Kantharyar Centre
×

 ယီမင္ကမ္းလြန္တြင္ အေမရိကန္ စစ္သေဘၤာ တစ္စီးကို ဒံုးက်ည္ျဖင့္ တိုက္ခုိက္မႈ ဒုတိယအႀကိမ္ေျမာက္ ျဖစ္ပြားခဲ့ၿပီးေနာက္ ေရတပ္က လက္တံု႔ျပန္ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

ပင္တဂြန္ စစ္ဌာနခ်ဳပ္က ေလးရက္အတြင္း ဒုတိယ အႀကိမ္ေျမာက္အျဖစ္ ေအာက္တိုဘာ ၁၂ ရက္တြင္ ယီမင္ကမ္းလြန္၌ အေမရိကန္ စစ္သေဘၤာတစ္စီးကို ဒံုးက်ည္ျဖင့္ ပစ္ခတ္ရန္ အားထုတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း ေၾကညာသည္။ ယင္းေဒသတြင္ ေလးရက္အတြင္း ဒုတိယအႀကိမ္ေျမာက္အျဖစ္ အလားတူ ျဖစ္ရပ္မ်ိဳး ေပၚေပါက္လာျခင္းလည္း ျဖစ္သည္။

“ဟိုသီသူပုန္ေတြ ထိန္းခ်ဳပ္ထားရာ ပင္လယ္နီ ဆိပ္ကမ္းၿမိဳ႕ အယ္လ္ဟူေဒဒါးဘက္ကေန အနည္းဆံုး ဒံုးက်ည္တစ္စီးနဲ႔ USS Masnonကို လွမ္းပစ္ပါတယ္။ ဒံုးက်ည္ကို ေထာက္လွမ္းေတြ႕ရွိတာနဲ႔ စစ္သေဘၤာက တန္ျပန္ဖ်က္ဆီးဖုိ႔ အသင့္ျပင္ထားေပမယ့္ ဒံုးက်ည္က သေဘၤာဆီထိ ေရာက္မလာခဲ့ပါဘူး”ဟု ပင္တဂြန္၏ ျပန္ၾကားေရး တာဝန္ခံ တစ္ဦးျဖစ္ေသာ ပီတာကြတ္ခ္က ဆိုသည္။

ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ကလည္း USS Masonသည္ပင္ ယီမင္ကမ္းလြန္တြင္ ရွိေနခ်ိန္၌ သေဘၤာဖ်က္ ဒံုးက်ည္ႏွစ္စင္းျဖင့္ တိုက္ခုိက္မႈ ႀကံဳခဲ့ရေသာ္လည္း အထိအခိုက္ မရွိခဲ့ေခ်။ ထိုအခ်ိန္က သေဘၤာသည္ ဂ်ာဘူတီႏွင့္ ယီမင္ႏုိင္ငံမ်ားၾကား အက္ဘ္အယ္လ္မန္းဒက္ဘ္ အမည္ရွိ က်ဉ္းေျမာင္းေသာ ေရလက္ၾကားကို ျဖတ္သန္း ခုတ္ေမာင္းေနခဲ့သည္။

USS Masonကို ဦးတည္တိုက္ခုိက္မႈ အၿပီးေနာက္ ေရတပ္က ဟိုသီတို႔၏ ေရဒါစခန္းမ်ားဘက္ ျပန္လည္ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။ “ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔အတြက္ အကန္႔အသတ္နဲ႔ တံု႔ျပန္ပစ္ခတ္မႈေတြ ရွိခဲ့ပါတယ္။ ဒါဟာ ကၽြန္ေတာ္တို႔ရဲ႕ စစ္မႈထမ္းေတြ၊ ကၽြန္ေတာ္တုိ႔ရဲ႕ လြတ္လပ္စြာ ေရေၾကာင္းသြားလာမႈ အခြင့္အေရးေတြ၊ ကၽြန္ေတာ္တုိ႔ရဲ႕ သေဘၤာေတြကို လံုၿခံဳေဘးကင္းေစဖုိ႔ ျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ သေဘၤာေတြနဲ႔ စီးပြားေရး လမ္းေၾကာင္းေတြကို ၿခိမ္းေျခာက္လာမႈတိုင္းကို တံု႔ျပန္သြားမွာ ျဖစ္ပါတယ္”ဟု ကြတ္ခ္က ေျပာၾကားခဲ့သည္။

