Property Expo
×

ကခ်င္ျပည္နယ္ တရား လႊတ္ေတာ္တရားသူႀကီး ကိုင္ ေဆာင္ထားေသာ ပိုက္ဆံအိတ္ ျမစ္ႀကီးနားၿမိဳ႕ ၿမိဳ႕လယ္ေကာင္ တြင္ ေန႔ခင္းေၾကာင္ေတာင္ လု ယက္ခံရကာ စိန္ထည္လက္ဝတ္ ရတနာအခ်ိဳ႕ႏွင့္ တရားသူႀကီး မွတ္ပံုတင္ပါသြားေၾကာင္း သတင္းရရွိသည္။
ကခ်င္ျပည္နယ္ တရားလႊတ္ေတာ္တရားသူႀကီး၊ မႏၲေလးတိုင္း တြဲဖက္တရားသူႀကီး ေဒၚၿပံဳးၿပံဳး ေအး၏ပိုက္ဆံအိတ္ ျမစ္ႀကီးနား ၿမိဳ႕ ဘူနားအနီးလမ္းဆံုတြင္ စက္ တင္ဘာ ၂၉ ရက္ နံနက္ ၁၀ နာရီ ခန္႔က လုယက္ခံရေၾကာင္း ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႕မွ ရဲအရာရွိ တစ္ဦးက ေျပာသည္။

ေဒၚၿပံဳးၿပံဳးေအးသည္ကားအနီးတြင္ ပိုက္ဆံအိတ္ကိုင္လ်က္လမ္းေလွ်ာက္ေနစဥ္ ဆိုင္ကယ္စီးလာသူ အမ်ိဳးသားက လုယက္ကာ ေမာင္းႏွင္ေျပးျခင္းျဖစ္ေၾကာင္း၎က ေျပာသည္။

 ‘‘အလုခံရတဲ့အခ်ိန္မွာလူ လယ္ေကာင္မွာ ေအာ္တယ္။ လူ ေတြကလည္း ႐ုန္း႐ုန္းနဲ႔ဆုိေတာ့ မမိလိုက္ၾကဘူး။ ေနာက္ေက်ာ ေပးေမာင္းေျပးတာဆုိေတာ့ လူ လည္း မမွတ္မိလိုက္ဘူးေျပာ တယ္။ ကြၽန္ေတာ္တုိ႔ အပူတျပင္း လိုက္စံုစမ္းေနပါတယ္’’ဟု ရဲတပ္ ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ပိုက္ဆံအိတ္ထဲတြင္ စိန္ဘ ယက္တစ္ကံုး၊ စိန္လက္စြပ္သံုး ကြင္းႏွင့္ တရားသူႀကီး မွတ္ပံုတင္၊ က်ပ္တစ္သိန္းႏွင့္ ဖုန္းတုိ႔ပါသြားၿပီး ရဲစခန္းတြင္ တရားသူႀကီး ကိုယ္တိုင္ အမႈဖြင့္ခဲ့ေၾကာင္း သတင္းရရွိသည္။

လုယက္ခံရသည့္ ပစၥည္း မ်ား၏ တန္ဖိုးစုစုေပါင္းသည္ က်ပ္ ၄၆ သိန္းခန္႔ရွိေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

အဆုိပါအမႈကို လုယက္မႈ ဥပေဒပုဒ္မ ၃၈၂ ျဖင့္ ရဲတပ္ဖြဲ႕က အမႈဖြင့္စစ္ေဆးေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
ကချင်ပြည်နယ် တရား လွှတ်တော်တရားသူကြီး ကိုင် ဆောင်ထားသော ပိုက်ဆံအိတ် မြစ်ကြီးနားမြို့ မြို့လယ်ကောင် တွင် နေ့ခင်းကြောင်တောင် လု ယက်ခံရကာ စိန်ထည်လက်ဝတ် ရတနာအချို့နှင့် တရားသူကြီး မှတ်ပုံတင်ပါသွားကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီး၊ မန္တလေးတိုင်း တွဲဖက်တရားသူကြီး ဒေါ်ပြုံးပြုံး အေး၏ပိုက်ဆံအိတ် မြစ်ကြီးနား မြို့ ဘူနားအနီးလမ်းဆုံတွင် စက် တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီ ခန့်က လုယက်ခံရကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ဒေါ်ပြုံးပြုံးအေးသည်ကားအနီးတွင် ပိုက်ဆံအိတ်ကိုင်လျက်လမ်းလျှောက်နေစဉ် ဆိုင်ကယ်စီးလာသူ အမျိုးသားက လုယက်ကာ မောင်းနှင်ပြေးခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

 ‘‘အလုခံရတဲ့အချိန်မှာလူ လယ်ကောင်မှာ အော်တယ်။ လူ တွေကလည်း ရုန်းရုန်းနဲ့ဆိုတော့ မမိလိုက်ကြဘူး။ နောက်ကျော ပေးမောင်းပြေးတာဆိုတော့ လူ လည်း မမှတ်မိလိုက်ဘူးပြော တယ်။ ကျွန်တော်တို့ အပူတပြင်း လိုက်စုံစမ်းနေပါတယ်’’ဟု ရဲတပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပိုက်ဆံအိတ်ထဲတွင် စိန်ဘ ယက်တစ်ကုံး၊ စိန်လက်စွပ်သုံး ကွင်းနှင့် တရားသူကြီး မှတ်ပုံတင်၊ ကျပ်တစ်သိန်းနှင့် ဖုန်းတို့ပါသွားပြီး ရဲစခန်းတွင် တရားသူကြီး ကိုယ်တိုင် အမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။

လုယက်ခံရသည့် ပစ္စည်း များ၏ တန်ဖိုးစုစုပေါင်းသည် ကျပ် ၄၆ သိန်းခန့်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

အဆိုပါအမှုကို လုယက်မှု ဥပဒေပုဒ်မ ၃၈၂ ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top