Property Expo
×





#Unicode Version

မယုံကြည်ရပေမယ့်လည်း ဒါကတကယ့်ကိုထူးဆန်းပြီး ဖြစ်ရပ်မှန်ပါ ပဲ။ ထိုင်းနိုင်ငံက အသက် ၅၀ နှစ်အရွယ်ဈေးသည် အမျိုးသား တစ် ဦးမှာ ထူးခြားတဲ့ စွမ်းအားတွေရှိနေတဲ့ လက်တစ်စုံကို ပိုင်ဆိုင်ထား ပါတယ်။ သူ့ရဲ့ အဲ့ဒီအံ့သြစရာကောင်းတဲ့ လက်ကအပူရှိန် ၄၈၀ ဒီဂရီမှာ ပွက်ပွက်ဆူနေတဲ့ ဆီပူအိုးထဲ လက်ထည့်အသုံးပြုသော် လည်းပဲ ဘယ်လိုမှဆီပူလောင် နာကျင်ခြင်းမျိုး လုံးဝမခံစားရတာပဲ ဖြစ်ပါတယ်။

Fried Chickern Iron Hands Man လို့ အမည်ပေးမှည့်ခေါ်ထား တဲ့ အမျိုးသားကန်းက အခြား မီးဖိုချောင်ပစ္စည်းအသုံးအဆောင် ခပ်စရာ ပစ္စည်းကို အသုံးမပြုပဲ သူ့ရဲ့ ဒီလက်နဲ့ပဲ ဆီပူအိုးထဲက ကြက်သာတုံးကြော်တွေကို ကောင်းကောင်းကြော်လှော်နေလို့ရနေ ပါတယ်။ သူ့ရဲ့ ဒီလိုမျိုးထူးခြားတဲ့ စွမ်းရည်ပိုင်ဆိုင်ထားတဲ့ လက်နဲ့ ကြော်လှော်အသုံးပြုရောင်းချနေတာကို စိတ်ဝင်စားလို့ လာရောက် ကြည့်ရှုသူတွေနဲ့ စားသုံးသူတွေများစွာရှိလာတာကို သူ့အနေနဲ့ သိပ် ကို ဝမ်းသာတယ်လို့ ဆိုပါတယ်။

အပူရှိန်ပြင်းလွန်းတဲ့ ဆီပူထဲ လက်ထည့်ကြော်လိုက်၊ ဆယ်လိုက် အသုံးပြုနေရာက ဘယ်လိုမှဆီပူမလောင်၊ မနာမကျင် ဖြစ်ရတဲ့  ထူးခြားတဲ့ စွမ်းရည်ကို လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးလောက်ကတည်းက စတင်ပြီးတော့ သတိထားမိခဲ့တာက သူ့ခန္ဒာကိုယ်ပေါ် ဆီပူအိုးမ တော်တဆပြုတ်ကျခဲ့ခြင်းကနေ ဘယ်လိုမှအနာတရမဖြစ်ပေါ်ခဲ့ခြင်း ကို သတိထားမိသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီထူးခြားတဲ့ စွမ်းအင် ကြောင့်ပဲ အပူမလောင်ကျွမ်းနိုင်တဲ့ အမျိုးသားအဖြစ် ဂင်းနစ် စံချိန် တစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top