Royal Maung Bamar Residence
×

၆.၁၀.၂၀၁၆ ရက္ေန႔ ၂၁၃၀ အခ်ိန္တြင္ ကုိေအာင္သူသည္ သာေကတၿမိဳ႕နယ္ေနအိမ္မွ ၎အိမ္ငွားေနထုိင္ေသာ ဗုိလ္တေထာင္ၿမိဳ႕နယ္သုိ႔Mark II ေမာ္ေတာ္ယာဥ္ျဖင့္ျပန္သြားၿပီးေနာက္ ဖခင္ျဖစ္သူမွ ဖုန္းဆက္သြယ္ရာ မရရွိသျဖင့္လုိက္လံရွာေဖြၿပီး ၈.၁၀.၂၀၁၆ ရက္ေန႔ ၀၁၃၀အခ်ိန္
ခန္႔တြင္ ဗုိလ္တေထာင္ၿမိဳ႕မရဲစခန္းမွ လွည့္ကင္းရဲတပ္ဖြဲ႕၀င္မ်ားႏွင့္အတူ၎ငွားရမ္းေနထုိင္ရာတုိက္ခန္းသုိ႔ သြားေရာက္ရွာေဖြရာ ကုိေအာင္သူမွာလက္ဖ်ံႏွစ္ဘက္ျပတ္ရွဒဏ္ရာ ၁ ခ်က္စီႏွင့္ လည္ပင္းတြင္ထုိးသြင္းဒဏ္ရာ၁ ခ်က္တုိ႔ရရွိကာ ေသဆံုးေနသည္ကုိေတြ႕ရွိရၿပီး ေမာ္ေတာ္ယာဥ္မွာလည္း
ေပ်ာက္ဆံုးေနေၾကာင္းသိရွိရသျဖင့္ဗုိလ္တေထာင္ၿမိဳ႕မရဲစခန္း(ပ)၁၇၄/၂၀၁၆၊ရာဇသတ္ႀကီးပုဒ္မ-၃၀၂ ျဖင့္
အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူအား စံုစမ္းေဖာ္ထုတ္ခဲ့ပါသည္။

ျပစ္မႈက်ဴးလြန္သူအား စံုစမ္းေဆာင္ရြက္ေနစဥ္ အမႈမွပါဆံုးသြားသည့္Mark II ေမာ္ေတာ္ယာဥ္မွာ ဗုိလ္တေထာင္ၿမိဳ႕နယ္၊ (၄၃)လမ္းႏွင့္ကမ္းနားလမ္းေထာင့္၌ ရပ္ထားသည္ကုိ ၈.၁၀.၂၀၁၆ ရက္ေန႔
၁၄၅၅ အခ်ိန္ခန္႔တြင္ ျပန္လည္ေတြ႕ရွိခဲ့ပါသည္။

ယင္းအမႈမွ အခင္းျဖစ္ရပ္စစ္ေဆးခ်က္အရ ျပစ္မႈက်ဴးလြန္သူတြင္လည္းဒဏ္ရာမ်ားရရွိႏုိင္သည့္ အေျခအေနမ်ားေတြ႕ရွိရသျဖင့္ ေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ သတင္းစံုစမ္းေထာက္လွမ္းေဖာ္ထုတ္ခဲ့ရာ ရန္ကုန္ေဆးရံုႀကီး၌ ၇.၁၀.၂၀၁၆ ရက္ေန႔ ၀၄၂၅ အခ်ိန္တြင္ လက္ပုိင္းဆုိင္ရာ ခြဲစိတ္ကုသမႈခံယူေနသည့္ သာေကတၿမိဳ႕နယ္ေန ပုိင္မင္းဆက္၊ (၂၀)ႏွစ္အား မသကၤာဖြယ္အေထာက္အထားမ်ားေတြ႕ရွိရသျဖင့္ စစ္ေဆးမႈမ်ားေဆာင္ရြက္ခ့ဲပါသည္။

စစ္ေဆးခ်က္အရ အဆုိပါအမႈကုိ ၎မွက်ဴးလြန္ျခင္းျဖစ္ေၾကာင္း၊ ၎ႏွင့္ေသဆံုးသူတုိ႔မွာ ၅.၁၀.၂၀၁၆ ရက္ေန႔ကသိရွိခင္မင္ခဲ့ၿပီးဘီယာအတူေသာက္ျဖစ္ခဲ့ေၾကာင္း၊၆.၁၀.၂၀၁၆ရက္ေန႔ညပိုင္းတြင္လည္းေတြ႕ဆံုကာ
ဘီယာဆုိင္၌အတူေသာက္ခဲ့ေၾကာင္း၊ ယင္းေနာက္ ကုိေအာင္သူေနထုိင္ရာေနအိမ္သုိ႔သြားေရာက္ကာ ဘီယာထပ္မံေသာက္ခဲ့ၿပီး ၇.၁၀.၂၀၁၆ ရက္ေန႔၀၁၀၀ အခ်ိန္ခန္႔တြင္ စကားမ်ားရန္ျဖစ္ရာမွ မီးဖုိခန္းအတြင္းမွ စတီးဓါးဦးခၽြန္ျဖင့္ထုိးခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္းေနာက္ အ၀တ္ဗီရုိအတြင္းမွ အ၀တ္အစား
မ်ားအားလဲလွယ္၀တ္ဆင္ခဲ့ၿပီး ေသဆံုးသူ၏လက္ကုိင္ဖုန္း၂လံုး၊လက္ပ္ေတာ့၁လံုးႏွင့္ ေမာ္ေတာ္ယာဥ္တုိ႔အားယူေဆာင္ကာ တိမ္းေရွာင္လာခဲ့ျခင္းျဖစ္ေၾကာင္း၊ အခင္းျဖစ္စဥ္က ၎၏ယာလက္တြင္ရရွိခဲ့သည့္
ဒဏ္ရာကုိ ရန္ကုန္ေဆးရံုႀကီး၌ ေဆးကုသမႈခံယူေနျခင္းျဖစ္ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့ပါသည္။

