Property Expo
×

မႏၱေလးျမိဳ႕ေတာ္စည္ပင္သာယာ သန္႔ရွင္းေရးဌာနနွင့္ စည္ပင္ရဲမ်ားမွ မႏၱေလးျမိဳ႕အတြင္း ေလလြင့္ေတာင္းရမ္း စားေသာက္သူမ်ားအား ထိန္းသိမ္းမွဳစတင္ျပီျဖစ္ရာ စက္တင္ဘာ ၃၀ ရက္ေန႔က (၇)ဦးကို ေခၚယူထိန္းသိမ္းျပီး သက္ဆိုင္ရာဌာနမ်ားသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အသက္ၾကီးပုိင္း ၂ ဦးနွင့္ သက္ငယ္ပိုင္း ၅ ဦးတို႔ပါ၀င္ျပီး ျမိဳ႕ေတာ္စည္ပင္မွ ထိန္းသိမ္းခဲ့ကာ ေနာက္ကြယ္မွ ခိုင္းေစသူမ်ားအား ဖမ္းမိျခင္းမရွိခဲ့ဟုဆိုသည္။“ေတာင္းရမ္းစားေသာက္သူေတြကို ေနာက္ကြယ္က ၾကိဳးကိုင္ခိုင္းေစတဲ့သူေတြကုိ ေဖၚထုတ္ဖို႔ လိုတယ္။ အဲဒီ အတြက္ အားလံုးက ပူးေပါင္းပါ၀င္ရမွာျဖစ္တယ္။ အဲဒီေန႔က ၾကိဳးကိုင္သူလို႔ သံသယရွိရတဲ့သူကိုမမိဘဲ ဒီလူရဲ႕ဆိုင္ကယ္ကိုပဲ ဖမ္းမိခဲ့တယ္။” ဟု ျမိဳ႕ေတာ္စည္ပင္သာယာ၊သန္႔ရွင္းေရးဌာနမွဴး ဦးစိုးတင့္ေအာင္က ေျပာသည္။

ထိုသို႔ဖမ္းဆီးထိန္းသိမ္းခဲ့ရာတြင္ ၇၈ လမ္း × ၃၃ လမ္းတြင္ အသက္ ၄၅ နွစ္အရြယ္ ၁ ဦးနွင့္ အတူနိဳ႕စို႔အရြယ္ ကေလးငယ္ ၁ ဦး၊ အသက္ ၂၆ နွစ္အရြယ္ ၁ ဦး၊ ငါးနွစ္အရြယ္ကေလး ၂ ဦး၊ သံုးနွစ္အရြယ္ကေလး ၁ ဦး၊ တနွစ္အရြယ္ကေလး ၁ ဦး၊ ရန္ကုန္-မႏၱေလးလမ္း၊ စစ္ကိုင္းလမ္းခြဲတြင္ ၁၉ နွစ္အရြယ္ ၁ ဦးတို႔ျဖစ္ ေၾကာင္းသိရသည္။

“ကေလးေတြကို ေစတနာနဲ႔ အလွဴေငြေပးလိုက္ေတာ့ အလုပ္လုပ္ခ်င္စိတ္ ေပ်ာက္သြားရင္ သူတို႔ကို ခ်စ္ရာမေရာက္ဘဲ နွစ္ရာေရာက္တယ္။ ေပးကမ္းစြန္႔ၾကဲတာေတြမလုပ္ဘဲ ကေလးေတြနဲ႔ရင္းနွီးေအာင္ လုပ္ျပီး ခိုင္းေစတဲ့သူေတြကို အမိအရဖမ္းဆီးအေရးယူဖို႔လိုပါတယ္”ဟု လူမွဳ၀န္ထမ္းဦးစီးဌာနညြန္ၾကားေရးမွဴးခ်ဳပ္ ဦးစိုးၾကည္က ေျပာသည္။

