Kantharyar Centre
×

ေျမာက္ဥကၠလာပၿမိဳ႕ နယ္ကန္သာယာပန္းၿခံအတြင္းရွိ ေရကန္ကုိ ပုဂၢလိကကုမၸဏီက ေရလႊာေလွ်ာစီးတည္ေဆာက္ရန္ ေျမဖို႔ေနျခင္းကို ရပ္ကြက္ေနျပည္ သူမ်ားက ေအာက္တိုဘာ ၇ ရက္ တြင္ ဆႏၵထုတ္ေဖာ္တားဆီးခဲ့သ ျဖင့္ ေခတၱရပ္ဆုိင္းထားရန္ သက္ ဆုိင္ရာအာဏာပိုင္မ်ားက ဆံုး ျဖတ္ခဲ့ေၾကာင္း သတင္းရရွိသည္။

ျပည္သူမ်ား ဆႏၵျပျခင္း ေၾကာင့္ လက္ရွိလုပ္ကိုင္ေနေသာ လုပ္ငန္းခြင္ကို ေခတၱရပ္ဆုိင္း ထားရန္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက ဆံုးျဖတ္ခဲ့ေၾကာင္း ေျမာက္ဥကၠ လာပၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ံုး မွ တာဝန္ရွိသူတစ္ဦးက ေျပာ သည္။

ေျမာက္ဥကၠလာပၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးအပါအဝင္ တာ ဝန္ရွိသူမ်ားက (ဋ)ရပ္ကြက္ေန ဆႏၵထုတ္ေဖာ္သူမ်ားႏွင့္ဖူးပြင့္စံ ကုမၸဏီမွ တာဝန္ရွိသူမ်ားအၾကား ညႇိႏိႈင္းေျဖရွင္းေပးခဲ့သည္။

အဆုိပါ အမ်ားသံုးေသာက္ ေရကန္ကို မီးသတ္ကန္အျဖစ္ အသံုးျပဳခဲ့ၿပီး ဖူးပြင့္စံကုမၸဏီမွ တစ္ဆင့္ United Technology Myanmar ကို ေျမဖို႔ရန္ လုပ္ကိုင္ေစခဲ့ေၾကာင္း ကန္သာယာပန္းၿခံျပည္သူ႕လက္ဝယ္ျပန္လည္ရရွိေရးအဖြဲ႕ဝင္ ကိုသန္း ေအာင္က ေျပာသည္။

‘‘ျပည္သူေတြဆႏၵေၾကာင့္ ေလာေလာဆယ္ရပ္ထားဖို႔ ေထြ အုပ္က ဆံုးျဖတ္ခ်က္ေပးတယ္။ သူတို႔ကုမၸဏီဘက္က GM လာ တယ္။ သူကလည္း ေလာေလာ ဆယ္ ခဏရပ္ထားေပးပါမယ္လို႔ ေျပာတယ္’’ဟု ကိုသန္းေအာင္က ေျပာသည္။

ယမန္ေန႔ညပိုင္းက ကန္အ တြင္းရွိ ေရမ်ားကို စုပ္ထုတ္ေနၿပီး ေအာက္တိုဘာ ရ ရက္တြင္ ကန္ အတြင္းသို႔ ဘက္ဟိုးျဖင့္ ေျမဖို႔ေန သည္ကို ရပ္ကြက္ေနသူမ်ားသိရွိ ၿပီး လူအင္အား ၂၀၀ ခန္႔ျဖင့္ တားဆီးခဲ့ေၾကာင္း ၎က ေျပာသည္။

