Property Expo
×

ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုက သူ႔ရဲ႕ကလပ္အသင္းေဟာင္းရွိရာ လစၥဘြန္းၿမိဳ႕မွာ ဟိုတယ္အသစ္တစ္လံုးထပ္မံဖြင့္လွစ္လိုက္ေၾကာင္း သိရပါတယ္။

ေရာ္နယ္ဒုိရဲ႕ နာမည္နဲ႔ ဖြင့္လွစ္ခဲ့တဲ့ ဟိုတယ္ျဖစ္ၿပီး ပထမဟိုတယ္ကိုေတာ့ သူ႔ရဲ႕ေမြးရပ္ေျမ မက္ေဒးရာ ေဒသမွာ တည္ေဆာက္ထားပါတယ္။ "  ဘဝဆိုတာ ေဘာလံုးတစ္ခုတည္း ရိွိမွာမဟုတ္ပါဘူး။ ကၽြန္ေတာ့္ရဲ႕ အနာဂတ္အတြက္ ႀကိဳတင္စီမံတဲ့ သေဘာပါ" လို႔ ေရာ္နယ္ဒိုက ေျပာပါတယ္။

ေရာ္နယ္ဒိုနဲ႔ ခရီးသြားကုမၸဏီတို႔ ပူးေပါင္းဖြင့္လွစ္တဲ့ အဆိုပါဟိုတယ္ဟာ တည္းခိုငွားရမ္းခ တစ္ရက္ကို ယူ႐ို ၂၀၀ ေလာက္က စတင္မွာျဖစ္ပါတယ္။ CR7 ဆိုတဲ့နာမည္နဲ႔ အထူးခန္းကေတာ့ အျခားေသာ အထူးဝန္ေဆာင္မႈေတြပါဝင္ၿပီး တစ္ရက္ကို ယူ႐ို တစ္ေထာင္( ေငြက်ပ္တစ္ဆယ့္သံုးသိန္းေက်ာ္) က်သင့္မွာ ျဖစ္ပါတယ္။

လာမယ့္ ၂၀၁၇ ေရာက္တဲ့အခါလည္း ေရာ္နယ္ဒိုက စပိန္ႏုိင္ငံ မက္ဒရစ္မွာ ဟိုတယ္တည္ေဆာက္ထားတာ ဖြင့္လွစ္မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက သူ့ရဲ့ကလပ်အသင်းဟောင်းရှိရာ လစ္စဘွန်းမြို့မှာ ဟိုတယ်အသစ်တစ်လုံးထပ်မံဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။

ရော်နယ်ဒိုရဲ့ နာမည်နဲ့ ဖွင့်လှစ်ခဲ့တဲ့ ဟိုတယ်ဖြစ်ပြီး ပထမဟိုတယ်ကိုတော့ သူ့ရဲ့မွေးရပ်မြေ မက်ဒေးရာ ဒေသမှာ တည်ဆောက်ထားပါတယ်။ "  ဘဝဆိုတာ ဘောလုံးတစ်ခုတည်း ရှိမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အနာဂတ်အတွက် ကြိုတင်စီမံတဲ့ သဘောပါ" လို့ ရော်နယ်ဒိုက ပြောပါတယ်။

ရော်နယ်ဒိုနဲ့ ခရီးသွားကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်တဲ့ အဆိုပါဟိုတယ်ဟာ တည်းခိုငှားရမ်းခ တစ်ရက်ကို ယူရို ၂၀၀ လောက်က စတင်မှာဖြစ်ပါတယ်။ CR7 ဆိုတဲ့နာမည်နဲ့ အထူးခန်းကတော့ အခြားသော အထူးဝန်ဆောင်မှုတွေပါဝင်ပြီး တစ်ရက်ကို ယူရို တစ်ထောင်( ငွေကျပ်တစ်ဆယ့်သုံးသိန်းကျော်) ကျသင့်မှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၇ ရောက်တဲ့အခါလည်း ရော်နယ်ဒိုက စပိန်နိုင်ငံ မက်ဒရစ်မှာ ဟိုတယ်တည်ဆောက်ထားတာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top