Property Expo
×

ဓားနဲ႔ ၁၄ ခ်က္ထုိးျပီး ေျမျမႇပ္ခံခဲ့ရေပမဲ့ မေသတဲ့ ထုိင္းႏုိင္ငံကေလးတစ္ဦးအေၾကာင္းကို Daily Mail က ေဖာ္ျပထားပါတယ္။

 အဆုိပါ ကေလးဟာ ထုိင္းႏုိင္ငံ  Khon Kaen  ျပည္နယ္က ျဖစ္ျပီး ေျမျမႇပ္ထားတာကို ကၽြဲႏြားေက်ာင္းသူတစ္ဦးက ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ျမႇပ္ထားတာက သိပ္မနက္ဘဲ ေျခေထာက္တစ္ေခ်ာင္းက ေျမေပၚမွာ ထုိးထြက္ေနျပီး သစ္ပင္တစ္ပင္ေအာက္မွာ ေတြ႕ခဲ့တာလို႔ ကၽြဲႏြားေက်ာင္းသူ ကာခ်စ္ကရြန္ရြတ္က ေျပာထားပါတယ္။

ကေလးကို ျပန္ေဖာ္ျပီး ေဆးရုံပို႔ခဲ့တဲ့ အခါမွာ ဓားနဲ႔ ၁၄ ခ်က္ ထုိးခံရတာကို သိခဲ့ရတာ ျဖစ္ပါတယ္။ ကေလးဟာ ေသဆံုးျခင္းမရွိဘဲ က်န္းမာေရးပံုမွန္ျပန္ျဖစ္တဲ့အခါ ေဒသတြင္း မိဘမဲ့ေက်ာင္းတစ္ေက်ာင္းကို ပုိ႔ခဲ့ျပီး အခုအခါမွ ဆြီဒင္လူမ်ိဳး ဇနီးေမာင္ႏွံႏွစ္ဦးက ေမြးစားခဲ့ျပီလို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

 စြန္႔ပစ္ခဲ့တဲ့ ကေလးရဲ႕ မိခင္ရင္းျဖစ္သူကို ရဲေတြက ေျခရာခံဖမ္းဆီးႏုိင္ခဲ့ျပီး လူသတ္မႈ၊ ကေလးကို စြန္႔ပစ္မႈေတြနဲ႔ တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဓားနဲ့ ၁၄ ချက်ထိုးပြီး မြေမြှပ်ခံခဲ့ရပေမဲ့ မသေတဲ့ ထိုင်းနိုင်ငံကလေးတစ်ဦးအကြောင်းကို Daily Mail က ဖော်ပြထားပါတယ်။ အဆိုပါ ကလေးဟာ ထိုင်းနိုင်ငံ  Khon Kaen  ပြည်နယ်က ဖြစ်ပြီး မြေမြှပ်ထားတာကို ကျွဲနွားကျောင်းသူတစ်ဦးက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မြှပ်ထားတာက သိပ်မနက်ဘဲ ခြေထောက်တစ်ချောင်းက မြေပေါ်မှာ ထိုးထွက်နေပြီး သစ်ပင်တစ်ပင်အောက်မှာ တွေ့ခဲ့တာလို့ ကျွဲနွားကျောင်းသူ ကာချစ်ကရွန်ရွတ်က ပြောထားပါတယ်။

ကလေးကို ပြန်ဖော်ပြီး ဆေးရုံပို့ခဲ့တဲ့ အခါမှာ ဓားနဲ့ ၁၄ ချက် ထိုးခံရတာကို သိခဲ့ရတာ ဖြစ်ပါတယ်။ ကလေးဟာ သေဆုံးခြင်းမရှိဘဲ ကျန်းမာရေးပုံမှန်ပြန်ဖြစ်တဲ့အခါ ဒေသတွင်း မိဘမဲ့ကျောင်းတစ်ကျောင်းကို ပို့ခဲ့ပြီး အခုအခါမှ ဆွီဒင်လူမျိုး ဇနီးမောင်နှံနှစ်ဦးက မွေးစားခဲ့ပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။

 စွန့်ပစ်ခဲ့တဲ့ ကလေးရဲ့ မိခင်ရင်းဖြစ်သူကို ရဲတွေက ခြေရာခံဖမ်းဆီးနိုင်ခဲ့ပြီး လူသတ်မှု၊ ကလေးကို စွန့်ပစ်မှုတွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top