Property Expo
×

 လူမႈကြန္ရက္ေၾကာင့္ မိတ္ေဆြမ်ားႏွင့္ မိသားစု၀င္မ်ား ရင္ဆိုင္ေနရ သည့္ ျပႆနာမ်ားကို ပို၍ သတိျပဳမိလာေစႏုိင္ၿပီး ယင္းဖိစီးမႈ ကူး စက္တတ္ေၾကာင္း သုေတသီမ်ားက ေျပာသည္။


Pew သုေတသနဌာနႏွင့္  Rutgers တကၠသိုလ္မွ သုေတသီမ်ား ၏ ေလ့လာမႈအရ လူမႈကြန္ရက္သုံးသူမ်ား ရင္ဆုိင္ေနရသည့္ ယင္း စိတ္ဖိစီးမႈမွာ ဂ႐ုစုိက္ျခင္း ကုန္က်စရိတ္ႏွင့္ ဆက္စပ္ေနေၾကာင္း သိရသည္။

ဒစ္ဂ်စ္တယ္နည္းပညာကို အနည္းအက်ဥ္း သုံးသူမ်ား (သို႔ မဟုတ္) လုံး၀မသုံးသူမ်ားထက္ လူမႈကြန္ရက္သုံးသူမ်ား စိတ္ဖိစီးမႈ ပိုမ်ားသည္ဆုိေသာ အေထာက္အထား မေတြ႕ရဟု Rutgers သု ေတသီကိတ္ဟမ္တြန္က ေျပာသည္။

ေဖ့စ္ဘြတ္ခ္ႏွင့္ တြစ္တာကဲ့သို႔ လူမႈကြန္ရက္မ်ားကို စဲြစဲြၿမဲၿမဲ သုံးသူမ်ား စိတ္ဖိစီးလာသည္ဟု ေဖာ္ျပေသာ အခ်က္အလက္ မေတြ႕ရဟု ဟမ္တြန္က ေျပာသည္။

သို႔ေသာ္ အျခားလူမ်ား၏ ဘ၀တြင္ မလုိလားအပ္ေသာ ျဖစ္ရပ္မ်ားကို သိရွိသတိရမိေနျခင္းေၾကာင္း လူအမ်ားစိတ္ဖိစီးမႈ ပိုမ်ားလာသည္ဟု ၎ကထပ္ေလာင္းေျပာၾကားသည္။ ဂ႐ုစိုက္ေပးျခင္း ကုန္က်စရိတ္ႏွင့္ပတ္သက္သည့္ ယခုေလ့လာေတြ႕ရွိမႈက ယင္းစိတ္ဖိစီးမႈမွာ ကူးစက္တတ္ေၾကာင့္ အေထာက္အထားကို ေဖာ္ျပေနသည္။

သို႔ေသာ္ လူမႈမီဒီယာေၾကာင့္ စိတ္ဖိစီးမႈ ျဖစ္ေပၚသူမ်ားတြင္ လိင္ကဲြျပားမႈအလုိက္ ကြာျခားမႈအခ်ဳိ႕ရွိသည္။ လူမႈမီဒီယာ လက္ကိုင္ဖုန္းမ်ား (သိ႔ုမဟုတ္) အင္တာနက္သုံးေသာ အမ်ဳိးသားမ်ားႏွင့္ ယင္းနည္းပညာမ်ားမသုံးသည့္ အမ်ဳိးသားမ်ားၾကား စိတ္ဖိစီးမႈ အဆင့္ကြာျခားျခင္းမရွိဟု သုေတသီမ်ားကေျပာသည္။

သို႔ေသာ္ တစ္ေန႔လွ်င္ တြစ္တာ၀က္ဘ္ဆုိက္ကို အႀကိမ္မ်ားစြာ သုံးသည့္ အမ်ဳိးသမီး  (သို႔မဟုတ္) တစ္ေန႔ အီးေမးလ္ ၂၅ ေစာင္ လက္ခံရရွိေသာ အမ်ဳိးသမီးႏွင့္ လက္ကိုင္ဖုန္းမွတစ္ဆင့္ ဒစ္ဂ်စ္တယ္ ဓာတ္ပုံတစ္ေန႔ ႏွစ္ပုံ ေ၀မွ်ေသာ အမ်ဳိးသမီးမွာ ယင္းနည္းပညာမ်ားမသုံးသည့္ အမ်ဳိးသမီးထက္ စိတ္ဖိစီးမႈ ၂၁ ရာခိုင္ႏႈန္း ပိုမ်ားေၾကာင္း သိရသည္။

