Property Expo
×

 သုက္ရည္ဂလင္း ကင္ဆာေရာဂါအတြက္ ေဆးကုသမႈ ခံယူ ေနရေသာ အမ်ိဳးသားမ်ားသည္ လိင္မႈကိစၥအေပၚ စိတ္၀င္စားမႈ ေလ်ာ့နည္းျခင္းႏွင့္ လိင္အဂၤါသန္စြမ္းႏိုင္မႈမရွိျခင္း အပါအ၀င္ လိင္မႈ ဆိုင္ရာ ျပႆနာမ်ား ႀကံဳေတြ႕ႏိုင္သည္။

သုက္ရည္ဂလင္းကင္ဆာေရာဂါအတြက္ အမ်ိဳးမ်ိဳးေသာ ကု ထံုးမ်ားကလည္း အမ်ိဳးသားမ်ား လိင္မႈကိစၥ အခက္အခဲမ်ား ျဖစ္ေပၚ ေစႏိုင္သည္။ ယင္းကုသပံုနည္းလမ္းမ်ားတြင္ ဓာတ္ေရာင္ျခည္ ကုထံုး၊ ခဲြစိတ္ကုသမႈႏွင့္ ေဟာ္မုန္းကုထံုးတို႔ ပါ၀င္သည္။


သုက္ရည္ဂလင္းသည္ အမ်ိဳးသားမ်ား၏ လိဂ္အဂၤါတစ္ခုအျဖစ္ ဆီးအိတ္ေအာက္နားတြင္ တည္ရွိသည္။

သုက္ရည္ဂလင္းဆဲလ္မ်ား ထိန္းမရဘဲ ကဲြျပားသြားကာ အ က်ိတ္ျဖစ္ေပၚလာေစေသာ ေရာဂါကို သုက္ရည္ဂလင္းကင္ဆာဟု ေခၚသည္။

သုက္ရည္ဂလင္းကင္ဆာသည္ ေရာဂါလကၡဏာမ်ား ျပသ ေလ့မရွိဘဲ အမွန္တကယ္ ေရာဂါခံစားေနရပါက ဆီးထြက္နည္းျခင္း၊ ဆီးသြားပံုမမွန္ကန္ျခင္း၊ ဆီးမ်ားအျပည့္အ၀ ကုန္သြားသည္ဟု မခံ စားရျခင္း၊ ဆီးတြင္ ေသြးပါျခင္းစေသာ လကၡဏာမ်ား ႀကံဳေတြ႕ႏိုင္ သည္။

ကင္ဆာျဖစ္ေနေသာ သုက္ရည္ဂလင္းမွ ကင္ဆာဆဲလ္မ်ား အျခားေနရာမ်ားသို႔ ပ်ံ႕ႏွံ႔ႏုိင္ေသာ္လည္း ယင္းအေျခအေနသည္ ႀကံဳ ေတာင့္ႀကံဳခဲကိစၥျဖစ္သည္။

သုက္ရည္ဂလင္းကင္ဆာကို အသက္အရြယ္ႀကီးလာခ်ိန္တြင္ အမ်ားအားျဖင့္ ႀကံဳေတြ႕ရေလ့ရွိသည္။

သုက္ရည္ဂလင္းတြင္ အက်ိတ္ႀကီးမားလာပါက ဆီးလမ္း ေၾကာင္းကို အတားအဆီးျဖစ္ေစႏိုင္သည္။

သုက္ရည္ဂလင္းကင္ဆာအတြက္ ကုသနည္းမ်ားက မ်ိဳးမ ေအာင္ျဖစ္ေစေသာေၾကာင့္ သားသမီးယူလိုပါက ကုသမႈမခံယူမီ ႀကိဳတင္စီစဥ္ထားသင့္သည္။   

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 သုက်ရည်ဂလင်း ကင်ဆာရောဂါအတွက် ဆေးကုသမှု ခံယူ နေရသော အမျိုးသားများသည် လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှု လျော့နည်းခြင်းနှင့် လိင်အင်္ဂါသန်စွမ်းနိုင်မှုမရှိခြင်း အပါအဝင် လိင်မှု ဆိုင်ရာ ပြဿနာများ ကြုံတွေ့နိုင်သည်။

သုက်ရည်ဂလင်းကင်ဆာရောဂါအတွက် အမျိုးမျိုးသော ကု ထုံးများကလည်း အမျိုးသားများ လိင်မှုကိစ္စ အခက်အခဲများ ဖြစ်ပေါ် စေနိုင်သည်။ ယင်းကုသပုံနည်းလမ်းများတွင် ဓာတ်ရောင်ခြည် ကုထုံး၊ ခွဲစိတ်ကုသမှုနှင့် ဟော်မုန်းကုထုံးတို့ ပါဝင်သည်။


သုက်ရည်ဂလင်းသည် အမျိုးသားများ၏ လိဂ်အင်္ဂါတစ်ခုအဖြစ် ဆီးအိတ်အောက်နားတွင် တည်ရှိသည်။

သုက်ရည်ဂလင်းဆဲလ်များ ထိန်းမရဘဲ ကွဲပြားသွားကာ အ ကျိတ်ဖြစ်ပေါ်လာစေသော ရောဂါကို သုက်ရည်ဂလင်းကင်ဆာဟု ခေါ်သည်။

သုက်ရည်ဂလင်းကင်ဆာသည် ရောဂါလက္ခဏာများ ပြသ လေ့မရှိဘဲ အမှန်တကယ် ရောဂါခံစားနေရပါက ဆီးထွက်နည်းခြင်း၊ ဆီးသွားပုံမမှန်ကန်ခြင်း၊ ဆီးများအပြည့်အ၀ ကုန်သွားသည်ဟု မခံ စားရခြင်း၊ ဆီးတွင် သွေးပါခြင်းစသော လက္ခဏာများ ကြုံတွေ့နိုင် သည်။

ကင်ဆာဖြစ်နေသော သုက်ရည်ဂလင်းမှ ကင်ဆာဆဲလ်များ အခြားနေရာများသို့ ပျံ့နှံ့နိုင်သော်လည်း ယင်းအခြေအနေသည် ကြုံ တောင့်ကြုံခဲကိစ္စဖြစ်သည်။

သုက်ရည်ဂလင်းကင်ဆာကို အသက်အရွယ်ကြီးလာချိန်တွင် အများအားဖြင့် ကြုံတွေ့ရလေ့ရှိသည်။

သုက်ရည်ဂလင်းတွင် အကျိတ်ကြီးမားလာပါက ဆီးလမ်း ကြောင်းကို အတားအဆီးဖြစ်စေနိုင်သည်။

သုက်ရည်ဂလင်းကင်ဆာအတွက် ကုသနည်းများက မျိုးမ အောင်ဖြစ်စေသောကြောင့် သားသမီးယူလိုပါက ကုသမှုမခံယူမီ ကြိုတင်စီစဉ်ထားသင့်သည်။   

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top