Kantharyar Centre
×










Credit:lyhealthcare

#Unicode Version
ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ ကျွန်တော်တို့ မသိနိုင်တဲ့ ကျန်မားရေးကောင်းကျိုးတွေကို ပေးစွမ်းပါတယ်။ အောက်ဖော်ပြပါ ရောဂါတွေကို မဖြစ်လိုလျှင်၊ သို့မဟုတ် ကြိုတင်ကာကွယ်လိုရင် ပူးတွဲဖော်ပြထားတဲ့ အစားအစာတွေကို အားပြုစားပေးရုံပါဘဲ။

(၁) ပန်းနာရင်ကြပ်ရောဂါအတွက်ဆေး

ပန်းနာရင်ကြပ်ရောဂါကလည်း အသက်ကို သေစေနိုင်တယ်၊ သေတဲ့သူတွေလည်း အများကြီးပါ။ ဒီတော့ ပန်းနာရင်
ကြပ်အတွက် အကောင်းဆုံးဆေးကို ညွှန်းရရင် Omiga-3 Fatty Acid ဓာတ်ပါဝင်တဲ့ အစားအစာကို စားပေးလိုက်ပါ။ ၎င်းဓာတ်ကို များသောအားဖြင် ဆော်လမွန်ငါးကဲ့သို့သော ငါးတွေမှာ အများဆုံးရနိုင်ပါတယ်။

(၂) ရူးသွပ်ခြင်း/မှတ်ဉာဏ်ချို့ယွင်းခြင်းအတွက်ဆေး

ဆိုးဝါးလှတဲ့ Alzheimer ရောဂါနဲ့ Dementia လို့ ခေါ်တဲ့ ရူးသွပ်ခြင်း/သူငယ်ပြန်ခြင်း ရောဂါတွေ မဖြစ်လိုရင်တော့ ငါးအမျိုးမျိုး၊ အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ငှက်ပျောသီးများများ စားပေးပါ။ အသက် (60) ကျော်ပြီဆိုတာနဲ့ သင့်မိဘကို နေ့စဉ် ငှက်ပျောသီးတစ်လုံးလောက်နဲ့ ပုံမှန်ငါးဟင်းတစ်ခွက် အသီးအရွက်များများ စားဖို့ တိုက်တွန်းပေးပါ။ ဒီရောဂါတွေဟာ အသက်ကြီးတဲ့လူတွေ ပိုပြီး ဖြစ်နိုင်ချေ ရှိပါတယ်။
(၃) နှင်းခူနဲ့ အရေပြားရောဂါများအတွက်ဆေး

နှင်းခူ၊ ရေခူ၊ ယားနာ၊ ဂျွတ်၊ ဓာတ်၊ ပွေး စတဲ့ အရေပြားကို ရုပ်ဆိုးစေတဲ့ ရောဂါတွေကို လူတိုင်း ကြောက်ရွံ့ကြပါတယ်။ မပူပါနဲ့ ဒါလည်း ငါးများများ စားပေးဖို့ တိုက်တွန်းချင်ပါတယ်။ အကြောင်းကတော့ ငါးမှာပါတဲ့ Omiga 3 ဓာတ်ဟာ အရေ
ပြား ဓာတ်မတည့်မှုနဲ့ ပြင်ပဘက်တီးရီယားတွေရဲ့ ဒဏ်ကို ခံနိုင်ရည်စွမ်းရှိသလို၊ အရေပြားရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၄) သိုက်ရွိုက်ချို့တဲ့ခြင်းအတွက်ဆေး

Thyroid ဆိုတာ လည်ပင်းထဲမှာ ရှိပါတယ်။ ဂလင်းအကြိတ်ဖြစ်ပြီး ကြီးထွားဟိုမုန်းနဲ့ ခန္ဓာဗေဒအလိုလျှောက်ဓာတ်ပြုစနစ်တွေကို ထုတ်လုပ်ပေးပါတယ်။ ဒီ thyroid ဂလင်းဟာ လှုပ်ရှားမှုမဲ့ရင် ကျန်းမာရေဆိုးကျိုးတွေကို ခံစားရမှာပါဘဲ။ အမျိုးသမီး (12) ယောက်မှာ တစ်ယောက်နှုန်း သိုက်ရွိုက်ချို့တဲ့ရောဂါကို ခံစားနေရပါတယ်။ ဒီအတွက် အကောင်းဆုံးဆေးက
တော့ ကြက်ဥကာကျက်ဖြစ်ပါတယ်။ သို့မဟုတ် ကြက်ဥပြုတ်လည်း စားပေးနိုင်ပါတယ်။
(၅) စိတ်ဓာတ်ကျခြင်းအတွက်ဆေး

Depress ဆိုတာ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဆိုတာထက် ကိုယ်ခန္ဓာကိုယ်လည်း အများကြီးသက်ရောက်မှုတွေ ပေးပါတယ်။ ဒီတော့ စိတ်ဓာတ်ကျနေတယ်၊ မပျော်မရွှင်ဖြစ်နေတယ်ဆိုရင် စားပေးသင့်တဲ့ အစားအစာကတော့ အစိမ်းရောင်ပါတဲ့ ဟင်းသီးဟင်းရွက်ကို စားပေးသင့်ပါတယ်။ Omiga ဓာတ်တွေပါဝင်တဲ့ ငါးကိုလည်း စားပေးပါ။ ဟင်းသီးဟင်းရွက်ထဲမှာ အစိမ်းရောင်မုန်လာ (ပန်းမုန်လာ) ကို စားပေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:lyhealthcare
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top