Kantharyar Centre
×

ထိန္းခ်ဳပ္တာ၊ ဘာမလုပ္ရ ညာမလုပ္ရ ကန္႕သတ္တာ စတဲ့အသံမ်ိဳးေတြ ၾကားလိုက္တာနဲ႕ သင္တန္းျပီး ေတြးမိတဲ့လူ တစ္ေယာက္ရွိေနပါလိမ့္မယ္။ လူေတြဟာ အျခားလူတစ္ေယာက္ရဲ႕ စိတ္၊ သူမသိတဲ့အေျခအေနေတြထိ ၀င္ေရာက္ျခယ္လွယ္ခ်င္တဲ့ စိတ္ေတြ ရွိေနၾကပါတယ္။ ဒီေတာ့ သင့္ဘ၀ကို ထိန္းခ်ဳပ္ထားတဲ့သူ ဘယ္သူပဲျဖစ္ေနပါေစ၊ သူတုိ႕ဆီက လြတ္ေျမာက္ျပီး ေပ်ာ္ရႊင္တဲ့ ခံစားခ်က္ကို သိလာေစဖုိ႕ ဒီအခ်က္ေလးေတြက ကူညီေပးႏိုင္ပါ တယ္။

၁။သင့္ကိုထိန္းခ်ဳပ္ေနတဲ့လူကို သင္ ေျပာင္းလဲပစ္လို႕ မရဘူးဆိုတာ ေတြးပါ။

ကိုယ္က သူမ်ားကို သြားေျပာင္းလဲလုိ႕ မရပါဘူး။ ငါ့ကို မထိန္းခ်ဳပ္နဲ႕ဆုိျပီး ေျပာလို႕လညး္ မရပါဘူး။ ဒီေတာ့ ကိုယ့္ကိုယ္ကုိယ္သာ ေျပာင္းလဲပစ္လိုက္ပါ။

၂။ေရရွည္မွာ ကိုယ့္ကိုထိန္းခ်ဳပ္ေနတဲ့သူ စိတ္ေက်နပ္ေအာင္ သင္မလုပ္ေဆာင္ႏိုင္ဘူးဆုိတာ နားလည္သေဘာေပါက္ပါ။

လူဆိုတာ ကိုယ့္အတြက္ကိုယ္ အသက္ရွင္ေနရတာ မဟုတ္ပဲ တစ္ဖက္လူ စိတ္ခ်မ္းသာေအာင္ တစ္ခ်ိန္လံုးလိုက္ေလ်ာရင္း အသက္ရွင္ေနရတာမ်ိဳးဟာ ေရရွည္အတြက္ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးဆိုတာ သိထားပါ။

၃။ေရြးခ်ယ္မႈတုိင္းဟာ သင့္ဆံုးျဖတ္ခ်က္အတုိင္းသာ ျဖစ္ပါေစ။

ဆံုးျဖတ္ခ်က္ခ်ရမယ့္ အရာ ေသးေသး၊ ႀကီးႀကီး သင္ကိုယ္တုိင္ ဆံုးျဖတ္ခ်က္ခ်တာမ်ိဳးသာ ျဖစ္ပါေစ။ တစ္ဖက္လူအေပၚ မွီတည္ေနတာမ်ိဳး မျဖစ္ပါေစနဲ႕။

၄။သင့္လုပ္ပိုင္ခြင့္၊ ရပိုင္ခြင့္ေတြကို သတိျပဳမိပါေစ။

သင္လုပ္လိုက္တဲ့အရာတုိင္းမွာ လုပ္ပိုင္ခြင့္ရွိပါရဲ႕လား၊ ရပိုင္ခြင့္ေရာ ရွိပါရဲ႕လား။ ဒီအခ်က္ကိုသတိထားလုပ္ေဆာင္ပါ။

၅။သင့္ကိုထိန္းခ်ဳပ္ထားတဲ့သူကို ခပ္ခြာခြာေလးေနႏိုင္ဖုိ႕ ႀကိဳးစားပါ။

ကိုယ့္ကို ထိန္းခ်ဳပ္ထားသူနဲ႕ လူေရာ၊ စိတ္ပါ ခပ္ခြာခြာေနျခင္းဟာ တစ္ခါတစ္ေလမွာေတာ့ အေကာင္းဆံုး ေျဖရွင္းခ်က္တစ္ခု ျဖစ္လာပါတယ္။

