ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္းဝယ္ငွား ဝဘ္ဆိုက္
×

  အျမန္လမ္းတြင္ ေမာ္ေတာ္ယာဥ္ႏွင္႕ဆုိင္ကယ္တိုက္ ဆိုင္ကယ္ေပၚမွ အမ်ဳိးသမီးႏွစ္ဦး ပြဲခ်င္းၿပီးေသဆုံး


မိတီၴလာၿမိဳ႕နယ္သီးကုန္းအျမန္ လမ္းမႀကီးရဲစခန္းအပိုင္တြင္ ေအာက္တုိဘာလ (၁၆)ရက္ေန ့ ညေနက ခရီးသည္တင္ မွန္လုံ အျမန္ယာဥ္ႏွင့္ ဆုိင္ကယ္ႏွစ္စီး တိုက္မိခဲ့ၾကရာ ဆိုင္ကယ္ေပၚမွ အမ်ဳိးသမီးႏွစ္ဦးပြဲခ်င္းၿပီး ေသဆုံး သြားသည့္ ယာဥ္တိုက္မႈတစ္ခုျဖစ္ ပြားခဲ့သည္။

ျဖစ္ပြားပုံမွာ မေကြးၿမိဳ႕ျမင္သာ ရပ္ေန ယာဥ္ေမာင္းခင္ေမာင္ျမင့္ (၂၆ႏွစ္) ေမာင္းႏွင္သည့္ ပန္းတိုင္ ခရီးသည္တင္ယာဥ္ အမွတ္၉ခ/-----ကားသည္ မႏၲေလးမွ ရန္ကုန္သို႔ေမာင္းႏွင္လာစဥ္ အျမန္ လမ္းမိုင္တုိင္အမွတ္ ၂၉၇/၆ အေရာက္တြင္ မိတီၴလာၿမိဳ႕နယ္ ဖက္ကုန္းရြာေန မမာမာ(၂၅ႏွစ္) စီးလာေသာ HUNBO အနက္ ေရာင္ ၁၁ဝ ဆိုင္ကယ္အမွတ္ ၂၁ယ/---- ေပၚတြင္ ေနာက္မွ ဝမ္းတြင္းၿမိဳ႕နယ္ အင္းရင္းေက်း ရြာမွ မဝါဝါခိုင္(၂၁ႏွစ္)၊ဖက္ကုန္း ရြာမွ မယုမြန္(၂၇ႏွစ္)တို႔ သုံးဦး စီးလာေသာဆုိင္ကယ္ႏွင့္ဖက္ကုန္း ရြာမွရန္ႏိုင္ဦး(၂၂ႏွစ္)စီးလာေသာ ၃၈ယ/-----ZHINGG ၁၁ဝ အနက္ေရာင္ဆုိင္ကယ္ေနာက္မွ ဖက္ကုန္းရြာေန မခင္ခ်ဳိႏြယ္ (၃၆ႏွစ္)တုိ႔စီးလာေသာ ဆုိင္ကယ္ သည္ ပန္းတုိင္ေမာ္ေတာ္ယာဥ္ႏွင့္ တုိက္မိၾကသည္။

ဤကဲ့သို႔ ခရီးသည္တင္ပန္း တုိင္ယာဥ္ႏွင့္ ဆုိင္ကယ္ႏွစ္စီးတို႔ တိုက္မိၾကရာ ဆုိင္ကယ္စီးသူ မမာ မာ(၂၅ႏွစ္)ႏွင့္ ဆုိင္ကယ္ေနာက္မွ လိုက္လာသူ မယုမြန္(၂၇ႏွစ္)တို႔မွာ ရရွိေသာဒဏ္ရာျဖင့္ ေနရာတြင္ပင္ ပြဲခ်င္းၿပီး ေသဆုံးသြားၾကသည္။ ဆုိင္ကယ္စီးသူ ရန္ႏိုင္ဦး၊ မဝါဝါ ခိုင္ႏွင့္မခင္မ်ဳိးႏြယ္တို႔မွာ ဒဏ္ရာ အသီးသီးရရွိသျဖင့္ မိတီၴလာ ေဆး႐ုံႀကီးတြင္အတြင္းလူနာအျဖစ္ တင္ပို႔ထားသည္။