ယီမင္တြင္ အစုိးရတပ္မ်ားႏွင့္ ဟိုသီသူပုန္တို႔ၾကား စစ္ခင္း တိုက္ခုိက္လ်က္ရွိၿပီး အေမရိကန္၏ မဟာမိတ္ ေဆာ္ဒီအာေရးဘီးယားႏွင့္ အျခားအာရပ္ ႏုိင္ငံမ်ားက ယီမင္အစိုးရဘက္မွ ကူညီလ်က္ ရွိသည္။ အေမရိကန္သည္ အဆိုပါ စစ္ပြဲတြင္ တိုက္႐ိုက္ပါဝင္မႈ မရွိေသာ္လည္း ဟိုသီသူပုန္မ်ားႏွင့္ ၎တုိ႔ကို ေထာက္ပံ့ေနသည့္ အီရန္တို႔ၾကား ေထာက္ပံ့ေရး ေရလမ္းေၾကာင္းမ်ားကို ေထာက္လွမ္းရွာေဖြကာ ေဆာ္ဒီႏွင့္ ယီမင္အစိုးရမ်ားထံ သတင္းေပးပို႔ ေထာက္ပံ့ေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ယီမင်ကမ်းလွန်တွင် အမေရိကန် စစ်သင်္ဘော တစ်စီးကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ပြီးနောက် ရေတပ်က လက်တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။


ပင်တဂွန် စစ်ဌာနချုပ်က လေးရက်အတွင်း ဒုတိယ အကြိမ်မြောက်အဖြစ် အောက်တိုဘာ ၁၂ ရက်တွင် ယီမင်ကမ်းလွန်၌ အမေရိကန် စစ်သင်္ဘောတစ်စီးကို ဒုံးကျည်ဖြင့် ပစ်ခတ်ရန် အားထုတ်မှု ဖြစ်ပွားခဲ့ကြောင်း ကြေညာသည်။ ယင်းဒေသတွင် လေးရက်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် အလားတူ ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

“ဟိုသီသူပုန်တွေ ထိန်းချုပ်ထားရာ ပင်လယ်နီ ဆိပ်ကမ်းမြို့ အယ်လ်ဟူဒေဒါးဘက်ကနေ အနည်းဆုံး ဒုံးကျည်တစ်စီးနဲ့ USS Masnonကို လှမ်းပစ်ပါတယ်။ ဒုံးကျည်ကို ထောက်လှမ်းတွေ့ရှိတာနဲ့ စစ်သင်္ဘောက တန်ပြန်ဖျက်ဆီးဖို့ အသင့်ပြင်ထားပေမယ့် ဒုံးကျည်က သင်္ဘောဆီထိ ရောက်မလာခဲ့ပါဘူး”ဟု ပင်တဂွန်၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးဖြစ်သော ပီတာကွတ်ခ်က ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း USS Masonသည်ပင် ယီမင်ကမ်းလွန်တွင် ရှိနေချိန်၌ သင်္ဘောဖျက် ဒုံးကျည်နှစ်စင်းဖြင့် တိုက်ခိုက်မှု ကြုံခဲ့ရသော်လည်း အထိအခိုက် မရှိခဲ့ချေ။ ထိုအချိန်က သင်္ဘောသည် ဂျာဘူတီနှင့် ယီမင်နိုင်ငံများကြား အက်ဘ်အယ်လ်မန်းဒက်ဘ် အမည်ရှိ ကျဉ်းမြောင်းသော ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းနေခဲ့သည်။

USS Masonကို ဦးတည်တိုက်ခိုက်မှု အပြီးနောက် ရေတပ်က ဟိုသီတို့၏ ရေဒါစခန်းများဘက် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ “ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အကန့်အသတ်နဲ့ တုံ့ပြန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ စစ်မှုထမ်းတွေ၊ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာမှု အခွင့်အရေးတွေ၊ ကျွန်တော်တို့ရဲ့ သင်္ဘောတွေကို လုံခြုံဘေးကင်းစေဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သင်္ဘောတွေနဲ့ စီးပွားရေး လမ်းကြောင်းတွေကို ခြိမ်းခြောက်လာမှုတိုင်းကို တုံ့ပြန်သွားမှာ ဖြစ်ပါတယ်”ဟု ကွတ်ခ်က ပြောကြားခဲ့သည်။

ယီမင်တွင် အစိုးရတပ်များနှင့် ဟိုသီသူပုန်တို့ကြား စစ်ခင်း တိုက်ခိုက်လျက်ရှိပြီး အမေရိကန်၏ မဟာမိတ် ဆော်ဒီအာရေးဘီးယားနှင့် အခြားအာရပ် နိုင်ငံများက ယီမင်အစိုးရဘက်မှ ကူညီလျက် ရှိသည်။ အမေရိကန်သည် အဆိုပါ စစ်ပွဲတွင် တိုက်ရိုက်ပါဝင်မှု မရှိသော်လည်း ဟိုသီသူပုန်များနှင့် ၎င်းတို့ကို ထောက်ပံ့နေသည့် အီရန်တို့ကြား ထောက်ပံ့ရေး ရေလမ်းကြောင်းများကို ထောက်လှမ်းရှာဖွေကာ ဆော်ဒီနှင့် ယီမင်အစိုးရများထံ သတင်းပေးပို့ ထောက်ပံ့နေကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top