၆။သင့္ရဲ႕ ကိုယ္ပိုင္ေမ်ွာ္လင့္ခ်က္ေတြဟာဘာမ်ား ျဖစ္လိမ့္မလဲဆုိတာ သိေအာင္လုပ္ပါ။

သင့္ဘ၀မွာ ဘာေတြလုပ္ရမယ္၊ ဘာျပီးရင္ ဘာကိုဆက္လက္ ေဆာင္ရြက္ရမယ္ဆုိတဲ့ သူမ်ားလမ္းညႊန္မႈေအာက္မွာ မေနပဲ ကိုယ္တုိင္ ကိုယ္ေမ်ွာ္လင့္ခ်က္အတုိင္း အသက္ရွင္ႏိုင္ဖုိ႕ ႀကိဳးစားပါ။

၇။ၿငိမ္ေနတာမ်ိဳးထက္ ေျဖရွင္းေျပာဆုိတာမ်ိးေတြ လုပ္ပါ။

ဘာမဟုတ္တဲ့ ဇာတ္ေမ်ာေတြကို ေရွာင္ပါ။ ကိုယ့္ကိုေျပာဆုိစြပ္စြဲလာေတြကို ေျဖရွင္းပါ။ ၿငိမ္မေနပါနဲ႕။

၈။အႀကံဥာဏ္ေကာင္းေတြ ေပးႏိုင္မယ့္သူကို ရွာပါ။

သင့္အက်ိဳးကို လိုလားျပီး သင့္အေပၚေကာင္းတဲ့ သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္၊ မိသားစု၀င္စတဲ့ တစ္ေယာက္ကို သင့္အခက္အခဲေတြ ေျပာျပျပီး အႀကံဥာဏ္ယူသင့္သေလာက္ယူပါ။

၉။သင့္ကိုထိန္းခ်ဳပ္ထားတဲ့သူထံက သင္ဘာမွ မရႏိုင္ပါဘူး။

ကိုယ့္အေပၚ အႏုိင္ယူျပီး ထိန္းခ်ဳပ္ထားတဲ့သူဆီကေန သင္လုိခ်င္တဲ့အရာေတြ ရႏိုင္ဖုိ႕ ခက္ခဲပါတယ္။ အထူးသျဖင့္ သင့္အေပၚ ေလးစားမႈဆုိတာလည္း မရွိႏိုင္ပါဘူး။

၁၀။သင္ သူ႔ကို ဘယ္အခ်ိန္စြန္႕လႊတ္လိုက္ရင္ အေကာင္းဆံုးျဖစ္မလဲ စဥ္းစားပါ။

ကိုယ့္ဘ၀တစ္ေလ်ွာက္လံုး သူ႕အတြက္ ေပးဆပ္ရင္း ေနဖုိ႕ဆုိတာ မလြယ္ပါဘူး။ သူ႔ထိန္းခ်ဳပ္မႈေအာက္မွာ ရွင္သန္ဖုိ႕ဆိုတာလည္း မျဖစ္ႏိုင္ပါဘူး။ ဒီေတာ့ ဒီလိုလူမ်ိဳးနဲ႕ ေ၀းရာကို ထြက္သြားလိုက္တာ သင့္အတြက္ အေကာင္းဆံုး အေျဖပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ထိန်းချုပ်တာ၊ ဘာမလုပ်ရ ညာမလုပ်ရ ကန့်သတ်တာ စတဲ့အသံမျိုးတွေ ကြားလိုက်တာနဲ့ သင်တန်းပြီး တွေးမိတဲ့လူ တစ်ယောက်ရှိနေပါလိမ့်မယ်။ လူတွေဟာ အခြားလူတစ်ယောက်ရဲ့ စိတ်၊ သူမသိတဲ့အခြေအနေတွေထိ ဝင်ရောက်ခြယ်လှယ်ချင်တဲ့ စိတ်တွေ ရှိနေကြပါတယ်။ ဒီတော့ သင့်ဘဝကို ထိန်းချုပ်ထားတဲ့သူ ဘယ်သူပဲဖြစ်နေပါစေ၊ သူတို့ဆီက လွတ်မြောက်ပြီး ပျော်ရွှင်တဲ့ ခံစားချက်ကို သိလာစေဖို့ ဒီအချက်လေးတွေက ကူညီပေးနိုင်ပါ တယ်။

၁။သင့်ကိုထိန်းချုပ်နေတဲ့လူကို သင် ပြောင်းလဲပစ်လို့ မရဘူးဆိုတာ တွေးပါ။

ကိုယ်က သူများကို သွားပြောင်းလဲလို့ မရပါဘူး။ ငါ့ကို မထိန်းချုပ်နဲ့ဆိုပြီး ပြောလို့လည်း မရပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်သာ ပြောင်းလဲပစ်လိုက်ပါ။

၂။ရေရှည်မှာ ကိုယ့်ကိုထိန်းချုပ်နေတဲ့သူ စိတ်ကျေနပ်အောင် သင်မလုပ်ဆောင်နိုင်ဘူးဆိုတာ နားလည်သဘောပေါက်ပါ။

