Property Expo
×

အစာစားေနရင္း ေနာက္ေျပာင္ျခင္း၊ ကစားျခင္း၊ လမ္းေလွ်ာက္ျခင္းတုိ႔ ျပဳလုပ္တာဟာ အႏၲရာယ္မ်ားေၾကာင္း ယခုျဖစ္ရပ္က သက္ေသျပသ သြားခဲ့ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ တ႐ုတ္ႏုိင္ငံက အသက္ (၂၂) ႏွစ္အရြယ္ရွိ ေက်ာင္းသူ တစ္ဦးဟာ ေရခဲမုန္႔စားေနရင္း (၁၄) စင္တီမီတာရွိတဲ့ ဇြန္းတစ္ေခ်ာင္း အစာအိမ္ထဲ ၀င္ေရာက္ သြားခဲ့တာေၾကာင့္ ထိတ္လန္႔စရာ ျဖစ္သြားၾကပါတယ္။ ေရခဲမုန္႔စားေနစဥ္မွာ အျခား ေက်ာင္းသူတစ္ဦးက ေနာက္ကေန တြန္းလုိက္တာေၾကာင့္ ဇြန္းက အစာအိမ္ထဲ ေရာက္သြားခဲ့တာပါ။

ဒါေပမဲ့ ဘာနာက်င္မႈမွ ျပခဲ့ျခင္း မရွိတာေၾကာင့္ ေဆး႐ုံကုိသြားေရာက္ခဲ့ျခင္း မရွိပါဘူး။ အင္တာနက္မွာ အစာအိမ္ထဲ ဇြန္းေရာက္သြားတာဟာ ေကာင္းတဲ့ လကၡဏာ မဟုတ္တာကုိ ေရးသားထားတာကုိ ဖတ္႐ႈလုိက္ရတာေၾကာင့္ ေဆး႐ုံမွာ ေဆးကုသမႈ ခံယူခဲ့ပါတယ္။ ဆရာ၀န္ေတြက ဓာတ္မွန္႐ုိက္ၿပီး စစ္ေဆးၾကည့္ရာမွာ အစာအိမ္ထဲ ဇြန္းေရာက္ေနေၾကာင္း ေတြ႕ခဲ့ရပါတယ္။ ကံေကာင္းတာက ဇြန္းကုိ မခဲြစိတ္ဘဲ ဖယ္ရွား ႏုိင္ခ့ဲျခင္းျဖစ္ပါတယ္။ ဇြန္းရွိမယ့္ေန ရာကုိမွန္းဆၿပီး ျပန္လည္ဆဲြထုတ္ခဲ့ျခင္း ျဖစ္ ပါတယ္။ ဒီလုိျပဳလုပ္ရာမွာ အစာအိမ္ေသြးေၾကာေတြ ထိခုိက္ျခင္း မရွိတာေၾကာင့္ အလြန္ ကံေကာင္းခဲ့ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါ တယ္။ တ႐ုတ္ႏုိင္ငံမွာ အမ်ဳိးသမီးတစ္ဦး ဟာ အသက္ရွဴမ၀လုိ႔ဆုိၿပီး ပာင္းခ်က္ ေယာက္မဇြန္းကုိ လည္ေခ်ာင္းထဲထုိးသြင္း ခဲ့တာေၾကာင့္ ဆုိးဆုိးရြားရြား ဒဏ္ရာရခဲ့ဖူးတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger News Journal

#Unicode Version
အစာစားနေရင်း နောက်ပြောင်ခြင်း၊ ကစားခြင်း၊ လမ်းလျှောက်ခြင်းတို့ ပြုလုပ်တာဟာ အန္တရာယ်များကြောင်း ယခုဖြစ်ရပ်က သက်သေပြသ သွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံက အသက် (၂၂) နှစ်အရွယ်ရှိ ကျောင်းသူ တစ်ဦးဟာ ရေခဲမုန့်စားနေရင်း (၁၄) စင်တီမီတာရှိတဲ့ ဇွန်းတစ်ချောင်း အစာအိမ်ထဲ ဝင်ရောက် သွားခဲ့တာကြောင့် ထိတ်လန့်စရာ ဖြစ်သွားကြပါတယ်။ ရေခဲမုန့်စားနေစဉ်မှာ အခြား ကျောင်းသူတစ်ဦးက နောက်ကနေ တွန်းလိုက်တာကြောင့် ဇွန်းက အစာအိမ်ထဲ ရောက်သွားခဲ့တာပါ။

ဒါပေမဲ့ ဘာနာကျင်မှုမှ ပြခဲ့ခြင်း မရှိတာကြောင့် ဆေးရုံကိုသွားရောက်ခဲ့ခြင်း မရှိပါဘူး။ အင်တာနက်မှာ အစာအိမ်ထဲ ဇွန်းရောက်သွားတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်တာကို ရေးသားထားတာကို ဖတ်ရှုလိုက်ရတာကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ဆရာဝန်တွေက ဓာတ်မှန်ရိုက်ပြီး စစ်ဆေးကြည့်ရာမှာ အစာအိမ်ထဲ ဇွန်းရောက်နေကြောင်း တွေ့ခဲ့ရပါတယ်။ ကံကောင်းတာက ဇွန်းကို မခွဲစိတ်ဘဲ ဖယ်ရှား နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဇွန်းရှိမယ့်နေ ရာကိုမှန်းဆပြီး ပြန်လည်ဆွဲထုတ်ခဲ့ခြင်း ဖြစ် ပါတယ်။ ဒီလိုပြုလုပ်ရာမှာ အစာအိမ်သွေးကြောတွေ ထိခိုက်ခြင်း မရှိတာကြောင့် အလွန် ကံကောင်းခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါ တယ်။ တရုတ်နိုင်ငံမှာ အမျိုးသမီးတစ်ဦး ဟာ အသက်ရှူမဝလို့ဆိုပြီး ပာင်းချက် ယောက်မဇွန်းကို လည်ချောင်းထဲထိုးသွင်း ခဲ့တာကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ဖူးတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger News Journal

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top