 ယာဥ္တိုက္မႈ ကို သီးကုန္းအျမန္လမ္းမႀကီး ရဲစခန္းမွ ဆုိင္ကယ္စီးသူ မမာမာ (၂၅ႏွစ္)အား သီးကုန္းရဲစခန္း ယာဥ္(ပ)၅ဝ/၂ဝ၁၆ ပုဒ္မ-၃ဝ၄ (က)/၃၃၈ ႏွင့္ ဆုိင္ကယ္စီးသူ ရန္ႏိုင္ဦး(၂၇ႏွစ္)အား သီးကုန္း ရဲစခန္း ယာဥ္(ပ)၅၁/၂ဝ၁၆ ပုဒ္မ ၃၃၈ ျဖင့္ အမႈဖြင့္အေရးယူထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Union Daily

#Unicode Version
အမြန်လမ်းတွင် မော်တော်ယာဉ်နှင့်ဆိုင်ကယ်တိုက် ဆိုင်ကယ်ပေါ်မှ အမျိုးသမီးနှစ်ဦး ပွဲချင်းပြီးသေဆုံး


မိတ္ထီလာမြို့နယ်သီးကုန်းအမြန် လမ်းမကြီးရဲစခန်းအပိုင်တွင် အောက်တိုဘာလ (၁၆)ရက်နေ့ ညနေက ခရီးသည်တင် မှန်လုံ အမြန်ယာဉ်နှင့် ဆိုင်ကယ်နှစ်စီး တိုက်မိခဲ့ကြရာ ဆိုင်ကယ်ပေါ်မှ အမျိုးသမီးနှစ်ဦးပွဲချင်းပြီး သေဆုံး သွားသည့် ယာဉ်တိုက်မှုတစ်ခုဖြစ် ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ မကွေးမြို့မြင်သာ ရပ်နေ ယာဉ်မောင်းခင်မောင်မြင့် (၂၆နှစ်) မောင်းနှင်သည့် ပန်းတိုင် ခရီးသည်တင်ယာဉ် အမှတ်၉ခ/-----ကားသည် မန္တလေးမှ ရန်ကုန်သို့မောင်းနှင်လာစဉ် အမြန် လမ်းမိုင်တိုင်အမှတ် ၂၉၇/၆ အရောက်တွင် မိတ္ထီလာမြို့နယ် ဖက်ကုန်းရွာနေ မမာမာ(၂၅နှစ်) စီးလာသော HUNBO အနက် ရောင် ၁၁ဝ ဆိုင်ကယ်အမှတ် ၂၁ယ/---- ပေါ်တွင် နောက်မှ ဝမ်းတွင်းမြို့နယ် အင်းရင်းကျေး ရွာမှ မဝါဝါခိုင်(၂၁နှစ်)၊ဖက်ကုန်း ရွာမှ မယုမွန်(၂၇နှစ်)တို့ သုံးဦး စီးလာသောဆိုင်ကယ်နှင့်ဖက်ကုန်း ရွာမှရန်နိုင်ဦး(၂၂နှစ်)စီးလာသော ၃၈ယ/-----ZHINGG ၁၁ဝ အနက်ရောင်ဆိုင်ကယ်နောက်မှ ဖက်ကုန်းရွာနေ မခင်ချိုနွယ် (၃၆နှစ်)တို့စီးလာသော ဆိုင်ကယ် သည် ပန်းတိုင်မော်တော်ယာဉ်နှင့် တိုက်မိကြသည်။

ဤကဲ့သို့ ခရီးသည်တင်ပန်း တိုင်ယာဉ်နှင့် ဆိုင်ကယ်နှစ်စီးတို့ တိုက်မိကြရာ ဆိုင်ကယ်စီးသူ မမာ မာ(၂၅နှစ်)နှင့် ဆိုင်ကယ်နောက်မှ လိုက်လာသူ မယုမွန်(၂၇နှစ်)တို့မှာ ရရှိသောဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြသည်။ ဆိုင်ကယ်စီးသူ ရန်နိုင်ဦး၊ မဝါဝါ ခိုင်နှင့်မခင်မျိုးနွယ်တို့မှာ ဒဏ်ရာ အသီးသီးရရှိသဖြင့် မိတ္ထီလာ ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ် တင်ပို့ထားသည်။

 ယာဉ်တိုက်မှု ကို သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းမှ ဆိုင်ကယ်စီးသူ မမာမာ (၂၅နှစ်)အား သီးကုန်းရဲစခန်း ယာဉ်(ပ)၅ဝ/၂ဝ၁၆ ပုဒ်မ-၃ဝ၄ (က)/၃၃၈ နှင့် ဆိုင်ကယ်စီးသူ ရန်နိုင်ဦး(၂၇နှစ်)အား သီးကုန်း ရဲစခန်း ယာဉ်(ပ)၅၁/၂ဝ၁၆ ပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထား သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:The Union Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top