Property Expo
×

(၁) ကိုယ့္အစာအိမ္က မလုိအပ္ပဲ ၀ယ္စားလုိက္ ေနၾကာေစ့ တစ္ထုပ္ရဲ႕ တန္ဘုိးဟာ ဆာေလာင္ေနတဲ့ ကေလးတစ္ေယာက္ အတြက္ဆုိရင္ အသက္ကယ္တဲ့ ေန႔လည္စာ တစ္နပ္လည္း ျဖစ္ႏုိင္ေကာင္းပါရဲ႕….

(၂) ကုိယ့္ဖိနပ္စင္မွာ ေနရာမလပ္ရွိေနပါလွ်က္ ထပ္မံ ျဖည့္တင္းလုိက္တဲ့ ေဒါက္ဖိနပ္တစ္ရံရဲ႕ တန္ဘုိးဟာ ဆူးစူးေနတဲ့ ေျခေထာက္ေလးေပါင္းမ်ားစြာ အတြက္ေတာ့ အကာအကြယ္ တခု ေပးႏုိင္ေကာင္းပါရဲ႕…

(၃) ျပည့္ႏွက္ေနတဲ့ ကုိယ့္အ၀တ္ဗီဒုိထဲကို ပုိျပီး က်ပ္သိပ္သြားေအာင္ ျဖည့္ဆည္းလုိက္တဲ့ ႏုိင္ငံျခားျဖစ္ အ၀တ္တစ္ထည္ရဲ႕ တန္ဘုိးဟာ ခုိက္ခုိက္တုန္ေအာင္ ခ်မ္းေနတဲ့ ကေလးတစ္ေယာက္ အတြက္ေတာ့ ေႏြးေထြးမႈေလးတစ္ခု ေပးစြမ္းႏုိင္ေကာင္းပါရဲ႕…

(၄) ကုိယ့္မိသားစု အတြက္ ဘယ္လုိမွ ေကာင္းက်ဳိး မေပးႏုိင္ပဲ ျဖဳန္းတီးပစ္လုိက္တဲ့ ဘီယာဗူးေပါင္းမ်ားစြာရဲ႕ တန္ဖုိးဟာ မြတ္သိပ္ေနတဲ့ ဘ၀ေပါင္းမ်ားစြာ အတြက္ေတာ့ သန္႔စင္တဲ့ ေရတစ္ကန္ အျဖစ္ ေက်းဇူးျပဳႏုိင္ေကာင္းပါရဲ႕…

(၅) ကိုယ့္အတြက္ ေတာ့ အပ်င္းေျပ ဂိမ္းကစားေနတဲ့ iPhone တစ္လုံးရဲ႕ တန္ဖုိးဟာ အနာဂါတ္မဲ့ ကေလးတစ္ေယာက္ အတြက္ေတာ့ ဘ၀အာမခံခ်က္ကို ေပးႏုိင္တဲ့ ပညာေရး တစ္ခု အျဖစ္ျဖည့္ဆည္း ေပးႏုိင္ေကာင္းပါရဲ႕….

ကုိယ့္အတြက္ မလုိအပ္တာေလးေတြကို ေလာကလုိအပ္ခ်က္ေလးေတြ အျဖစ္ ေျပာင္းလဲႏုိင္ပါေစ…ေမတၱာျဖင့္….

ဖိုးသူေတာ္ (www.phothutaw.com)
Credit:( အရွင္ေတဇာနႏၵ )

#Unicode Version
(၁) ကိုယ့်အစာအိမ်က မလိုအပ်ပဲ ဝယ်စားလိုက် နေကြာစေ့ တစ်ထုပ်ရဲ့ တန်ဘိုးဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင် အသက်ကယ်တဲ့ နေ့လည်စာ တစ်နပ်လည်း ဖြစ်နိုင်ကောင်းပါရဲ့….

(၂) ကိုယ့်ဖိနပ်စင်မှာ နေရာမလပ်ရှိနေပါလျှက် ထပ်မံ ဖြည့်တင်းလိုက်တဲ့ ဒေါက်ဖိနပ်တစ်ရံရဲ့ တန်ဘိုးဟာ ဆူးစူးနေတဲ့ ခြေထောက်လေးပေါင်းများစွာ အတွက်တော့ အကာအကွယ် တခု ပေးနိုင်ကောင်းပါရဲ့…

(၃) ပြည့်နှက်နေတဲ့ ကိုယ့်အဝတ်ဗီဒိုထဲကို ပိုပြီး ကျပ်သိပ်သွားအောင် ဖြည့်ဆည်းလိုက်တဲ့ နိုင်ငံခြားဖြစ် အဝတ်တစ်ထည်ရဲ့ တန်ဘိုးဟာ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးတစ်ယောက် အတွက်တော့ နွေးထွေးမှုလေးတစ်ခု ပေးစွမ်းနိုင်ကောင်းပါရဲ့…

(၄) ကိုယ့်မိသားစု အတွက် ဘယ်လိုမှ ကောင်းကျိုး မပေးနိုင်ပဲ ဖြုန်းတီးပစ်လိုက်တဲ့ ဘီယာဗူးပေါင်းများစွာရဲ့ တန်ဖိုးဟာ မွတ်သိပ်နေတဲ့ ဘဝပေါင်းများစွာ အတွက်တော့ သန့်စင်တဲ့ ရေတစ်ကန် အဖြစ် ကျေးဇူးပြုနိုင်ကောင်းပါရဲ့…

(၅) ကိုယ့်အတွက် တော့ အပျင်းပြေ ဂိမ်းကစားနေတဲ့ iPhone တစ်လုံးရဲ့ တန်ဖိုးဟာ အနာဂါတ်မဲ့ ကလေးတစ်ယောက် အတွက်တော့ ဘဝအာမခံချက်ကို ပေးနိုင်တဲ့ ပညာရေး တစ်ခု အဖြစ်ဖြည့်ဆည်း ပေးနိုင်ကောင်းပါရဲ့….

ကိုယ့်အတွက် မလိုအပ်တာလေးတွေကို လောကလိုအပ်ချက်လေးတွေ အဖြစ် ပြောင်းလဲနိုင်ပါစေ…မေတ္တာဖြင့်….


ဖိုးသူတော် (www.phothutaw.com)
Credit:( အရှင်တေဇာနန္ဒ )
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top