အထူးသျဖင့္ ေဖ့စ္ဘြတ္ခ္သုံးရာတြင္ အျခားလူမ်ား၏ ဘ၀မ်ား ၌ စိတ္ဖိစီးစရာ ျဖစ္ရပ္မ်ားကို သတိထားမိႏုိင္မႈမွာ ဒစ္ဂ်စ္တယ္ နည္းပညာမ်ား သုံးျခင္းေၾကာင့္ ပိုမ်ားလာႏုိင္ၿပီး ယင္းစိတ္ဖိစီးမႈ မွာ ကူးစက္တတ္ေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့သည္။

ေဖ့စ္ဘြတ္ခ္တြင္ အလွမ္းေ၀းေသာ မိတ္ေဆြမ်ားႏွင့္ နီးနီး နားနားေန မိတ္ေဆြႏွစ္ဖက္လုံး၏ ဘ၀မ်ား၌ႀကံဳေနရသည့္ စိတ္ဖိစီးစရာျဖစ္ရပ္မ်ားကို သတိျပဳမိမႈမွာ အမ်ဳိးသားမ်ားေရာ အမ်ဳိးသမီးမ်ားတြင္ပါ မသုံးစဲြသူမ်ားထက္ ပို၍ ျမင့္မားသည္ဟု သုေတသီ မ်ားက ေျပာသည္။

ေဖ့စ္ဘြတ္ခ္တြင္ သာမန္မိတ္ေဆြအေရအတြက္ရွိေသာ အမ်ဳိး သမီးတစ္ဦးမွာ အျခားလူတစ္ဦး၏ စိတ္ဖိစီးႏုိင္ေသာ ျဖစ္ရပ္မ်ားကို သတိျပဳမိႏုိင္မႈ ၁၃ ရာခိုင္ႏႈန္း ပိုမ်ားၿပီး အမ်ဳိးသားမ်ားမွာ ၈ ရာခိုင္ ႏႈန္းပို၍ သတိျပဳမိႏိုင္သည္ဟု ေလ့လာမႈက ေဖာ္ျပသည္။

ယင္းအတြက္ေၾကာင့္ သူတစ္ပါး၏ စိတ္ဖိစီးစရာ ကိစၥမ်ားကို အမ်ဳိးသမီးမ်ားကပုိ၍ သတိျပဳမိႏုိင္ၿပီး စိတ္ဖိစီးခံရမႈ အဆင့္ပိုျမင့္ မားေၾကာင္း ေလ့လာမႈက ေဖာ္ျပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 လူမှုကွန်ရက်ကြောင့် မိတ်ဆွေများနှင့် မိသားစုဝင်များ ရင်ဆိုင်နေရ သည့် ပြဿနာများကို ပို၍ သတိပြုမိလာစေနိုင်ပြီး ယင်းဖိစီးမှု ကူး စက်တတ်ကြောင်း သုတေသီများက ပြောသည်။


Pew သုတေသနဌာနနှင့်  Rutgers တက္ကသိုလ်မှ သုတေသီများ ၏ လေ့လာမှုအရ လူမှုကွန်ရက်သုံးသူများ ရင်ဆိုင်နေရသည့် ယင်း စိတ်ဖိစီးမှုမှာ ဂရုစိုက်ခြင်း ကုန်ကျစရိတ်နှင့် ဆက်စပ်နေကြောင်း သိရသည်။

ဒစ်ဂျစ်တယ်နည်းပညာကို အနည်းအကျဉ်း သုံးသူများ (သို့ မဟုတ်) လုံးဝမသုံးသူများထက် လူမှုကွန်ရက်သုံးသူများ စိတ်ဖိစီးမှု ပိုများသည်ဆိုသော အထောက်အထား မတွေ့ရဟု Rutgers သု တေသီကိတ်ဟမ်တွန်က ပြောသည်။

ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာကဲ့သို့ လူမှုကွန်ရက်များကို စွဲစွဲမြဲမြဲ သုံးသူများ စိတ်ဖိစီးလာသည်ဟု ဖော်ပြသော အချက်အလက် မတွေ့ရဟု ဟမ်တွန်က ပြောသည်။

