ႌမ်ား ၀ယ္ယူသူမ်ားျပားေနမႈကုိ အခြင့္ေကာင္းမယူရန္ ထိုင္းအာဏာပုိင္မ်ားက ကုန္ သည္မ်ားအား သတိေပးလိုက္ၿပီး ေစ်းတင္ေရာင္းသူမ်ားကုိ ရွာေဖြ ရန္ ေစ်းကြက္မ်ားသုိ႔ စံုစမ္းစစ္ ေဆးေရးအဖြဲ႕မ်ား ေစလႊတ္ထား ေၾကာင္း သိရသည္။

သက္ေတာ္ (၈၈)ႏွစ္အရြယ္ဘုရင္ႀကီးသည္ နန္းသက္ႏွစ္ (၇၀)ၾကာျမင့္ၿပီးေနာက္ ၾကာသပေတး ေန႔က နတ္ရြာစံခဲ့သျဖင့္ တစ္ႏုိင္ငံလံုး ပူေဆြးေသာကေရာက္ေနၾကသည္။

ထိုင္းအစိုးရက တစ္ႏွစ္ၾကာ ၀မ္းနည္းျခင္းအထိမ္းအမွတ္ကာ လသတ္မွတ္ေၾကာင္း ေၾကညာ ထားၿပီး လူတုိင္း အမည္းေရာင္ (သုိ႔မဟုတ္) အျဖဴေရာင္မ်ား ၀တ္ ဆင္ၾကရန္ တိုက္တြန္းထားကာ ပထမရက္ ၃၀ အတြင္း ေနအိမ္ ျပင္ပပြဲမ်ားအားလံုး ဖ်က္သိမ္းရန္ တိုက္တြန္းထားသည္။

ေစ်းပုိႀကီးလာေသာ အမည္း ေရာင္အက်ႌမ်ားႏွင့္ ပတ္သက္၍ စီးပြားေရး၀န္ႀကီးဌာနက ေစ်းအ မ်ားအျပားျဖင့္ မေရာင္းခ်ေစေရး စစ္ေဆးရန္ စံုစမ္းစစ္ေဆးေရး အဖြဲ႕မ်ား ေစလႊတ္ထားသည္ဟု ၀န္ႀကီးခ်ဳပ္႐ံုးေျပာေရးဆိုခြင့္ရိွသူ တစ္ဦးက ေျပာၾကားသည္။

အမည္းေရာင္သည္ ထိုင္း ႏုိင္ငံတြင္ အသုဘမ်ား၌ ၀တ္ဆင္ ေသာ အေရာင္ျဖစ္ေသာ္လည္း သန္႔ရွင္းစင္ၾကယ္မႈကုိ ကုိယ္စား ျပသည့္ အျဖဴေရာင္သည္လည္း အသုဘပို႔ရာတြင္ တစ္ခါတစ္ရံ ၀တ္ဆင္ေလ့ရိွေသာ အေရာင္ျဖစ္သည္။ဘုရင္ႀကီး နတ္ရြာစံၿပီးက တည္းက ဘန္ေကာက္ၿမိဳ႕တြင္ လူအမ်ားစု အမည္းေရာင္၀တ္ဆင္ ထားၾကၿပီး အ၀တ္အစားအသစ္ မ်ား ၀ယ္ယူရန္ ေစ်းမ်ားသုိ႔လာ ေရာက္သူ မ်ားျပားေနသည္။

အေရာင္းအ၀ယ္ ေကာင္း သည္ဟု ကုန္သည္မ်ားက ေျပာ ၾကားၿပီး ေစ်းတင္ေရာင္းေနသည္ ဆိုျခင္းကို ၎တုိ႔က ျငင္းဆုိထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဘုရင်ကြီး ဘူမိ ဘောအဒူယာဒက်အပေါ် ဝမ်း နည်းကြောင်း ပြသရန် အမည်း ရောင်အကျႌများ ဝယ်ယူသူများပြားနေမှုကို အခွင့်ကောင်းမယူရန် ထိုင်းအာဏာပိုင်များက ကုန် သည်များအား သတိပေးလိုက်ပြီး ဈေးတင်ရောင်းသူများကို ရှာဖွေ ရန် ဈေးကွက်များသို့ စုံစမ်းစစ် ဆေးရေးအဖွဲ့များ စေလွှတ်ထား ကြောင်း သိရသည်။

သက်တော် (၈၈)နှစ်အရွယ်ဘုရင်ကြီးသည် နန်းသက်နှစ် (၇၀)ကြာမြင့်ပြီးနောက် ကြာသပတေး နေ့က နတ်ရွာစံခဲ့သဖြင့် တစ်နိုင်ငံလုံး ပူဆွေးသောကရောက်နေကြသည်။

ထိုင်းအစိုးရက တစ်နှစ်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာ လသတ်မှတ်ကြောင်း ကြေညာ ထားပြီး လူတိုင်း အမည်းရောင် (သို့မဟုတ်) အဖြူရောင်များ ဝတ် ဆင်ကြရန် တိုက်တွန်းထားကာ ပထမရက် ၃၀ အတွင်း နေအိမ် ပြင်ပပွဲများအားလုံး ဖျက်သိမ်းရန် တိုက်တွန်းထားသည်။

ဈေးပိုကြီးလာသော အမည်း ရောင်အကျႌများနှင့် ပတ်သက်၍ စီးပွားရေးဝန်ကြီးဌာနက ဈေးအ များအပြားဖြင့် မရောင်းချစေရေး စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး အဖွဲ့များ စေလွှတ်ထားသည်ဟု ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

အမည်းရောင်သည် ထိုင်း နိုင်ငံတွင် အသုဘများ၌ ဝတ်ဆင် သော အရောင်ဖြစ်သော်လည်း သန့်ရှင်းစင်ကြယ်မှုကို ကိုယ်စား ပြသည့် အဖြူရောင်သည်လည်း အသုဘပို့ရာတွင် တစ်ခါတစ်ရံ ဝတ်ဆင်လေ့ရှိသော အရောင်ဖြစ်သည်။ဘုရင်ကြီး နတ်ရွာစံပြီးက တည်းက ဘန်ကောက်မြို့တွင် လူအများစု အမည်းရောင်ဝတ်ဆင် ထားကြပြီး အဝတ်အစားအသစ် များ ဝယ်ယူရန် ဈေးများသို့လာ ရောက်သူ များပြားနေသည်။

အရောင်းအဝယ် ကောင်း သည်ဟု ကုန်သည်များက ပြော ကြားပြီး ဈေးတင်ရောင်းနေသည် ဆိုခြင်းကို ၎င်းတို့က ငြင်းဆိုထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top