Property Expo
×

ေန႔စဥ္ပံုမွန္ေရခ်ဳိးပါလ်က္နဲ႔ ကိုယ္နံ႔ဆိုးဆိုးႀကီးေတြ ဘယ္လိုမ်ားထြက္ လာတာလဲလို႔ ေတြးေကာင္းေတြးမိၾကမွာျဖစ္ၿပီး ဘယ္ေလာက္ပဲေဆး ေၾကာ၊ ေၾကးခြၽတ္ၿပီး ေရခ်ဳိးပါေစ ကိုယ္နံ႔မေပ်ာက္ေစတဲ့အေၾကာင္ရင္း ေတြရွိတာမို႔ ဘာေတြမ်ားလဲဆိုတာ ေလ့လာၾကည့္ရေအာင္ပါ။

ကစီဓာတ္နည္းျခင္း - ကိုယ္အေလးခ်ိန္ေလ်ာ့က်ဖို႔အတြက္ ကစီ ဓာတ္ကို ေလွ်ာ့ခ်တာဟာ ေကာင္းတဲ့လုပ္ေဆာင္မႈလို႔ ဆိုေပမယ့္ ကစီဓာတ္နည္းတာကလည္း ကိုယ္နံ႔ဆိုးထြက္ေစတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္တယ္လို႔ ဆိုပါတယ္။ အသားဓာတ္ေတြအမ်ားႀကီးစားၿပီး ကစီဓာတ္ပါတာေတြ မစားတဲ့အခါ ကိုယ္နံ႔ဆိုးထြက္တဲ့အျပင္ ဆီးပါအနံ႔ျပင္းျပင္းေတြျဖစ္ေစပါတယ္။

စိတ္ဖိစီးျခင္း - ေခြၽးအမ်ဳိးအစားေပါင္းမ်ားစြာရွိတဲ့အနက္ အဆိုးရြားဆံုးအနံ႔ထြက္ေစတာကေတာ့ စိတ္ဖိစီးတဲ့အခါထြက္တဲ့ေခြၽးလို႔ ဆိုပါတယ္။

အသားစားမ်ားျခင္း - အနီေရာင္ အသားေတြဟာ အစာေၾကညက္ မလြယ္လို႔ ခႏၶာ ကိုယ္ရဲ႕ စြမ္းအင္ေတြပိုသံုးၿပီး ေခ်ဖ်က္တဲ့အခါ ေခြၽးေတြပိုထြက္လာတဲ့အျပင္ အစာေၾကေႏွးကာ ေလလည္ျခင္း၊ ေခြၽးထြက္ျခင္းကေန အနံ႔ဆိုးေတြ ထုတ္လႊတ္ပါတယ္။

ေကာ္ဖီႏွင့္ အရက္ေသာက္မ်ားျခင္း - ကိုယ္နံ႔ဆိုးထြက္ရတဲ့အေၾကာင္း ရင္းေတြထဲမွာ ေကာ္ဖီနဲ႔ အရက္ေတြကို ပမာဏအမ်ားႀကီး ေသာက္တာေၾကာင့္ လည္း ပါတယ္လို႔ ဆိုပါတယ္။

ဆာလဖာျဒပ္ေပါင္းပါဟင္းသီးဟင္းရြက္စားျခင္း - ပန္းေဂၚဖီစိမ္းပန္းေဂၚဖီ၊ ေဂၚဖီစတဲ့ ဆာလဖာ ျဒပ္ေပါင္းပါ၀င္တဲ့ ဟင္းသီးဟင္း ရြက္ေတြစားတဲ့အခါမွာ အနံ႔ျပင္းျပင္းထြက္ေစတတ္ပါတယ္။

ဆီးခ်ဳိေရာဂါရွိျခင္း - ဆီးခ်ဳိေရာဂါရွိလ်က္နဲ႔ မကုသဘဲေနတဲ့သူေတြဟာ ကိုယ္နံ႔ျပင္းျပင္းထြက္ေလ့ရွိတယ္လို႔ ဆိုပါတယ္။

၀မ္းခ်ဳပ္ျခင္း - ၀မ္းခ်ဳပ္တာကလည္း ကိုယ္နံ႔ဆိုးထြက္ေစတဲ့အတြက္ အစာေကာင္းေကာင္းေခ်ဖ်က္ၿပီး ၀မ္းမွန္ေစဖို႔အတြက္ အမွ်င္ဓာတ္ႂကြယ္၀တဲ့ အစားအစာေတြမ်ားမ်ားစားတာမ်ဳိးလုပ္ေပးသင့္ပါတယ္။

