Property Expo
×

 ခ်င္းတြင္းျမစ္အတြင္း နစ္ ျမဳပ္ခဲ့ေသာ ေအာင္စိုးမိုးေက်ာ္ေရ ယာဥ္ေမာင္းႏွင္သူကို ဖမ္းဆီးရ မိျခင္းမရွိေသးေၾကာင္း စစ္ကုိင္း တိုင္းေဒသႀကီး ရဲတပ္ဖဲြ႕မွဴး ရဲမွဴး ႀကီး လူလူသန္းက ေျပာသည္။

ဟုမၼလင္းၿမိဳ႕မွ မံုရြာၿမိဳ႕သို႔ ခ်င္းတြင္းျမစ္အတြင္း ေမာင္းႏွင္ လာသည့္ ခရီးသည္တင္အျမန္ ေရယာဥ္နစ္ျမဳပ္မႈျဖစ္စဥ္ႏွင့္စပ္ လ်ဥ္း၍ မံုရြာခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ႐ံုး ျမသလႅာခန္းမတြင္ ေအာက္တို ဘာ ၂၂ ရက္မြန္းလြဲက ျပဳလုပ္ ေသာ ရွင္းလင္းပဲြ၌ တိုင္းေဒသႀကီး ရဲတပ္ဖဲြ႕မွဴး ရဲမွဴးႀကီး လူလူသန္း က ေျပာၾကားျခင္းျဖစ္သည္။

‘‘ေရယာဥ္တိမ္းေမွာက္မႈနဲ႔ ပတ္သက္ၿပီး အဓိကတာ၀န္ရွိတဲ့ ေရယာဥ္ေမာင္းေရယာဥ္ဆလင္း ေတြကို အခင္းျဖစ္တဲ့ေန႔ကစၿပီး ေတာက္ေလွ်ာက္စံုစမ္းမႈေတြ ေဆာင္ရြက္ေနပါတယ္။ ေလာ ေလာဆယ္မမိေသးပါဘူး။ မမိလို႔ ေျပးလည္း တရားခံေျပးပဲ။ ဘယ္ သူပဲျဖစ္ျဖစ္ မိမိဘ၀တစ္ေလွ်ာက္ ေကာင္းေကာင္းမြန္မြန္လုပ္စားတဲ့ သူတစ္ေယာက္က တရားခံေျပး ဘ၀နဲ႔ေတာ့ ေနႏုိင္မွာမဟုတ္ပါ ဘူး။ ကၽြန္ေတာ္တုိ႔လည္း ကၽြန္ ေတာ္တုိ႔တာ၀န္ရွိတဲ့အေလ်ာက္ ဒီတရားခံေတြကုိ မိေအာင္ဖမ္းဖို႔ ေဆာင္ရြက္ေနပါတယ္’’ဟု ၎ က ေျပာၾကားသည္။

ကနီၿမိဳ႕နယ္ ခ်ိဳင္ေက်းရြာေန အသက္ (၄၀) အရြယ္ ေဇာ္မ်ိဳး ၀င္း ေမာင္းႏွင္လာေသာ အလ်ား ၁၅ ေပ၊ အနံ ၉ ေပ၊ ေဇာက္ ၄ ေပခဲြရွိ မစ္ဆူဘီရွီ အမွတ္တံဆိပ္ ေျခာက္လံုးထိုး အင္ဂ်င္တပ္သံခံြ ေရယာဥ္သည္ ဟုမၼလင္းၿမိဳ႕မွ မံုရြာၿမိဳ႕သို႔ စုန္ဆင္းေမာင္းႏွင္လာ စဥ္ ေက်ာက္ေဆာင္ကုိ ေရွာင္ တိမ္းေမာင္းႏွင္ရာမွ အရွိန္မထိန္း ႏုိင္ဘဲ တိမ္းေမွာက္နစ္ျမဳပ္ျခင္း ျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရ သည္။

