Property Expo
×




Credit : Duwun

#Unicode Version

တက်တူးနဲ့ ခန္ဓာကိုယ်ပန်းချီအတွက် နယူးယော့ခ်ရဲ့ နာမည်ကြီးဆိုင်တွေထဲက တစ်ဆိုင်ဖြစ်တဲ့ Studio 28 မှာအလုပ်လုပ်တဲ့ ခန္ဓာကိုယ်အပေါက်ဖောက်ပညာရှင် တီဂျေကန့်တ်ဝဲလ်က ခန္ဓာကိုယ်မှာ အပေါက်ဖောက်ဖို့မသင့်တဲ့ အန္တရာယ်အကြီးဆုံးနေရာတစ်ခု ရှိတယ်လို့ ဆိုပါတယ်။

"ဒီ Studi0 28 မှာ ကျွန်တော်တို့ လုံးဝအပေါက်မဖောက်ပေးတဲ့ အရာတစ်ခုရှိတယ်။ အဲဒါကို မြွှေကိုက်အပေါက်လို့ ခေါ်တယ်။ လျှာထိပ်နှစ်ခုကို ဖြတ်ပြီးတော့ အကွေးပုံစံ ဖောက်ရတာ" လို့ တီဂျေက ရှင်းပြပါတယ်။

"လျှာမှာ အလုပ်လုပ်တဲ့ ကြွက်သားနှစ်ခုကို ချည်လိုက်တာဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရနိုင်ဘူး" လို့ သူက ရှင်းပြပါတယ်။
အဲဒီလိုဖောက်ခြင်းဟာ သွားဖုံးကို ပျက်စီးစေနိုင်ပြီး သွားတွေကို ကွဲအက်စေတယ်လို့ သူက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top