ယင္းကဲ့သို႔ ရွင္းလင္းနိဳင္ေရးအတြက္ ေတာင္ရမ္းစားေသာက္သည့္ ေလလြင့္သူမ်ားကိုေတြ႔ရွိ၍ ျမိဳ႕ေတာ္စည္ပင္သို႔ အေၾကာင္းၾကားပါက လာေရာက္ေခၚယူေပးမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)

#Unicode Version
မန္တလေးမြို့တော်စည်ပင်သာယာ သန့်ရှင်းရေးဌာနနှင့် စည်ပင်ရဲများမှ မန္တလေးမြို့အတွင်း လေလွင့်တောင်းရမ်း စားသောက်သူများအား ထိန်းသိမ်းမှုစတင်ပြီဖြစ်ရာ စက်တင်ဘာ ၃၀ ရက်နေ့က (၇)ဦးကို ခေါ်ယူထိန်းသိမ်းပြီး သက်ဆိုင်ရာဌာနများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အသက်ကြီးပိုင်း ၂ ဦးနှင့် သက်ငယ်ပိုင်း ၅ ဦးတို့ပါဝင်ပြီး မြို့တော်စည်ပင်မှ ထိန်းသိမ်းခဲ့ကာ နောက်ကွယ်မှ ခိုင်းစေသူများအား ဖမ်းမိခြင်းမရှိခဲ့ဟုဆိုသည်။“တောင်းရမ်းစားသောက်သူတွေကို နောက်ကွယ်က ကြိုးကိုင်ခိုင်းစေတဲ့သူတွေကို ဖေါ်ထုတ်ဖို့ လိုတယ်။ အဲဒီ အတွက် အားလုံးက ပူးပေါင်းပါဝင်ရမှာဖြစ်တယ်။ အဲဒီနေ့က ကြိုးကိုင်သူလို့ သံသယရှိရတဲ့သူကိုမမိဘဲ ဒီလူရဲ့ဆိုင်ကယ်ကိုပဲ ဖမ်းမိခဲ့တယ်။” ဟု မြို့တော်စည်ပင်သာယာ၊သန့်ရှင်းရေးဌာနမှူး ဦးစိုးတင့်အောင်က ပြောသည်။

ထိုသို့ဖမ်းဆီးထိန်းသိမ်းခဲ့ရာတွင် ၇၈ လမ်း × ၃၃ လမ်းတွင် အသက် ၄၅ နှစ်အရွယ် ၁ ဦးနှင့် အတူနို့စို့အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၂၆ နှစ်အရွယ် ၁ ဦး၊ ငါးနှစ်အရွယ်ကလေး ၂ ဦး၊ သုံးနှစ်အရွယ်ကလေး ၁ ဦး၊ တနှစ်အရွယ်ကလေး ၁ ဦး၊ ရန်ကုန်-မန္တလေးလမ်း၊ စစ်ကိုင်းလမ်းခွဲတွင် ၁၉ နှစ်အရွယ် ၁ ဦးတို့ဖြစ် ကြောင်းသိရသည်။

“ကလေးတွေကို စေတနာနဲ့ အလှူငွေပေးလိုက်တော့ အလုပ်လုပ်ချင်စိတ် ပျောက်သွားရင် သူတို့ကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်တယ်။ ပေးကမ်းစွန့်ကြဲတာတွေမလုပ်ဘဲ ကလေးတွေနဲ့ရင်းနှီးအောင် လုပ်ပြီး ခိုင်းစေတဲ့သူတွေကို အမိအရဖမ်းဆီးအရေးယူဖို့လိုပါတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာနညွန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ပြောသည်။

ယင်းကဲ့သို့ ရှင်းလင်းနိုင်ရေးအတွက် တောင်ရမ်းစားသောက်သည့် လေလွင့်သူများကိုတွေ့ရှိ၍ မြို့တော်စည်ပင်သို့ အကြောင်းကြားပါက လာရောက်ခေါ်ယူပေးမည်ဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top