Property Expo
×
Credit:Trend Myanmar
#Unicode Version
ကျောင်းပရိဝုဏ်အတွင်း သန္ဓေတားဆေးအသုံးပြုမှုကိစ္စနဲ့ ပတ်သက်လို့ ပြသနာတွေဆက်တိုက်ဖြစ်ပွားမှုတွေကြောင့် နာမည်ဆိုနဲ့ကျော်ကြားတဲ့ တရုတ်နိုင်ငံရဲ့ လိင်ကိစ္စပညာပေးမှုစနစ်က ခေါင်းကြီးပိုင်းသတင်းဖြစ်သွားခဲ့ပါတယ်။ပျှမ်းမျှ အသက် ၂၀ စွန်းစွန်းသာရှိသေးတဲ့ ကောလိပ်ကျောင်းသူ ၁၈,၀၀၀ ကို စစ်တမ်းကောက်ယူမှု ပြုလုပ်ခဲ့ပါတယ်။ မျှော်လင့်ထားသလိုပဲ စိုးရိမ်စရာရလဒ်အချို့ ထွက်ပေါ်လာခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသူတွေအနက် ၁၀% ဟာ အနည်းဆုံးတစ်ကြိမ် ကိုယ်ဝန်ရဖူးကြောင်း ဝန်ခံနေစဉ်မှာပဲ ၃.၂% က ကိုယ်ဝန် အကြိမ်ကြိမ် ရဖူးတယ်လု့ိ ဝန်ခံခဲ့ကြပါတယ်။
လိင်မှုကိစ္စလုပ်ဆောင်တဲ့ကျောင်းသူ ၆၀% ကျော်က လိင်ကိစ္စဆောင်ရွက်နေစဉ် ကွန်ဒုံးအသုံးပြုခဲ့ကြောင်း ပြောဆိုကြပါတယ်။ ကျောင်းသူ ၈၃.၂% က ကွန်ဒုံးဟာ သူတို့ ပိုရွေးချယ်ဖြစ်တဲ့ သန္ဓေတားနည်းပါလို့ တုံ့ပြန်ပြောဆိုကြပါတယ်။ တရုတ်ပြည်ဟာ သားဆက်ခြားဆေးအသုံးပြုမှုနဲ့ ကိုယ်ဝန်ဖျက်မှုအတွက် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ကျောင်းသား ၁၆.၄% က လိင်မဆက်ဆံမီ ဘာသန္ဓေတားဆေးမှ အသုုံးမပြုခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာကတော့ ကျောင်းသား ၂၈% ဟာ လိင်ဆက်ဆံမှုအတွေ့အကြုံရှိနေချိန်မှာ ကျောင်းသူ ၁၅% က ဖိုမကိစ္စနဲ့ ပတ်သက်ခဲ့ဖူးကြောင်း ပြောဆိုကြပါတယ်။ ဒီတော့ ဖိုမကိစ္စနဲ့ ဆက်စပ်လာရင် တရုတ်လူငယ်တွေဟာ အရင်က လိမ်ညာခဲ့သူတွေလို့ ပစ်တင်ပြောဆိုဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ နေ့စဉ် ကိုယ်ဝန်ဖျက်ချမှု ၁၃ သန်းကျော်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top