သို့သော် အခြားလူများ၏ ဘဝတွင် မလိုလားအပ်သော ဖြစ်ရပ်များကို သိရှိသတိရမိနေခြင်းကြောင်း လူအများစိတ်ဖိစီးမှု ပိုများလာသည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။ ဂရုစိုက်ပေးခြင်း ကုန်ကျစရိတ်နှင့်ပတ်သက်သည့် ယခုလေ့လာတွေ့ရှိမှုက ယင်းစိတ်ဖိစီးမှုမှာ ကူးစက်တတ်ကြောင့် အထောက်အထားကို ဖော်ပြနေသည်။

သို့သော် လူမှုမီဒီယာကြောင့် စိတ်ဖိစီးမှု ဖြစ်ပေါ်သူများတွင် လိင်ကွဲပြားမှုအလိုက် ကွာခြားမှုအချို့ရှိသည်။ လူမှုမီဒီယာ လက်ကိုင်ဖုန်းများ (သိ့ုမဟုတ်) အင်တာနက်သုံးသော အမျိုးသားများနှင့် ယင်းနည်းပညာများမသုံးသည့် အမျိုးသားများကြား စိတ်ဖိစီးမှု အဆင့်ကွာခြားခြင်းမရှိဟု သုတေသီများကပြောသည်။

သို့သော် တစ်နေ့လျှင် တွစ်တာဝက်ဘ်ဆိုက်ကို အကြိမ်များစွာ သုံးသည့် အမျိုးသမီး  (သို့မဟုတ်) တစ်နေ့ အီးမေးလ် ၂၅ စောင် လက်ခံရရှိသော အမျိုးသမီးနှင့် လက်ကိုင်ဖုန်းမှတစ်ဆင့် ဒစ်ဂျစ်တယ် ဓာတ်ပုံတစ်နေ့ နှစ်ပုံ ဝေမျှသော အမျိုးသမီးမှာ ယင်းနည်းပညာများမသုံးသည့် အမျိုးသမီးထက် စိတ်ဖိစီးမှု ၂၁ ရာခိုင်နှုန်း ပိုများကြောင်း သိရသည်။

အထူးသဖြင့် ဖေ့စ်ဘွတ်ခ်သုံးရာတွင် အခြားလူများ၏ ဘဝများ ၌ စိတ်ဖိစီးစရာ ဖြစ်ရပ်များကို သတိထားမိနိုင်မှုမှာ ဒစ်ဂျစ်တယ် နည်းပညာများ သုံးခြင်းကြောင့် ပိုများလာနိုင်ပြီး ယင်းစိတ်ဖိစီးမှု မှာ ကူးစက်တတ်ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

ဖေ့စ်ဘွတ်ခ်တွင် အလှမ်းဝေးသော မိတ်ဆွေများနှင့် နီးနီး နားနားနေ မိတ်ဆွေနှစ်ဖက်လုံး၏ ဘဝများ၌ကြုံနေရသည့် စိတ်ဖိစီးစရာဖြစ်ရပ်များကို သတိပြုမိမှုမှာ အမျိုးသားများရော အမျိုးသမီးများတွင်ပါ မသုံးစွဲသူများထက် ပို၍ မြင့်မားသည်ဟု သုတေသီ များက ပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် သာမန်မိတ်ဆွေအရေအတွက်ရှိသော အမျိုး သမီးတစ်ဦးမှာ အခြားလူတစ်ဦး၏ စိတ်ဖိစီးနိုင်သော ဖြစ်ရပ်များကို သတိပြုမိနိုင်မှု ၁၃ ရာခိုင်နှုန်း ပိုများပြီး အမျိုးသားများမှာ ၈ ရာခိုင် နှုန်းပို၍ သတိပြုမိနိုင်သည်ဟု လေ့လာမှုက ဖော်ပြသည်။

ယင်းအတွက်ကြောင့် သူတစ်ပါး၏ စိတ်ဖိစီးစရာ ကိစ္စများကို အမျိုးသမီးများကပို၍ သတိပြုမိနိုင်ပြီး စိတ်ဖိစီးခံရမှု အဆင့်ပိုမြင့် မားကြောင်း လေ့လာမှုက ဖော်ပြသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top