လူဆိုတာ ကိုယ့်အတွက်ကိုယ် အသက်ရှင်နေရတာ မဟုတ်ပဲ တစ်ဖက်လူ စိတ်ချမ်းသာအောင် တစ်ချိန်လုံးလိုက်လျောရင်း အသက်ရှင်နေရတာမျိုးဟာ ရေရှည်အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သိထားပါ။

၃။ရွေးချယ်မှုတိုင်းဟာ သင့်ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်ပါစေ။

ဆုံးဖြတ်ချက်ချရမယ့် အရာ သေးသေး၊ ကြီးကြီး သင်ကိုယ်တိုင် ဆုံးဖြတ်ချက်ချတာမျိုးသာ ဖြစ်ပါစေ။ တစ်ဖက်လူအပေါ် မှီတည်နေတာမျိုး မဖြစ်ပါစေနဲ့။

၄။သင့်လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို သတိပြုမိပါစေ။

သင်လုပ်လိုက်တဲ့အရာတိုင်းမှာ လုပ်ပိုင်ခွင့်ရှိပါရဲ့လား၊ ရပိုင်ခွင့်ရော ရှိပါရဲ့လား။ ဒီအချက်ကိုသတိထားလုပ်ဆောင်ပါ။

၅။သင့်ကိုထိန်းချုပ်ထားတဲ့သူကို ခပ်ခွာခွာလေးနေနိုင်ဖို့ ကြိုးစားပါ။

ကိုယ့်ကို ထိန်းချုပ်ထားသူနဲ့ လူရော၊ စိတ်ပါ ခပ်ခွာခွာနေခြင်းဟာ တစ်ခါတစ်လေမှာတော့ အကောင်းဆုံး ဖြေရှင်းချက်တစ်ခု ဖြစ်လာပါတယ်။

၆။သင့်ရဲ့ ကိုယ်ပိုင်မျှော်လင့်ချက်တွေဟာဘာများ ဖြစ်လိမ့်မလဲဆိုတာ သိအောင်လုပ်ပါ။

သင့်ဘဝမှာ ဘာတွေလုပ်ရမယ်၊ ဘာပြီးရင် ဘာကိုဆက်လက် ဆောင်ရွက်ရမယ်ဆိုတဲ့ သူများလမ်းညွှန်မှုအောက်မှာ မနေပဲ ကိုယ်တိုင် ကိုယ်မျှော်လင့်ချက်အတိုင်း အသက်ရှင်နိုင်ဖို့ ကြိုးစားပါ။

၇။ငြိမ်နေတာမျိုးထက် ဖြေရှင်းပြောဆိုတာမျိးတွေ လုပ်ပါ။

ဘာမဟုတ်တဲ့ ဇာတ်မျောတွေကို ရှောင်ပါ။ ကိုယ့်ကိုပြောဆိုစွပ်စွဲလာတွေကို ဖြေရှင်းပါ။ ငြိမ်မနေပါနဲ့။

၈။အကြံဉာဏ်ကောင်းတွေ ပေးနိုင်မယ့်သူကို ရှာပါ။

သင့်အကျိုးကို လိုလားပြီး သင့်အပေါ်ကောင်းတဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်စတဲ့ တစ်ယောက်ကို သင့်အခက်အခဲတွေ ပြောပြပြီး အကြံဉာဏ်ယူသင့်သလောက်ယူပါ။

၉။သင့်ကိုထိန်းချုပ်ထားတဲ့သူထံက သင်ဘာမှ မရနိုင်ပါဘူး။

ကိုယ့်အပေါ် အနိုင်ယူပြီး ထိန်းချုပ်ထားတဲ့သူဆီကနေ သင်လိုချင်တဲ့အရာတွေ ရနိုင်ဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် သင့်အပေါ် လေးစားမှုဆိုတာလည်း မရှိနိုင်ပါဘူး။

၁၀။သင် သူ့ကို ဘယ်အချိန်စွန့်လွှတ်လိုက်ရင် အကောင်းဆုံးဖြစ်မလဲ စဉ်းစားပါ။

ကိုယ့်ဘဝတစ်လျှောက်လုံး သူ့အတွက် ပေးဆပ်ရင်း နေဖို့ဆိုတာ မလွယ်ပါဘူး။ သူ့ထိန်းချုပ်မှုအောက်မှာ ရှင်သန်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒီတော့ ဒီလိုလူမျိုးနဲ့ ဝေးရာကို ထွက်သွားလိုက်တာ သင့်အတွက် အကောင်းဆုံး အဖြေပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top