iGREEN Promotion Singapore
×

ဘဂၤလားပင္လယ္ေအာ္ အေရွ႕အလယ္ပုိင္းတြင္ ေလဖိ အားနည္းရပ္၀န္းတစ္ခုျဖစ္ေပၚ ေနၿပီး ပုိမုိအားေကာင္းလာကာ မုန္တိုင္းတစ္လံုးျဖစ္လာႏုိင္ေၾကာင္း မုိးေလ၀သပညာရွင္ ေဒါက္တာ ထြန္းလြင္က သတိေပးသည္။

ေအာက္တုိဘာ ၁၇ ရက္မွ စတင္ကာ ေလဖိအားနည္းရပ္၀န္း တစ္ခုျဖစ္ေပၚေနၿပီး မုန္တုိင္းအဆင့္ျဖစ္လာႏုိင္ေသာေၾကာင့္ ေစာင့္ၾကည့္ေနေၾကာင္း ေဒါက္ တာထြန္းလြင္က ေျပာသည္။

အေနာက္ေတာင္ မုတ္သံု ေလသည္ ျမန္မာတစ္ႏုိင္ငံလံုးမွ ဆုတ္ခြာသြားၿပီျဖစ္ၿပီး ႏုိ၀င္ဘာ လကုန္ခန္႔အထိ အခ်ိန္အခါ မဟုတ္ ေဒသအႏွံ႔မုိးမ်ားရြာသြန္း ႏုိင္သလုိ လတ္တေလာအေျခအ ေနတြင္ ေလထုမတည္မၿငိမ္ျဖစ္ ေန၍ မုိးတိမ္ေတာင္အႏၲရာယ္ သတိထားရန္ ေဒါက္တာထြန္း လြင္က သတင္းထုတ္ျပန္သည္။

ရခုိင္ျပည္နယ္၊ မေကြး တုိင္း၊ မႏၲေလးတုိင္း၊  ပဲခူးတုိင္း ႏွင့္ ဧရာ၀တီတုိင္းေဒသႀကီးတုိ႔ တြင္ မိုးတိမ္ေတာင္အမ်ားဆံုး ျဖစ္ေနၿပီး ျမန္မာႏုိင္ငံအလယ္ ပုိင္းေဒသမ်ားတြင္ မိုးပုိလာႏုိင္ ေၾကာင္း သတိေပးထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိ အားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ် နေပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။

အောက်တိုဘာ ၁၇ ရက်မှ စတင်ကာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေပြီး မုန်တိုင်းအဆင့်ဖြစ်လာနိုင်သောကြောင့် စောင့်ကြည့်နေကြောင်း ဒေါက် တာထွန်းလွင်က ပြောသည်။

အနောက်တောင် မုတ်သုံ လေသည် မြန်မာတစ်နိုင်ငံလုံးမှ ဆုတ်ခွာသွားပြီဖြစ်ပြီး နိုဝင်ဘာ လကုန်ခန့်အထိ အချိန်အခါ မဟုတ် ဒေသအနှံ့မိုးများရွာသွန်း နိုင်သလို လတ်တလောအခြေအ နေတွင် လေထုမတည်မငြိမ်ဖြစ် နေ၍ မိုးတိမ်တောင်အန္တရာယ် သတိထားရန် ဒေါက်တာထွန်း လွင်က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊  ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ တွင် မိုးတိမ်တောင်အများဆုံး ဖြစ်နေပြီး မြန်မာနိုင်ငံအလယ် ပိုင်းဒေသများတွင် မိုးပိုလာနိုင် ကြောင်း သတိပေးထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top