သန္႔စင္ထားေသာ သၾကားအစားမ်ားျခင္း - သန္႔စင္ထားတဲ့ သၾကားေတြအစားမ်ားရင္လည္း ေခြၽးထြက္တဲ့အခါမွာ ခ်ဳိင္းၾကားက ဗက္တီးရီးယားနဲ႔ ထိေတြ႕ၿပီး ကိုယ္နံ႔ဆိုးေတြထြက္ေစတယ္လို႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

နေ့စဉ်ပုံမှန်ရေချိုးပါလျက်နဲ့ ကိုယ်နံ့ဆိုးဆိုးကြီးတွေ ဘယ်လိုများထွက် လာတာလဲလို့ တွေးကောင်းတွေးမိကြမှာဖြစ်ပြီး ဘယ်လောက်ပဲဆေး ကြော၊ ကြေးချွတ်ပြီး ရေချိုးပါစေ ကိုယ်နံ့မပျောက်စေတဲ့အကြောင်ရင်း တွေရှိတာမို့ ဘာတွေများလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

ကစီဓာတ်နည်းခြင်း - ကိုယ်အလေးချိန်လျော့ကျဖို့အတွက် ကစီ ဓာတ်ကို လျှော့ချတာဟာ ကောင်းတဲ့လုပ်ဆောင်မှုလို့ ဆိုပေမယ့် ကစီဓာတ်နည်းတာကလည်း ကိုယ်နံ့ဆိုးထွက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ အသားဓာတ်တွေအများကြီးစားပြီး ကစီဓာတ်ပါတာတွေ မစားတဲ့အခါ ကိုယ်နံ့ဆိုးထွက်တဲ့အပြင် ဆီးပါအနံ့ပြင်းပြင်းတွေဖြစ်စေပါတယ်။

စိတ်ဖိစီးခြင်း - ချွေးအမျိုးအစားပေါင်းများစွာရှိတဲ့အနက် အဆိုးရွားဆုံးအနံ့ထွက်စေတာကတော့ စိတ်ဖိစီးတဲ့အခါထွက်တဲ့ချွေးလို့ ဆိုပါတယ်။

အသားစားများခြင်း - အနီရောင် အသားတွေဟာ အစာကြေညက် မလွယ်လို့ ခန္ဓာ ကိုယ်ရဲ့ စွမ်းအင်တွေပိုသုံးပြီး ချေဖျက်တဲ့အခါ ချွေးတွေပိုထွက်လာတဲ့အပြင် အစာကြေနှေးကာ လေလည်ခြင်း၊ ချွေးထွက်ခြင်းကနေ အနံ့ဆိုးတွေ ထုတ်လွှတ်ပါတယ်။

ကော်ဖီနှင့် အရက်သောက်များခြင်း - ကိုယ်နံ့ဆိုးထွက်ရတဲ့အကြောင်း ရင်းတွေထဲမှာ ကော်ဖီနဲ့ အရက်တွေကို ပမာဏအများကြီး သောက်တာကြောင့် လည်း ပါတယ်လို့ ဆိုပါတယ်။

ဆာလဖာဒြပ်ပေါင်းပါဟင်းသီးဟင်းရွက်စားခြင်း - ပန်းဂေါ်ဖီစိမ်းပန်းဂေါ်ဖီ၊ ဂေါ်ဖီစတဲ့ ဆာလဖာ ဒြပ်ပေါင်းပါဝင်တဲ့ ဟင်းသီးဟင်း ရွက်တွေစားတဲ့အခါမှာ အနံ့ပြင်းပြင်းထွက်စေတတ်ပါတယ်။

ဆီးချိုရောဂါရှိခြင်း - ဆီးချိုရောဂါရှိလျက်နဲ့ မကုသဘဲနေတဲ့သူတွေဟာ ကိုယ်နံ့ပြင်းပြင်းထွက်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဝမ်းချုပ်ခြင်း - ဝမ်းချုပ်တာကလည်း ကိုယ်နံ့ဆိုးထွက်စေတဲ့အတွက် အစာကောင်းကောင်းချေဖျက်ပြီး ဝမ်းမှန်စေဖို့အတွက် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေများများစားတာမျိုးလုပ်ပေးသင့်ပါတယ်။

သန့်စင်ထားသော သကြားအစားများခြင်း - သန့်စင်ထားတဲ့ သကြားတွေအစားများရင်လည်း ချွေးထွက်တဲ့အခါမှာ ချိုင်းကြားက ဗက်တီးရီးယားနဲ့ ထိတွေ့ပြီး ကိုယ်နံ့ဆိုးတွေထွက်စေတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top