Property Expo
×





Credit : Duwun

#Unicode Version

အဆင့်မြင့်အိမ်တစ်လုံးလို နေထိုင်နိုင်မယ့် ရွေ့လျားမော်တော်ယာဉ်တစ်စီးကို ယခုတစ်ပတ် ဘာမင်ဂမ်မြို့မှာ ပြုလုပ်ပမယ့် ရွေ့လျားအိမ်ရာ ကားပြပွဲမှာ ပွဲထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။

တီထွင်ခဲ့သမျှ ရွေ့လျားကားအိမ်တွေထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ Morelo Empire Liner လို့ အမည်ပေးထားတဲ့ အဆိုပါ ရွေ့လျားအိမ်ရာဟာ ဘတ်စ်ကားအကြီးစား တစ်စင်းပေါ်မှာ တည်ဆောက်ထားတာဆိုပေမယ့် အဆင့်မြင့်အိမ်ရာတစ်ခုထဲမှာ နေရသလို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ပစ္စည်းအပြည့်အစုံနဲ့ မီးဖိုချောင်၊ မိုးရွာသလို အရသာပေးမယ့် ရေချိုးခန်း၊ ဂြိုလ်တုရုပ်သံဖမ်းစက်၊ အဆင့်မြင့်အိပ်ယာခန်းတွေအပြင် သာမန်ကားတစ်စီးထားနိုင်တဲ့ ကားပါကင်လည်း ပါရှိမှာ ဖြစ်ပါတယ်။

မြင်းကောင်ရေ သုံးရာအားရှိတဲ့ အင်ဂျင်နဲ့တည်ဆောက်ထားပြီး Lamborghini Aventador ဇိမ်ခံကား အမျိုးအစားရဲ့ အင်ဂျင်ပါဝါနှစ်ဆ ဖြစ်ပါတယ်။ ဒီရွေ့လျားဇိမ်ခံအိမ်ရဲ့ တန်ဖိုးဟာ စတာလင်ပေါင် ၃၇၈၀၀၀ (မြန်မာကျပ်ငွေ ကျပ်သိန်း ခြောက်ထောင်ဝန်းကျင်) တန်ဖိုးရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top