Property Expo
×
#Unicode Version
တစ်ခါတစ်လေ ကျွနု်ပ်တို့တွေမှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာလေး တွေက အလွယ်ကလေးဖြစ်ပေမယ့် ဖြေရှင်းရခက်ခဲနေတတ်ပါ တယ်။ သွေးသားပုံမမှန်၊ ဟော်မုန်းအပြောင်းအလဲကြောင့် ဦးခေါင်း ထက်က ဆံကေသာတွေက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြူရော်ပြီး ဆံသားအဖြူရောင်တွေ ပြောင်းလဲပေါက်လာကြပါတယ်။
ဒီ့အတွက် ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံဖြူတွေပေါက်နေလို့ သိပ်ကိုစိတ် ညစ်ရပါတယ်။ မိန်းကလေး၊ ယောကျ်ားလေးတို့ နှစ်ဦးစလုံးမှာဖြစ် ပေါ်လေ့ရှိတတ်ပါတယ်။
ဒီလိုမျိုး အရွယ်မတိုင်ခင် ဆံသားတွေဖြူလာခြင်း၊ ဆံသားအဖြူ ရောင်တွေ ပေါက်ခြင်းတွေအတွက် ကာကွယ်ပြုပြင်မလဲဆိုတာကို နည်းလမ်းကောင်းပေးလိုက်ပါတယ်။
အုန်းဆီ၊ သံပုရာရည်တို့ကိုအဓိကရောစပ်ပြီး ဦးရေပြားဆံသားတွေ ကို သုတ်လိမ်းပေးဖို့ပါပဲ။ သံပုရာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ အုန်းဆီအနည်းငယ်တို့ကို ရောစပ်ပေးရပါမယ်။ နောက် ဦးရေပြားနဲ့ ဆံသားတွေ နေရာအနှံ့ကို သုတ်လိမ်းနှိပ်နယ်ပေးပြီးတော့ အပေါ်က အဝတ်စ၊ ပေါင်းစတစ်ခုခုနဲ့ ဦးခေါင်းကို တစ်နာရီခန့်ပေါင်းပေးထား ရပါမယ်။
 နောက်ပြီးရင်တော့ မိမိနှစ်သက်ရာ ခေါင်းလျှော်ရည်နဲ့ ဆေးချပြီးခေါင်းလျှော်အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းလေးကိုတစ် ပတ်တစ်ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် ထူးခြားတဲ့ ဆံကေသာရလာဒ် ကို လက်တွေ့မြင်တွေ့လာမှာပါ။
အုန်းဆီမှာပါဝင်တဲ့ anti- microbial properties, lauric acid, fatty acid တွေက ဆံကေသာ၊ ဆံသားတွေအတွက် ကောင်းမွန် ခြင်းတွေ၊ အကျိုးရလာဒ် အာနိသင်တွေနဲ့ ဆံသားအတွက် အားဖြည့် တဲ့ ဓာတ်တွေကို ဖြည့်ပေးနိုင်ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top