ေပၚေပါက္ခ်က္မ်ားအရ ၎အား အမႈျဖင့္ဆက္လက္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္ သက္ေသခံပစၥည္းမ်ား သိမ္းဆည္းလ်က္ရွိေၾကာင္းသတင္းရရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yangon Police

#Unicode Version
၆.၁၀.၂၀၁၆ ရက်နေ့ ၂၁၃၀ အချိန်တွင် ကိုအောင်သူသည် သာကေတမြို့နယ်နေအိမ်မှ ၎င်းအိမ်ငှားနေထိုင်သော ဗိုလ်တထောင်မြို့နယ်သို့Mark II မော်တော်ယာဉ်ဖြင့်ပြန်သွားပြီးနောက် ဖခင်ဖြစ်သူမှ ဖုန်းဆက်သွယ်ရာ မရရှိသဖြင့်လိုက်လံရှာဖွေပြီး ၈.၁၀.၂၀၁၆ ရက်နေ့ ၀၁၃၀အချိန်
ခန့်တွင် ဗိုလ်တထောင်မြို့မရဲစခန်းမှ လှည့်ကင်းရဲတပ်ဖွဲ့ဝင်များနှင့်အတူ၎င်းငှားရမ်းနေထိုင်ရာတိုက်ခန်းသို့ သွားရောက်ရှာဖွေရာ ကိုအောင်သူမှာလက်ဖျံနှစ်ဘက်ပြတ်ရှဒဏ်ရာ ၁ ချက်စီနှင့် လည်ပင်းတွင်ထိုးသွင်းဒဏ်ရာ၁ ချက်တို့ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပြီး မော်တော်ယာဉ်မှာလည်း
ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့်ဗိုလ်တထောင်မြို့မရဲစခန်း(ပ)၁၇၄/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်

အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူအား စုံစမ်းဆောင်ရွက်နေစဉ် အမှုမှပါဆုံးသွားသည့်Mark II မော်တော်ယာဉ်မှာ ဗိုလ်တထောင်မြို့နယ်၊ (၄၃)လမ်းနှင့်ကမ်းနားလမ်းထောင့်၌ ရပ်ထားသည်ကို ၈.၁၀.၂၀၁၆ ရက်နေ့
၁၄၅၅ အချိန်ခန့်တွင် ပြန်လည်တွေ့ရှိခဲ့ပါသည်။

ယင်းအမှုမှ အခင်းဖြစ်ရပ်စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူတွင်လည်းဒဏ်ရာများရရှိနိုင်သည့် အခြေအနေများတွေ့ရှိရသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းထောက်လှမ်းဖော်ထုတ်ခဲ့ရာ ရန်ကုန်ဆေးရုံကြီး၌ ၇.၁၀.၂၀၁၆ ရက်နေ့ ၀၄၂၅ အချိန်တွင် လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုခံယူနေသည့် သာကေတမြို့နယ်နေ ပိုင်မင်းဆက်၊ (၂၀)နှစ်အား မသင်္ကာဖွယ်အထောက်အထားများတွေ့ရှိရသဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

စစ်ဆေးချက်အရ အဆိုပါအမှုကို ၎င်းမှကျူးလွန်ခြင်းဖြစ်ကြောင်း၊ ၎င်းနှင့်သေဆုံးသူတို့မှာ ၅.၁၀.၂၀၁၆ ရက်နေ့ကသိရှိခင်မင်ခဲ့ပြီးဘီယာအတူသောက်ဖြစ်ခဲ့ကြောင်း၊၆.၁၀.၂၀၁၆ရက်နေ့ညပိုင်းတွင်လည်းတွေ့ဆုံကာ
ဘီယာဆိုင်၌အတူသောက်ခဲ့ကြောင်း၊ ယင်းနောက် ကိုအောင်သူနေထိုင်ရာနေအိမ်သို့သွားရောက်ကာ ဘီယာထပ်မံသောက်ခဲ့ပြီး ၇.၁၀.၂၀၁၆ ရက်နေ့၀၁၀၀ အချိန်ခန့်တွင် စကားများရန်ဖြစ်ရာမှ မီးဖိုခန်းအတွင်းမှ စတီးဓါးဦးချွန်ဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် အဝတ်ဗီရိုအတွင်းမှ အဝတ်အစား
များအားလဲလှယ်ဝတ်ဆင်ခဲ့ပြီး သေဆုံးသူ၏လက်ကိုင်ဖုန်း၂လုံး၊လက်ပ်တော့၁လုံးနှင့် မော်တော်ယာဉ်တို့အားယူဆောင်ကာ တိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်စဉ်က ၎င်း၏ယာလက်တွင်ရရှိခဲ့သည့်
ဒဏ်ရာကို ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ၎င်းအား အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းလျက်ရှိကြောင်းသတင်းရရှိပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yangon Police
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top