ယခင္ပ်က္စီးယိုယြင္းေန ေသာ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ကန္သာယာပန္းၿခံေဟာင္းကို ကုမၸဏီက ျပန္လည္ျပဳျပင္ၿပီး စိန္ ေဂဟာ႐ုပ္ရွင္႐ံုႏွင့္ Fun Valley ကစားကြင္းတို႔ကို ဖြင့္လွစ္ခဲ့သည္။အဆိုပါပန္းၿခံကို အမ်ား ျပည္သူပန္းၿခံအျဖစ္ ျပန္လည္ရရွိ ရန္ ရည္ရြယ္ခ်က္ျဖင့္ ရပ္ကြက္ေန သူမ်ားႏွင့္ တက္ႂကြလႈပ္ရွားသူအ ခ်ိဳ႕က ကန္သာယာပန္းၿခံျပည္သူ လက္ဝယ္ျပန္လည္ရရွိေရးအဖြဲ႕ အျဖစ္ ဖြဲ႕စည္းထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မြောက်ဥက္ကလာပမြို့ နယ်ကန်သာယာပန်းခြံအတွင်းရှိ ရေကန်ကို ပုဂ္ဂလိကကုမ္ပဏီက ရေလွှာလျှောစီးတည်ဆောက်ရန် မြေဖို့နေခြင်းကို ရပ်ကွက်နေပြည် သူများက အောက်တိုဘာ ၇ ရက် တွင် ဆန္ဒထုတ်ဖော်တားဆီးခဲ့သ ဖြင့် ခေတ္တရပ်ဆိုင်းထားရန် သက် ဆိုင်ရာအာဏာပိုင်များက ဆုံး ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူများ ဆန္ဒပြခြင်း ကြောင့် လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းခွင်ကို ခေတ္တရပ်ဆိုင်း ထားရန် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆုံးဖြတ်ခဲ့ကြောင်း မြောက်ဥက္က လာပမြို့နယ်အုပ်ချုပ်ရေးမှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် တာ ဝန်ရှိသူများက (ဋ)ရပ်ကွက်နေ ဆန္ဒထုတ်ဖော်သူများနှင့်ဖူးပွင့်စံ ကုမ္ပဏီမှ တာဝန်ရှိသူများအကြား ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။

အဆိုပါ အများသုံးသောက် ရေကန်ကို မီးသတ်ကန်အဖြစ် အသုံးပြုခဲ့ပြီး ဖူးပွင့်စံကုမ္ပဏီမှ တစ်ဆင့် United Technology Myanmar ကို မြေဖို့ရန် လုပ်ကိုင်စေခဲ့ကြောင်း ကန်သာယာပန်းခြံပြည်သူ့လက်ဝယ်ပြန်လည်ရရှိရေးအဖွဲ့ဝင် ကိုသန်း အောင်က ပြောသည်။

‘‘ပြည်သူတွေဆန္ဒကြောင့် လောလောဆယ်ရပ်ထားဖို့ ထွေ အုပ်က ဆုံးဖြတ်ချက်ပေးတယ်။ သူတို့ကုမ္ပဏီဘက်က GM လာ တယ်။ သူကလည်း လောလော ဆယ် ခဏရပ်ထားပေးပါမယ်လို့ ပြောတယ်’’ဟု ကိုသန်းအောင်က ပြောသည်။

ယမန်နေ့ညပိုင်းက ကန်အ တွင်းရှိ ရေများကို စုပ်ထုတ်နေပြီး အောက်တိုဘာ ရ ရက်တွင် ကန် အတွင်းသို့ ဘက်ဟိုးဖြင့် မြေဖို့နေ သည်ကို ရပ်ကွက်နေသူများသိရှိ ပြီး လူအင်အား ၂၀၀ ခန့်ဖြင့် တားဆီးခဲ့ကြောင်း ၎င်းက ပြောသည်။

ယခင်ပျက်စီးယိုယွင်းနေ သော မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံဟောင်းကို ကုမ္ပဏီက ပြန်လည်ပြုပြင်ပြီး စိန် ဂေဟာရုပ်ရှင်ရုံနှင့် Fun Valley ကစားကွင်းတို့ကို ဖွင့်လှစ်ခဲ့သည်။အဆိုပါပန်းခြံကို အများ ပြည်သူပန်းခြံအဖြစ် ပြန်လည်ရရှိ ရန် ရည်ရွယ်ချက်ဖြင့် ရပ်ကွက်နေ သူများနှင့် တက်ကြွလှုပ်ရှားသူအ ချို့က ကန်သာယာပန်းခြံပြည်သူ လက်ဝယ်ပြန်လည်ရရှိရေးအဖွဲ့ အဖြစ် ဖွဲ့စည်းထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top