‘‘ေရယာဥ္မွာ ဘာေတြလုပ္ ေဆာင္ထားသလဲဆုိတာ စစ္ေဆး ေပၚေပါက္ခ်က္ေတြအရ လာမွာ ျဖစ္ပါတယ္။ အခုအခ်ိန္မွာ သူ တို႔က ဘာေတြက်ဴးလြန္ထားပါ တယ္လုိ႔ ေျပာလည္း ျပည့္စံုမွာမ ဟုတ္ေသးပါဘူး။ မၿပီးစီးေသးတဲ့ အတြက္ တစ္ထစ္ခ်ေျပာလို႔မရေသးပါဘူး။ စစ္ေဆးေပၚေပါက္တဲ့ အခါက်ေတာ့ ဘယ္အခ်က္၊ ဘယ္ေပၚေပါက္ခ်က္က ဘယ္သူ႔မွာ တာ၀န္ရွိတယ္ စစ္ေဆးၿပီးေတာ့ ဥပေဒနဲ႔အညီ ထိထိေရာက္ ေရာက္ အေရးယူသြားမွာျဖစ္ပါ တယ္။ ျပည္သူေတြဆႏၵရွိသလို ဥပေဒနဲ႔အညီ ထိထိေရာက္ေရာက္ေဆာင္ရြက္မွာပါ’’ဟု တိုင္းေဒသႀကီးအစိုးရအဖဲြ႕ ဥပေဒခ်ဳပ္ ဦးခင္ေမာင္လွကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ချင်းတွင်းမြစ်အတွင်း နစ် မြုပ်ခဲ့သော အောင်စိုးမိုးကျော်ရေ ယာဉ်မောင်းနှင်သူကို ဖမ်းဆီးရ မိခြင်းမရှိသေးကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူး ကြီး လူလူသန်းက ပြောသည်။


ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ချင်းတွင်းမြစ်အတွင်း မောင်းနှင် လာသည့် ခရီးသည်တင်အမြန် ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်နှင့်စပ် လျဉ်း၍ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ရုံး မြသလ္လာခန်းမတွင် အောက်တို ဘာ ၂၂ ရက်မွန်းလွဲက ပြုလုပ် သော ရှင်းလင်းပွဲ၌ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း က ပြောကြားခြင်းဖြစ်သည်။

‘‘ရေယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ ရေယာဉ်မောင်းရေယာဉ်ဆလင် တွေကို အခင်းဖြစ်တဲ့နေ့ကစပြီး တောက်လျှောက်စုံစမ်းမှုတွေ ဆောင်ရွက်နေပါတယ်။ လော လောဆယ်မမိသေးပါဘူး။ မမိလို့ ပြေးလည်း တရားခံပြေးပဲ။ ဘယ် သူပဲဖြစ်ဖြစ် မိမိဘဝတစ်လျှောက် ကောင်းကောင်းမွန်မွန်လုပ်စားတဲ့ သူတစ်ယောက်က တရားခံပြေး ဘဝနဲ့တော့ နေနိုင်မှာမဟုတ်ပါ ဘူး။ ကျွန်တော်တို့လည်း ကျွန် တော်တို့တာဝန်ရှိတဲ့အလျောက် ဒီတရားခံတွေကို မိအောင်ဖမ်းဖို့ ဆောင်ရွက်နေပါတယ်’’ဟု ၎င်း က ပြောကြားသည်။

ကနီမြို့နယ် ချိုင်ကျေးရွာနေ အသက် (၄၀) အရွယ် ဇော်မျိုး ဝင်း မောင်းနှင်လာသော အလျား ၁၅ ပေ၊ အနံ ၉ ပေ၊ ဇောက် ၄ ပေခွဲရှိ မစ်ဆူဘီရှီ အမှတ်တံဆိပ် ခြောက်လုံးထိုး အင်ဂျင်တပ်သံခွံ ရေယာဉ်သည် ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ စုန်ဆင်းမောင်းနှင်လာ စဉ် ကျောက်ဆောင်ကို ရှောင် တိမ်းမောင်းနှင်ရာမှ အရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက်နစ်မြုပ်ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

‘‘ရေယာဉ်မှာ ဘာတွေလုပ် ဆောင်ထားသလဲဆိုတာ စစ်ဆေး ပေါ်ပေါက်ချက်တွေအရ လာမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ သူ တို့က ဘာတွေကျူးလွန်ထားပါ တယ်လို့ ပြောလည်း ပြည့်စုံမှာမ ဟုတ်သေးပါဘူး။ မပြီးစီးသေးတဲ့ အတွက် တစ်ထစ်ချပြောလို့မရသေးပါဘူး။ စစ်ဆေးပေါ်ပေါက်တဲ့ အခါကျတော့ ဘယ်အချက်၊ ဘယ်ပေါ်ပေါက်ချက်က ဘယ်သူ့မှာ တာဝန်ရှိတယ် စစ်ဆေးပြီးတော့ ဥပဒေနဲ့အညီ ထိထိရောက် ရောက် အရေးယူသွားမှာဖြစ်ပါ တယ်။ ပြည်သူတွေဆန္ဒရှိသလို ဥပဒေနဲ့အညီ ထိထိရောက်ရောက်ဆောင်ရွက်မှာပါ’’ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်လှကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top